ကြွေလွင့်သွားသော အာဇာနည်‌များ အတွက် ရွာတော်ကက်သလစ် ဘာသာဝင်များစုပေါင်း ပုတိးစိပ်ဆုတောင်း

ကြွေလွင့်သွားသော အာဇာနည်‌များ အတွက် ရွာတော်ကက်သလစ် ဘာသာဝင်များစုပေါင်း ပုတိးစိပ်ဆုတောင်း

ကြွေလွင့်သွားသော အာဇာနည်‌များ အတွက် ရွာတော်ကက်သလစ် ဘာသာဝင်များစုပေါင်း ပုတိးစိပ်ဆုတောင်း

နွေဉီးတော်လှန်ရေးမှာ ကျဆုံးသွားကျတဲ့ အာဇာနည်အားလုံးအတွက် စစ် ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာတော်စံပြကျေးရွာမှ ကက်သလစ်ဘာသာဝင်များဟာ မတ်လ ၇ ရက်နေ့ ညနေ ၇း၃၀ နာရီ မှာ အထူးစိတ်ပုတီးစိတ်ဆုတောင်းခြင်းကို ပြုလုပ်ခဲ့ရာ ဘာသာဝင် ၂၅၀ ကျော်ပါဝင်ဆုတောင်းခဲ့ကြပါတယ်။

ဒီအစီအစဉ်လေး ပြုလုပ်ဖြစ်တဲ့ အကြောင်းအရင်းလေးကို မေးမြန်းခဲ့ရာမှာတော့ “နိင်ငံသား တစ် ယောက်အနေနဲ့ တရားမျှတမှုအတွက် မိမိတို့ရဲ့ဆန္ဒကို ဖော်ထုတ်ခဲ့ကြပြီးပါပြီ။ အခုလို ခွာစစ် အချိန်မှာ ကက်သလစ်ခရစ်ယာန်တစ်ယောက်အနေနဲ့ ဆုတောင်းခြင်းလက်နက် နဲ့ပဲ အနိင်ယူဖို့ အသင့် တော် ဆုံး လို့ ယူဆတဲ့အတွက်ကြောင့်ကျွုန်ုပ်ရဲ့ဘာသာဝင်များနဲ့အတူ ဒီဆုတောင်းပွဲကို ပြုလုပ်ဖြစ်တာပါ” လို့ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် အလွိုက်ရှက်စ် နေမျိုးဆွေ က ပြောကြားခဲ့ပါတယ်။

ဒီနေ့တော့ စိတ်ပုတီးစိပ်ဆုတောင်းခြင်းကို တရွာလုံး အတိုင်းအတာ ပါဝင်နိုင်ဘို့စီစဉ်ခဲ့ကြောင်း နောက် ရက်တွေမှာတော့ ရပ်ကွက် အလိုက် ( ၆ ရပ်ကွက်) အ လှည့်ကျ ဆု တောင်းမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရွာတော်စံပြကျေးရွာဟာဆိုရင် ဘာသာဝင် အိမ်ခြေ (၃၈၀)ကျော် ရှိတဲ့ မန္တလေးကက်သလစ် ဂိုဏ်းချုပ် သာသနာမှ စီရင်စု ရွာကြီးတစ်ရွာလည်းဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: Ko Swegyi Nms

Add new comment

7 + 2 =