ကျွန်ဘဝမှ ကက်သလစ်ရဟန်းဖြစ်လာသူ သြဂူးစ်တူစ် တော်တွန် ရဟန္တာ အဖြစ်တင်မြှောက်ရန် ပထမအဆင့်ရွေးချယ်ခံရ

သူတော်မြတ် သြဂူးစ်တူစ် တော်တွန်

ကျွန်ဘဝမှ ကက်သလစ်ရဟန်းဖြစ်လာသူ သြဂူးစ်တူစ် တော်တွန် ရဟန္တာ အဖြစ်တင်မြှောက်ရန် ပထမအဆင့်ရွေးချယ်ခံရ
ဇွန်လ ၁၂၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ရဟန္တာ အဖြစ်တင်မြှောက်ပေးရန် စီစစ်ရွေးချယ်ပေးသော အဖွဲ့အစည်းမှ တင်ပြလာသည့် ရဲရင့်သော သူတော်ကောင်းတရားများနှင့်ပြည့်ဝသူ သူတော်မြတ် ၈ ဦးတွင် ကျွန်ဘဝမှ ကက်သလစ်ရဟန်းဖြစ်လာသူ သြဂူးစ်တူစ် တော်တွန် သည် တစ်ဦးအပါအဝင်ဖြစ်ပါသည်၊ သူ့ကို ၁၈၈၆ ခုနှစ်တွင် ရဟန်းသိက္ခာတင်မြှောက်ခဲ့ပြီး အမေရိကန် နိုင်ငံတွင် ပထမဦးဆုံး လူမည်း ဘုန်းတော်ကြီးဖြစ်ပါသည်။

၁၈၅၄ ခုနှစ် အမေရိကန်နိုင်ငံ မစ်ဇူရီ ပြည်နယ်တွင် သြဂူးစ်တူစ် တော်တွန် ကို လူမည်း ကျွန်မိသားစုတစ်စုမှ မွေးဖွားခဲ့ပါသည်၊ ရဟန်းတို့တပ်​အပ်သည် ဓမ္မသဂြိုင်္လ်​ပညာကို ရောမမြို့တွင် သင်ကြားတက်​မြောက်ခဲ့ပြီး သူ၏ အသက် ၃၁ နှစ်၊ ၁၈၈၆ ခု နှစ်တွင် စိန့်ဂျွန်း လက်တရင် ကျောင်းတော်ကြီးတွင် ရဟန်းသိက္ခာခံယူခဲ့ပြီး မကြာမှီ အမေရိကန်​သို့ ပြန်သွားပြီး လူမည်းအများစုနေထိုင်သည့် ချီကာဂိုရှိ လူမည်းများကို ကြည့်ရှု့ အစေခံရန် တာဝန်ပေးခြင်းခံခဲ့ရပါသည်။

သူ၏ တရားဟောကောင်းမွန်မှူ့၊ ဂီတပညာ အဆိုအတီးကောင်းမွန်မှူ့၊ အထူးသဖြင့် ကော်ဒီယာန်တီးခြင်း နှင့် အသံအလွန်ကောင်းမွန်မှူ့ တို့ကြောင့် Good Father Gus ဟု နာမည်တပ် ခေါ်ခဲ့ကြပါသည်၊ အပြောအဆိုကြွမ်းကျင်သူ၊ စကားပြော ကျေးဇူးတော်ရရှိသူအဖြစ် ခေတ်ပြိုင်​ပြည်တွင်းသတင်းစာတစ်ခုမှလည်း သတင်းများရေး၍ သူ့ကို ချီးကျူးဖော်ပြခဲ့ပါသည်။

၁၈၉၇ ခုနှစ် ချီကာဂိုဒေသတွင် မကြုံဖူး လောက်အောင် ပြင်းထန်သည့် အပူလှိုင်းဖြတ်ခြင်း နှင့်ကြုံတွေ့ရပြီး ဘုန်းတော်ကြီးသြဂူးစ်တူစ် တော်တွန် သည် ၁၈၉၇ ခုနှစ် ဇူလိုင်လ ၈ ရက် နေ့က ဘာသာသူများအားကြည့်ရူ့စောင့်ရှောက်မှူ့ပေးရန် သွားနေစဉ် လမ်းတွင် အပူလျှပ်ခြင်းဒဏ်ကြောင့်​လဲ့ကျသေဆုံးခဲ့ပါသည်။ သူသေဆုံးချိန်တွင် သူ၏ အသက်မှာ ၄၃ နှစ်သာရှိသေးပါသည်။

သူ၏ ထူးခြားသော ကျေးဇူးတော်များ ရဲရင့်သော သူတော်ကောင်းတရားများကို အခြေခံပြီး ချီကာဂို ဂိုဏ်ချုပ်သာသနာမှ ရဟန္တာ အဖြစ်တင်မြှောက် ပေးရန် ၂၀၁၀ ခုနှစ်က တင်ပြလာခဲ့ပါသည်။ ရဟန္တာ အဖြစ်တင်မြှောက်ပေးရန် စီစစ်ရွေးချယ်ပေးသော အဖွဲ့အစည်း၏ စုံစမ်းစစ်ဆေးမှူ့များ ၊ တန်ံခိုးလက္ခဏာများကို အခြေခံပြီး ရဟန္တာ အဖြစ်ရွေးချယ်တင်မြှောက်ရန် လမ်းကြာင်းပေါ်သို့ ၂၀၁၉ဇွန်လ ၁၂ ရက် နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အတည်ပြုပေးခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2019-06/from-slave-to-priest-pope-recognizes-heroic-virtue-of-tolton.html

#vatican, #sainthood, #chicago, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 1 =