ကျောင်းသူ၊ ကျောင်းသားများအတွက်အရေးပေါ်လိုအပ်သောအကူအညီတောင်းခံခြင်း၌ အမေရိကန်ဆရာတော်ကြီးများ ပူး ပေါင်းပါ၀င်

အမေရိကန်ဆရာတော်ကြီးများကျောင်းသူ၊ ကျောင်းသားများအတွက်အရေးပေါ်လိုအပ်သောအကူအညီတောင်းခံခြင်း၌ပူး ပေါင်းပါ၀င်

ကျောင်းသူ၊ ကျောင်းသားများအတွက်အရေးပေါ်လိုအပ်သောအကူအညီတောင်းခံခြင်း၌ အမေရိကန်ဆရာတော်ကြီးများ ပူး ပေါင်းပါ၀င်

အမေရိကန်ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့သည် ပြီးခဲ့သည့်သောကြာနေ့ကကြေငြာချက်တစ်ရပ်ကိုထုတ် ပြန်ခဲ့သည်။ ထိုကြေငြာချက်ကားအမေရိကန်ကက်သလစ်ဆရာတော်ကြီးများဆိုင်ရာပညာရေးတာ၀န်ခံဆရာတော် Barber ကသက်၀င်ယုံကြည်မှုမတူသော ဘာသာရေးခေါင်းဆောင် (၁၅၀) ကျော်ပါ၀င်သည့်အဖွဲ့နှင့်အတူအမေရိကန် လွှတ်တော်သို့ကြာသပတေးနေ့ကတောင်းခံလွှာတင်ခဲ့ကြောင်း၊ ထိုတောင်းခံလွှာမှာ၀င်ငွေနည်းပါးပြီး၊ အစိုးရပိုင်မဟုတ်‌ သောကျောင်းများ၌ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ၏ အရေးတကြီးလိုအပ်နေသောအကူအညီကို ပံ့ပိုးပေးရန်ဖြစ်သည်။

အမေရိကန်ရှိကက်သလစ်ကျောင်းများသည် အပတ်စဉ်သာသနာအုပ်စုများမှကောက်ခံရရှိသော အလှူများ အပေါ်လုံး၀တည်မှီနေရသည်ဖြစ်ရာ ယခုအခါစီးပွားရေးအကြပ်အတည်းများကြောင့်အလှူငွေများစွာလျော့ နည်းကျ ဆင်းနေပါသည်။ ထိုအခြေအနေသို့မဆိုက်ရောက်သေးမီကပင် ကျောင်းပေါင်း (၁၀၀) ကိုမကြာမီကပိတ်လိုက်ရကြောင်း၊ ထို့အ တူကျောင်းပေါင်း (၁၀၀) သည်လည်းမသေချာသောအနာဂါတ်ကိုရင်ဆိုင်နေရကြောင်း၊ အစိုးရ ၏အကူအညီသည် ကက်သလစ်ကျောင်းများ၏ပညာရေးစနစ်ကိုဆက်လက်အသက်ဆက်နိုင်ရာအကြောင်းဖြစ်ကြောင်း၊ ကက်သ လစ် ကျောင်း၏ပညာရေးသည်အမေရိကန်နိုင်ငံတွက်အခရာကျ သည်ကိုတွေ့ကြုံခဲ့ရပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ကူညီပေးခြင်း သည်လည်းချွတ်ခြုံကျနေသောသူများအားပြန်လည်ဦးမော့လာနိုင်ရန်ဖြစ်ကြောင်း၊ ပညာရေးခရီးလမ်းသည်စီးပွားရေး အကြပ်အတည်းကြောင့်မိသားစုများစွာကိုအလွန်အန္တရာယ်ကြီးမာစေကြောင်း၊ အဘယ်ကြောင့်ဆိုသော်မိသားစုများ သည်အလုပ် လက်မဲ့ဖြစ်သွားရခြင်း၊ ထို့ကြောင့်ကျောင်းသူကျောင်းသားများသည်ပညာသင်စရိတ်အပိုဆောင်းကိုမတတ် နိုင်ကြောင်း၊ အမေရိကန်နိုင်ငံရှိကက်သလစ်ကျောင်း (၆၁၈၃) ကျောင်းတွင်စာရင်းပေးလာသူ (၁၇၃၇၂၉၇) ဦးသာရှိ ကြောင်းကြေငြာချက်တွင်ဖော်ပြထားသည်။

