ကျောင်းနေအရွယ်တွင် ကျောင်းနေခွင့်မရသည့် ကလေးလုပ်သားများအား အစာအာဟာရနှင့် ရောဂါကာကွယ်ရေးပစ္စည်းများပံ့ပိုးကူညီပေးခြင်း ။

ကျောင်းနေအရွယ်တွင် ကျောင်းနေခွင့်မရသည့် ကလေးလုပ်သားများအား အစာအာဟာရနှင့် ရောဂါကာကွယ်ရေးပစ္စည်းများပံ့ပိုးကူညီပေးခြင်း ။

ကျောင်းနေအရွယ်တွင် ကျောင်းနေခွင့်မရသည့် ကလေးလုပ်သားများအား အစာအာဟာရနှင့် ရောဂါကာကွယ်ရေးပစ္စည်းများပံ့ပိုးကူညီပေးခြင်း ။
(၁၅.၇.၂၀၂၀)

( ၁၅.၇.၂၀၂၀) ရက်နေ့က မန္တလေးတိုင်းဒေသကြီး သံလျက်မော် (အရှေ့ ) ရပ်ကွက်ရှိ ‘’ အကြင်နာလက်များ ‘’ ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ် စောင့်ရှောက် ရေးအဖွဲ့မှ ဉီးစီးဖွင့်လှစ်ထားသော ကျောင်းပြင်ပ ပညာရေးစာသင်ကျောင်းတွင် တက်ရောက်လျှာက်ရှိကြသည့် ကလေးငယ် (၃၅) ဉီးအား Caritas Korea ၏ ပံ့ပိုးကူညီမှုဖြင့် မန္တလေးဂိုဏ်းချုပ်သာသနာရှိ KMSS-Mandalay မှ အကောင်အထည်ဖော်ဆောင်ရွက်သော ကလေးသူငယ် အစာအာဟာရနှင့် ရောဂါကာ ကွယ်ရေး ပစ္စည်းများအား ပံ့ပိုးကူညီပေးခဲ့ပါသည်။

ကလေး တစ်ဉီးလျှင် ဆန် (၇)ပြည် ၊ ဆီ (၅၀)သား ၊ ကုလားပဲ (၁ပိဿ )၊ဆား(၁ပိဿ) ၊ လက်ဆေးဆပ်ပြာရည် (50 ML) နှင့် အဝတ် Mask (3) ခု စသည်တို့ကို ထောက်ပံ့ပေးခဲ့ပါသည် ။

အဆိုပါ ကလေးငယ်များသည် အစိုးရကျောင်းတွင် ပညာသင်ကြားခြင်းမရှိဘဲ မိသားစု စားဝတ်နေရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြရသော ကျူးကျော်အိမ်များတွင် နေထိုင်ကြသော ကလေးများဖြစ်တယ်လို့သိရှိရပါသည်။

ထောက်ပံ့ရေး ပစ္စည်းများကို လာရောက်လက်ခံယူသော အသက်(၁၈) နှစ်အရွယ် ကိုးတန်းနှင့် ကျောင်းရပ်နားထားပြီး မိသားစုစားဝတ်နေရေးအတွက် ဈေးကူရောင်းပေးနေသော ကျောင်းသူတစ်ဉီးမှလည်း သူမ အနေဖြင့် ကိုးတန်းနှင့် ကျောင်းရပ်နားထားသော်လည်း ‘’ အကြင်နာ လက်များ ‘’ ကျောင်းပြင်ပ ပညာသင်ကြားရေး ကျောင်းတွင် လာရောက်တက်ရောက်ကြောင်း ၊ ယခုလို ကိုဗစ် ကပ်ရောဂါကာလတွင် စားစရာများ ပံ့ပိုးကူညီပေးသည့်အတွက် လွန်စွာပျော်ရွှင်ကြောင်း ၊ ကျေးဇူးတင်ကြောင်း ပြောပြခဲ့ပြီး သူမအနေဖြင့် ကျောင်းဆက်လက် တက်ရောက်ချင်ပြီး သူမ၏ရည်မှန်းချက်မှာ ကျောင်းဆရာမ တစ်ဉီးဖြစ်ချင်ကြောင်းပြောပြခဲ့ပါသည်။

အတန်းပညာကို ပထမတန်း ထိသာ တက်ရောက်ခဲ့ပြီး ဖခင်ဆုံးပါးသွား၍ ကျောင်းထွက်ခဲ့ရသော အသက်(၁၆) နှစ်အရွယ် ကျောင်းသားတစ်ဉီးမှလည်း ယခု လို လာရောက်လှူဒါန်းပေးသည့်အတွက် ဆရာမနှင့်တကွ လှူဒါန်းပေးတဲ့သူများအားလုံးကို ကျေးဇူးတင်ကြောင်း ၊ လွန်စွာဝမ်းသာကြောင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်များရပ်နားထားရ၍ ၎င်းတို့မိသားစုတွင် စားရေးသောက်ရေး အခက်အခဲကြုံနေရသည့်အတွက် ကျောင်းမှ ထောက်ပံ့ရေးပစ္စည်းပေးမည်ဟု ဆက်သွယ် လာသောအခါ ၎င်း၏ မိခင်နှင့် ၎င်းမှာ လွန်စွာပျော်ရွှင်ခဲ့ရကြောင်း ၊ ပထမတန်းတစ်တန်းသာ ကျောင်းတက်ခွင့်ရခဲ့၍ စာမရေးတက် မဖတ်တတ်ဖြစ်ခဲ့သော်လည်း ‘’ အကြင်နာလက်များ ‘’ ကျောင်းပြင်ပ ပညာသင်ကြားရေးကျောင်းတွင် စာသင်ကြားခွင့်ရခဲ့၍ စာ ရေး ၊ စာဖတ်တက်ပြီ ဟုလည်းပြောပြခဲ့ပါသည်။ ၎င်းသည် မြေတူး ၊ ကျောက်တူး ၊ ပရံ စတဲ့အလုပ်များကို လုပ်ကိုင်ပြီး မိခင်နှင့် ညီလေးကို ရှာကျွေးနေရကာ ၎င်း၏ ရည်မှန်းချက်မှာ စစ်သားတစ်ဉီးဖြစ်ချင် ကြောင်း ပြောပြခဲ့ပါသည်။

KMSS-Mandalay အနေဖြင့် ယခုလို လှူဒါန်းရခြင်းသည် လမ်းပေါ်နေကလေးများနှင့် ကျောင်းနေရမည့်အရွယ်တွင် ကျောင်းနေခွင့်မရရှိဘဲ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရသော ကလေးသူငယ်များအား အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သွားရောက်လှူဒါန်းခြင်းဖြစ်တယ်လို့ သိရှိရပါသည် ။ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အနေဖြင့် သံလျက်မော်အနောက်ရပ်ကွက်ရှိ ကျောင်းနေခွင့်မရသည့် ကလေးလုပ်သား (၃၅) ဉီးအား လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့ KMSS-MDY မှ ယခု Project တာဝန်ခံ မဌေးဌေးခိုင်၏ ပြောပြချက်အရသိရှိရပါသည်။

Photos News by - #Pinky
#RVAPastoralcare #KMSSMDY #Childworker #CaritasKorea #Mandalay #StreetChildren #Covid19

Add new comment

4 + 12 =