ကြွေလွင့်သွားသော အာဇာနည်များအတွက် အထူးဆုတောင်းခြင်း

ကြွေလွင့်သွားသော အာဇာနည်များအတွက် အထူးဆုတောင်းခြင်း

ကြွေလွင့်သွားသော အာဇာနည်များအတွက် အထူးဆုတောင်းခြင်း

(၂၆.၃.၂၀၂၁)

ကလေးမြို့ ရှိ ဒွန်ဘောစကိုကျောင်းတွင် ယခု မတ်လအတွင်း နေ့စဉ် တစ်နာရီ ဝတ်ပြုကိုးကွယ်မှု ပြု လုပ်ခြင်းအားဖြင့် ကြေလွင့်သွားသော အာဇာနည်များအတွက် အထူးဆုတောင်းခြင်းကို ပြုလုပ်ပေး လျှက်ရှိတယ် လို့သိရပါသည်။

ဆုတောင်းခြင်း အစီအစဉ်မှာ  “ နေ့စဉ် ညနေခြောက်နာရီခွဲ တိုင်း တစ်နာရီဝတ်ပြုကိုးကွယ်ခြင်းရှိပြီး အဖွဲ့ခွဲကာ ပုံစံအမျိုးမျိုးဖြင့် ဦးဆောင်စေ၍ အာဇာနည်များအတွက် အထူးဆုတောင်းပေးတယ်။ ကျဆုံးသွားတဲ့  လူဦးရေအတိုင်း နာမည်ရေးကာ ရွတ်ဖတ်ပြီး လူဦးအရေအတိုင်း ဖယောင်းတိုင်းထွန်းတယ် ။ နောက်တစ်ရက်မှာ တော့ သစ်ပင်မှာ သူတို့ရဲ့ နာမည်တွေကို သွားကပ်ပြီး ဆုတောင်းပေးတယ် ။ နောက်တစ်ရက်မှာ စာရွက်မှာ သူတို့ရဲ့ နာမည်ရေးပြီး မီးရှို့ပူဇော် ဆုတောင်းပေးတယ် “ ဟု  ဒွန်ဘောစကိုကျောင်းမှ မှ ဘုန်းတော်ကြီးက ပြောပြပါသည်။   

အထူးဆုတောင်းရခြင်းရည်ရွယ်ချက်ဟာ   “ အမိမြန်မာနိုင်ငံတော် အမြန်ဆုံး ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေး များ အမြန်ဆုံး ဖော်ဆောင်နိုင်ရေးနှင့် အသက်ပေးသွားကြသော အာဇာနည် အယောက်စီတိုင်း ဘုရားရှင်ရဲ့  ကရု ဏာမေတ္တာဖြင့် ကောင်းကင် ရွှေပြည်တော်မှာ စံစားနိုင်ဖို့ရန်အတွက် ရည်ရွယ်ပြီး ဆုတောင်ပေးခြင်း ဖြစ်တယ် “ လို့  ဒွန်ဘောစကိုကျောင်းမှ ဘုန်းတော်ကြီး  က ပြောပြပါသည်။ 

မြန်မာပြည်တွင် ပြည်သူအများ အကြမ်းဖက် သတ်ဖြတ်ခံနေရသည့်အပေါ် ရဟန်းတစ်ပါးအနေနှင့် မည်ကဲ့သို့ ခံစားရသည်ကို မေးကြည့်ရာ ဘုန်းတော်ကြီးက “ ပြည်သူလူထု တော်တော်များများ သေကြေနေတဲ့အခါ ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ မဆိုထားနဲ့ လူသားတစ်ယောက်အနေနဲ့စဉ်းစားကြည့်ရင်တောင်မှ အင်မတန်မှ နာကြင်ရပါတယ်။ ဘယ်လိုမှ ပြောပြလို့ မရလောက်အောင် ခံစားရပါတယ် ။ အပြစ်မဲ့တဲ့ လူတွေက သေကြေ ရတယ်ဆိုတာ အင်တာမတန်မှ ဝမ်းနည်းပြီး အသက်ကို ချွေတဲ့သူများကို ကျနော်တို့ ပြစ်တင်ရှုံချပါတယ် “ ဟု ပြောပြခဲ့ပါသည်။

ဆက်လက်ပြီး ဘုန်းတော်ကြီးက “ နောက်တစ်ချက်အနေနဲ့ လူငယ်တွေကို ကျနော် အရမ်းလေးစားမိတယ် ။ ကျနော်အမြဲတမ်းပြောတယ် ။ သူတို့တွေဟာ ကျနော်တို့အတွက် ဗိုလ်ချုပ်အောင်ဆန်းလေးတွေဖြစ်တယ် ။ သူတို့ သေမှာသိရက်နဲ့ ၊ အန္တရာယ်ရှိတယ်ဆိုတာ သိရက်သားနဲ့၊ မိဘရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ တစ်ခါတလေကျရင် မိဘတွေ တားတဲ့ကြားထဲက၊ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်တဲ့ကြားထဲကပဲ သူတို့ရဲ့ ခံယူချက်နဲ့ ၊ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ၊ ဒီတိုက်ပွဲကို သူတို့တိုက်မှ ဖြစ်မယ်ဆိုပြီးတော့အားလုံးအတွက် အသက်ပေးရဲတဲ့ သူရဲကောင်းတွေဖြစ် တယ်ဆို တာ ငြင်းလို့မရပါဘူး။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ဆို ဒီသူရဲကောင်းလေး တွေကို ဒီဟာကြီး ပြီးသွားရင် ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်လို့ ကျနော်ခံယူပါတယ်” ဟု ကလေးမြို့ရှိ ဒွန်ဘောစကိုကျောင်းမှ ဆလေးရှင်း ဘုန်းတော်ကြီးက ပြောပြခဲ့ပါသည်။

မြန်မာပြည်တွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်လျှက်ရှိရာ ကက်သလစ် ခရစ်ယာန် ဘာသာရေးအသိုင်းအဝိုင်းမှ ဘာသာရေးခေါင်းဆောင်များမှလည်း  မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီ စနစ် ပြန်လည်ရရှိရေးအတွက်  နေ့စဉ် ပူဇော်သော မစ္ဆားတရားများတွင် အထူးဆုတောင်း ပေးခြင်း များအားဖြင့် လုပ်ဆောင်ပေးလျှက်ရှိနေကြတာကို တွေ့ရှိရပါသည်။

အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခက်မှုကြောင့်   မတ်လ (၂၅) ရက်နေ့ အထိ သေဆုံးသူပေါင်း (၃၂၀) ဦးထိရှိလာ ခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန် ထား ချက်ရ သိရပါသည်။

News by – Pinky (RVA)

#RVAMYANMAR #rvapastoralcare #SaveMyanmar #Prayer #WeNeedDemocracy #KalayDonBosco #SalesianFamily #PrayForMyanmar

Add new comment

3 + 1 =