လွှတ်တော်သို့ပေးပို့သောစာထဲတွင် ‘ကျောင်းသူကျောင်းသားများနှင့်မိသားစုတို့သည် ကိုဗစ် (၁၉) ကပ်ဆိုးကြီး ကြောင့်အလွန်ခက်ခဲသောအကြပ်အတည်းနှင့်ကြုံနေရကြောင်း၊ ဤအခြေအနေသည်အစိုးရကျောင်းနှင့်ပုဂ္ဂလိက ကျောင်းတက်ရောက်နေသော ကျောင်းသူကျောင်းသားတိုင်းကြုံနေရသောအဖြစ်မှန်ဖြစ်ကြောင်း၊ မိဘတိုင်းသည်မိမိတို့ သားသမီးအတွက်အကောင်းဆုံးပညာရေးကိုသာရှာဖွေသင်ကြားစေလိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့်အကြပ်အတည်းကြုံ နေသောမိသားစုများ၊ အထူးသဖြင့်ကိုဗစ် (၁၉) ကြောင့်အခက်အခဲကြုံနေသောမိသားစုများအားပံ့ပိုးပေးသင့်ကြောင်း တင်ပြထားသည်။ ထို့အတူနိဂုံးပိုင်း၌အ စိုးရ၏ငွေကြေးအကူအညီမယူဘဲရပ်တည်နေသောပုဂ္ဂလိကကျောင်းများလည်းအကြပ်အတည်းနှင့်ကြုံနေရပြီး၊ ဤအကြပ်အတည်းသည်အစိုးရနှင့်ပုဂ္ဂလိကကျောင်းနှစ်မျိုးနှစ်စားလုံးအတွက်ပညာရေး ကိုခြိမ်းခြောက်မှုဖြစ်ကြောင်းလက် မှတ်ရေးထိုးခဲ့ကြသောသူများကမှတ်ချက်ပေးပါသည်။

အဘယ်ကြောင့်ဆိုသော်ကိုယ် ပိုင်ကျောင်းများမှကျောင်းသားကျောင်းသူများသည် ငွေကြေးအ ခက်အခဲကြောင့်အစိုးရကျောင်းများသို့ပြောင်းတက်လာ ကြမည်ဆိုပါကမြို့နယ်၊ ပြည်နယ်များရှိကျောင်းများသည်ငွေကြေးအခက်အခဲကြီးကိုကြုံရမည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားကျောင်းသူများအလွန်တိုးလာသောကြောင့် နေရာစီစဉ်ပေးရန်ခက်ခဲလာပေဦးမည်။

ယခုတောင်းဆိုမူမှာ နှစ်စဉ်တောင်းဆိုမှုမဟုတ်ဘဲ အခြေအနေကြောင့်အမှန်တကယ်အကြပ်အတည်းကြုံနေရ ၍အရေးတကြီးတောင်းဆိုခြင်းသာဖြစ်သည်။ အထူးသဖြင့်မိသားစု၀င်ငွေအလယ်အလတ်နှင့်၀င်ငွေအလွန်နိမ့်သောမိသားစုမှကျောင်းသူကျောင်းသားများအတွက်တောင်းခံခြင်းဖြစ်ကြောင်း၊ ကျောင်းပညာသင်စရိတ်ထောက်ပံ့နေသောသူ များအတွက်စာနာသောကြောင့်ဖြစ်ကြောင်း၊ လွှတ် တော်အနေဖြင့်ကူညီမည်ဟုလည်းမျှော်လင့်နေကြောင်း၊ သို့မှသာ အ တူကွရုန်းကန်၍ကျောင်းသူကျောင်း သားများအားလုံးအတွက်ပညာရေးအခွင့်အလန်းကို ‘ထိန်းသိမ်း၊ အား ဖြည့်တင်းပေး ကြပါစို့’ ဟုအဆုံး သတ်ထားပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2NzFRjw

Add new comment

1 + 3 =