ကွန်ဂိုနိုင်ငံ N"dolo လေဆိပ်၌ ပုပ်ဖရန်စစ် မစ္ဆားတရားဟောကြား

ကွန်ဂိုနိုင်ငံ N"dolo လေဆိပ်၌ ပုပ်ဖရန်စစ် မစ္ဆားတရားဟောကြား

ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ် သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ခရီးစဉ်၏ဒုတိယနေ့တွင် N'dolo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရှိ‌ရေးအတွက် မစ္ဆားတရားတော်မြတ်ကိုကျင်းပခဲ့ပါသည်။

အဆိုပါမစ္ဆားတရားတော်မြတ်အား ဇိုင်ရေသာသနာအတွက် ရောမမစ္ဆားကိုအသုံးပြုလျှက် ပြင်သစ်ဘာသာစကားနှင့် နိုင်ငံအနောက်မြောက်ပိုင်းမှ ဘန်တူမျိုးနွယ်ဘာသာစကားဖြစ်သော လင်ဂါလာစကားတို့ဖြင့် ဟောကြားခဲ့ပါသည်။

အရှင်သူမြတ်၏တရားဒေသနာဟောကြားပြီးနောက် အထွေထွေဆုတောင်းချက်များအား ပြင်သစ်အပြင် ရှီစူဘာ၊ လွမ်ဂါလာ ဆွာဟီလီနှင့် ကီကွန်ဂို ဘာသာစကား လေးမျိုးဖြင့်လည်း ဖတ်ကြားခဲ့သည်။

မစ္ဆားဝတ်ပြုခြင်းအဆုံး၌ ကင်ရှာဆာဂိုဏ်းချုပ်သာသနာနယ်၏ဆရာတော် ကာဒီနယ်ဖရီဒိုလင် အန်ဘွန်ဂို ဘေစွန်ဂူက ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်အား နှုတ်ဆက်ခဲ့ပါသည်။

အာဗီအေဘာသာပြန်- ဗင်းဆင့်စိုးမြင့်
https://bit.ly/40xRIDd

Add new comment

12 + 0 =