Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကျူးဘားနိုင်ငံ၌ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့်အတူပူးပေါင်းဆောင်ရွက်ရေးကိုလုပ်ဆောင်ရန် ရဟန်းမင်းကြီးတိုက်တွန်း
ကျူးဘားနိုင်ငံ၌ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့်အတူပူးပေါင်းဆောင်ရွက်ရေးကိုလုပ်ဆောင်ရန် ရဟန်းမင်းကြီးတိုက်တွန်း
ရဟန်းမင်းကြီးသည် အူမကြီးခွဲစိပ်ပြီးနောက် နှစ်ပတ်အကြာတွင် ဗာတီကန်ကျောင်းတော်မှ လူထုပရိသတ်ရှေ့သို့ ကျန်း မာစွာပြန်လည်ထွက်ပေါ်လာသည်။ ကျန်းမာသည်ဆိုသော်လည်း အနည်းငယ်ပြည့်ဖြိုးမူမရှိသေးပေ။ ထို့အတူ အသံသည်လည်း ခါတိုင်းထက်အနည်းငယ်တိုးညှင်းအားနည်းနေပါသည်။ စိန့်ပီတာရင်ပြင်သို့ရောက်ရှိနေသောဘုရားဖူးများအနက် ကျူးဘားမှဘုရား ဖူးများလည်းရောက်ရှိနေသည်။ ထို့ကြောင့် ကျူးဘား၌ဖြစ်ပျက်နေခဲ့သော မတည်ငြိမ်မူနှင့်အကြမ်းဖက်လုပ်ရပ်များအားလုံးကိုခြုံငုံ ၍ရဟန်းမင်းကြီးဖရန်စစ်က ‘ကျွန်ုပ်သည် ခက်ခဲစွာရုန်းကန်ရှင်သန်နေကြရသော ကျူးဘားပြည်သူတို့နှင့်နီးကပ်စွာရှိနေပါကြောင်း၊ အထူးသဖြင့် ထိုနိုင်ငံရေးမတည်မငြိမ်မူကြောင့် ပို၍ဆိုးရွားစွာထိခိုက်ခံစားနေရသောမိသားစုများနှင့်နီးကပ်စွာရှိနေပါကြောင်း၊ ဘု ရားသခင်သည် ကျူးဘားနိုင်ငံအား တရားမျှတပြီး၊ ညီအစ်ကိုရင်းစိတ်ဓာတ်ကို ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့်အတူတကွပူး ပေါင်းလုပ်ဆောင်ခြင်းဖြင့် တည်ဆောက်သွားနိုင်ခွင့်ကိုပေးသနားတော်မူပါရန်ဆုတောင်းပေးပါကြောင်းမိန့်ကြားခဲ့သည်။
ထို့နောက် အနောက်ဂျာမဏီ၊ ဘဲလ်ဂျီယံနှင့်နယ်သာလန်နိုင်ငံများသို့ ၀င်ရောက်မွှေနှောက်ခဲ့သော မုန်တိုင်းကြောင့် လူ ပေါင်း (၂၀၀) အသက်ဆုံးရှုံးခဲ့ရသည့်အဖြစ်အတွက် ၀မ်းနည်းဆုတောင်းပေးပါကြောင်း၊ ထိုမုန်တိုင်းအတွင်း အသက်ဆုံးရှုံးသွားခဲ့ ကြသော မိမိတို့ချစ်သူခင်သူများအတွက် ၀မ်းနည်းပူဆွေးနေသူများကိုလည်း ဘုရားသခင်နှစ်သိမ့်ပေးပါစေကြောင်း၊ အတိဒုက္ခ ရောက်နေသူများအားကူညီပေးနေကြသောပရဟိတ္တသမားများလည်း ဘုရားသခင်ခွန်အားကျေးဇူးပေးသနားတော်မူပါစေကြောင်း ဆုတောင်းပေးခဲ့သည်။
အနောက်နိုင်ငံများ၌ ယခုကာလသည်အားလပ်ရက်ကာလဖြစ်သည်။ ထို့ကြောင့်လည်း ရဟန်းမင်းကြီးက အနားယူရန်အ ရေးကြီးကြောင်း၊ အနားယူခြင်းသည် အလုပ်၏ထောင်ခြောက်ထဲ၌မဆင်းသက်မိစေရန် သတိဖြင့်ရုန်းထွက်နည်းဖြစ်ကြောင်း၊ ထိုသို့ အနားယူခြင်းအားဖြင့် အလုပ်ပြန်လည်ပတ်သောအခါ ထူးခြားသောအကျိုးများ၊ ခံစားချက်များကိုလည်း ရရှိစေကြောင်း၊ ဤအ ချက်သည် အလွန်အရေးကြီးကြောင်းလည်းရှင်းပြခဲ့သည်။
ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ကျွန်ုပ်တို့၏စွမ်းဆောင်နိုင်မူကိုသတိရှိကြပါစို့။ ကျွန်ုပ်တို့၏ အစီအစဉ်များထဲ၌နစ်မွန်းကျွံ ကျမနေစေရန်ရုန်းထွက်ရမည့်အသိရှိကြပါစို့။ ရှုပ်ထွေးပွေလီသောအလုပ်များ၊ အစီအစဉ်များကြားမှ အဘယ်သို့အနားယူရမည်ကို သင်ယူကြပါစို့။ လက်ကိုင်ဖုန်းများကိုလည်း ပိတ်ထားနိုင်အောင်ကြိုးစားပြီး၊ သဘာ၀ကိုလည်းအာရုံပြောင်းလဲပစ်ကြပါစို့။ ဘုရားသ ခင်နှင့်စကားစမြည်ပြော၍ ကုန်ခမ်းသွား ကာယ၊ စိတ္တ၊ ဉာဏ်ဏ၊ ၀ိညာဉ်အားအင်များကို ပြန်လည်ရှင်သန်လာစေကြပါစို့။
ရဟန်းမင်းကြီးသည်လည်း ဩဂုတ်လ (၄) ရက်နေ့အထိအနားယူမည်ဖြစ်ပါသည်။ အနားယူသည်ဆိုရာ၌ ကျန်းမာရေး ကြောင့်ဖြစ်ပြီး၊ မည်သည့်အစီအစဉ်များကိုလက်ခံလုပ်ဆောင်မည်မဟုတ်ပေ။ သို့သော်လုပ်စရာရှိသည်များကို အေးအေးလူလူဖြင့် သူသီတင်းသုံးရာကျောင်းတော်၌ရှိနေမည်ဖြစ်သည်။ စိန့်ပီတာရင်ပြင်၌ စုရုံးရောက်ရှိနေသော ဘုရားဖူးများအား မိန့်ကြားစရာရှိ သည်များကိုမိန့်ကြားနုတ်ဆက်အပြီး၊ သူ့အတွက်လည်းဆက်လက်ဆုတောင်းပေးရန် ဆုတောင်းခြင်းအလှူခံခဲ့သည်။
Add new comment