ကျိုင်းတုံသာသနာ ဆရာတော်ပလ္လင်တင်ပွဲ အကြိုနေ့ အောင်မြင်စွာကျင်းပ

ကျိုင်းတုံသာသနာ ဆရာတော်ပလ္လင်တင်ပွဲ အကြိုနေ့ အောင်မြင်စွာကျင်းပ

ကျိုင်းတုံကက်သလစ် သာသနာပိုင်ဆရာတော်အသစ် ဂျွန်စောယောဟန်၏ ပလ္လင်တင်ပွဲအခမ်းအနားအတွက် ကြွရောက်လာသော ကာဒီနယ်ကြီးနှင့်တကွ ဆရာတော်ကြီးများ၊ မွန်ဆီညော်များ၊ ရယန်း သီလရှင် ကိုရင်များသည် ဤယနေ့ ဒီဇင်ဘာ ၁၃ ရက် ပွဲ အကြိုနေ့လည်ပိုင်းမှာ မန်းရတနာပုံလေကြောင်း လိုင်းဖြင့် ရောက်ရှိလာကြရာ ၊ ဆရာတော်အသစ် ဂျွန်စောယောဟန်နှင့် တာ၀န်ရှိသူများ ဘာသာ၀င်များတို့က အာခါရိုးရာ ပန်းကုံးများ ဆက်ကပ်ပြီး လှိုက်လှဲပျူငှာနွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

ကျိုင်းတုံကက်သလစ် သာသနာအတွက် ဆရာတော်အသစ် တစ်ပါးရရှိခြင်းအား ၀မ်းမြောက်ပျော်ရွှင်ဂုဏ်ယူကြကာ အဘက်ဘက်မှ မလစ်ဟင်းစေရန် ကြိုးပမ်း ဆက်ကပ်ကြတဲ့ ရဟန်း၊ ကိုရင်၊ သီလရှင်များ၊ ကျိုင်းတုံသာသနာ မိခင် ဖခင် အသင်းများ၊ လူငယ်များ နှင့် ကော်မတီအသီးသီးမှ အချိန်ပေးကာ ကြိုးစား ဆက်ကပ်ကြတာကိုလဲ အားရဖွယ်တွေ့မြင်ရပါတယ်။

ရန်ကုန်မှကြွရောက်လာသော အထူးဧည့်သည်တော်များအတွက် မန်းရတနာပုံလေကြောင်းလိုင်းမှ ၂ ကြိမ်တိုင်ပြေးဆွဲပေးခဲ့သလို လေကြောင်းလိုင်းပိုင်ရှင် ဘာသာ၀င် မိသားစု ဖြစ်သည့် ဉီးရစ်ချက်၊ ဒေါ်နန်းပီးယာရီ တို့မှ လေဆိပ်အ၀င်အထွက် စည်းမျဉ်းများအရ ကြိုတင်ပြင်ဆင်မှုများနှင့် လေဆိပ် VIP ကြိုဆိုရေး ဧည့်ဆောင်မှာ စနစ်ကျစွာ စီစဉ် ကြိုဆိုခဲ့ပါတယ်။

ဘုရားကျောင်းအ၀င်တွင် တိုင်းရင်းသား ၀တ်စုံ များနှင့် ရှုမ၀ အာခါ ၀တ်စုံလေးများ ၀တ်ဆင်ထားသော လူငယ်များက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး ဘုရားကျောင်းတွင်းသို့ ဉီးဆောင်သွားခဲ့ကြတာပါ။

ဘုရားကျောင်းအတွင်း၌ ကြိုဆိုရေး အစီအစဉ်  ကို  ခဏတာပြုလုပ်ခဲ့ရာ ၊ ကျိုင်းတုံသာသနာ ရဟန်းတေည်များ၏ သံစုံညီ ကွာယာ သီချင်းများဖြင့် ဉီးဆောင်ုကိုဆိုခြင်းကို၎င်း၊ ဖာသာရ်စတီးဗင်း အားငွေ နှင့် သာသနာ့ တာ၀န်ခံ ဖာသာရ် ပီတာ အားနွေတို့မှ ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခဲ့ကြသလို ကာဒီနယ် ကြီးထံမှလည်း ရင်တွင်းဖြစ်စကား ကို ပြောကြားပေးဘို့ တောင်းခံခဲ့ရာမှာတော့ ၊ ကာဒီနယ်ကြီးက ရန်ကုန် သာသနာ မှ အမြတ်တနိုးဆွမ်းကြီးလောင်းလှူသကဲ့သို့ ဖြစ်ပြီး ဂုဏ်ယူမိပါကြောင်းနှင့် ရန်ကုန် နှင့် ကျိုင်းတုံ အမျိုးတော်သွားပြီဖြစ်ကြောင်း ရင်းနှီးစွာ မြွက်ကြားခဲ့ပါတယ်။ ဒီနောက် ဆရာတော်ကြီးများ၏ ကောင်းကြီးခံယူခြင်းနှင့် နေ့လည်စာ ကို ဘုမ်းပေးသုံးဆောင်ခဲ့ကြပါတယ်။

ကျိုင်းတုံသာသနာပိုင်ဆရာတော်အသစ် ဂျွန်စောယောဟန် သည် သာသနာအသစ်၏ တာဝန်ကို ထမ်းဆာင်ရန် အတွက် ကျိုင်းတုံသာသနာသို့ (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်၊ ညနေ (၄:၂၀) နာရီတွင် ကျိုင်းတုံသို့ အပြီးတိုင်ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Add new comment

6 + 3 =