ကျိုင်းတုံသာသနာဆရာတော်အဖြစ်ခန့်အပ်ခံရသည့်ဆရာတော်ဂျွန်စော‌ယောဟန် ရန်ကုန်စိန့်မေရီဘုရားကျောင်း၌ ကျေးဇူးတင်မစ္ဆားတရားပြုလုပ်

ကျိုင်းတုံသာသနာဆရာတော်အဖြစ်ခန့်အပ်ခံရသည့်ဆရာတော်ဂျွန်စော‌ယောဟန် ရန်ကုန်စိန့်မေရီဘုရားကျောင်း၌ ကျေးဇူးတင်မစ္ဆားတရားပြုလုပ်

 

၁၉.၁၁.၂၀၂၂ ၊ (အာဗီအေမြန်မာ)

နိုဝင်ဘာလ (၁၉) ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီက စိန့်မေရီကက်သီဒြယ်၊ရန်ကုန်ဂိုဏ်းချုပ်သာသနာ၌ ဆရာတော်ဂျွန်စောယာန်မှ ကျေးဇူးတင်မစ္ဆားတရားတော်ြမတ်ကို ပူဇော်ကျင်းပခဲ့ပါသည်။

ရဟန်းဘဝနှစ်နှစ်ဆယ်(၂၀) ၊ ဆရာတော်ဘဝ(၇)နှစ်၊ သာသနာပြုဘဝဖြင့် (၂၇) နှစ်တိုင်ကာလအတွင်း ဘုရားသခင်၏ အသုံးပြုခြင်းကိုခံရသည့်အတွက် ကျေးဇူးတော်များအားရေတွက်ရင်း ဘုရားသခင်အားကျေးဇူးတင်သည့်အနေဖြင့် ကျေးဇူးတင်မစ္ဆားတရားကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်ဂျွန်စောယောဟန်မှ ယုံကြည်ခြင်းအမွေကို ပေးခဲ့သော မိဘနှစ်ပါးနှင့်တကွ ဆရာသမားများ၊ သာသနာပြုဘဝတစ်လျှောက် ဆုတောင်းပေးခဲ့ကြသူများနှင့် အဘက်ဘက်မှ ကူညီလှူဒါန်းပေးခဲ့ကြသော သူများနှင့်ဘာသာအသီးသီးမှ ဓမ္မမိတ်ဆွေများအားလုံးကိုလည်း ဒီကနေ့မှာ အထူးသတိရ ကျေးဇူးတင် ကြောင်းပြောကြားခဲ့သည်။ (၂၇) နှစ်တာ ကာလအထိရောက်ရှိနေခြင်းသည် ဘာသာ တူများအား လုံး၏ အားကြောင့်သာ (၂၇) နှစ်တာခရီးတစ်ခုကို နှင်နိုင်ခဲ့ခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။

 ရဟန်းမင်းကြီးဖရန်စစ်မိန့်ကြားခဲ့သည့် အတူတကွလျှောက်လှမ်း နေသောအသင်းတော်ဟူသည့်အတိုင်းတူညီသည့်ပန်းတိုင်ကိုအတူတကွလျှောက်လှမ်းဖို့ရန်လိုအပ်ကြောင်းကိုလည်း မြွတ်ကြားခဲ့သည်။

ဆရာတော်က ” ကျွန်ုပ်တို့အားလုံးဟာ တူညီတဲ့ပန်းတိုင်တစ်ခုကိုသွားနေတဲ့ ခရီးသွားဖော်တွေဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေညီမှပန်းတိုင်းကို ရောက်နိုင်မှာဖြစ်ပါတယ်။ ရဟန်းကတစ်မျိုး ၊သီလရှင်ကတစ်ဖုံ ၊ ဘသာတူက တစ်ဘာသာဆိုလို့ရှိရင် သူကတစ်လမ်း၊ ကိုယ်ကတစ်လမ်း လှမ်းနေကြမယ်ဆိုလို့ရှိရင် ပန်းတိုင်ဟာ ဝေးနေမှာပဲဖြစ်ပါတယ်။ အတူတကွ တွဲသွားနိုင်ရေးအတွက် အသင်းတော်က အားပေးနေချိန်မှာ ခွဲခြားသမားမဖြစ်စေဖို့ ၊ ကျွန်ုပ်တို့ မိမိကိုယ်ကို သတိပြုကြရမှာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည် ခွင့်လွှတ်မှု ၊အားပေးကူညီမှု ၊ ကိုယ်ချင်းစာနာမှုတွေနဲ့ ပိုမိုစည်းလုံးတဲ့ သာသနာတစ်ခုအနေနဲ့ရပ်တည်နိုင်ဖို့ကျွန်ုပ်တို့အားလုံး ဆက်လက်ပြီးတဲ့နောက် ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။ ကိုယ်စီကိုယ်စီ အားထုတ်ကြရအောင်လို့ အားပေးတိုက်တွန်းပါတယ် ။ “ ဟုမြွတ်ကြားခဲ့သည်။

ဆရာတော်ဂျွန်စောယောဟန်သည် ဝန်ထမ်းမိသားစုမှာကြီးပြင်းလာခဲ့ရတဲ့ သူတစ်ယောက်ဖြစ်သည်။ဖခင်၏အပြောင်းအရွှေ့များကြောင့်သူငယ်တန်းမှသည် နေဆယ်တန်းထိတိုင်အောင် စာသင်ကျောင်းကိုးကျောင်း၊ အရပ်ဒေသကိုးခု၌ ကျောင်း ပြောင်းပြီး တက်ခဲ့ရသူဖြစ်သည်။ ဆရာတော်က အပြောင်းရွေ့ဆိုသည့်အရာ နှင့်ပတ် သက်ပြီး ၎င်း၏ခံစားချက်ကိုပြောပြရာမှာ  

“ ကိုယ်ရောက်တဲ့နေရာတိုင်းမှာ ကိုယ်ဟာ အခိုက်အတန့်အတွက်သာ အိမ်ရှင်ဖြစ်တယ်။ ထာဝရအတွက်ကတော့ နေရာတိုင်းနေရာတိုင်းမှာ ကျွန်ုပ်သည် ဧည့်သည်ဖြစ်သည်ဆိုတဲ့ သင်ခန်းစာတစ်ခုကိုရရှိပါတယ်။ အမြဲတမ်းထာဝရတည်နေမယ့် အိမ်တော်ကတော့  ကောင်းကင်နိုင်ငံပဲဆိုတဲ့အသိတရားကိုရရှိပါတယ်။ “ ဟု ပြောကြားခဲ့သည်။

ဆရာတော်ဂျွန်စောယာန်ဟန်သည် ၁၉၉၅ ကနေ ၂၀၀၀ ခုနှစ်များကြား၌ ညောင်တုန်း သာသနာ၊ကျိုင်းတုံသာသနာ၊ပြင်ဦးလွင်ရဟန်းဖြစ်တက္ကသိုလ်၊ပဲခူးရဟန်းဖြစ်သင်ကျောင်း၊ စိန့်ဂျွန်းမောင်ထော်လေး၊ စိန်လာဇရူးအင်းစိန် စသည့် နေရာများတွင်သာသနာ့ တာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်သည်။

ဆရာတော်ကကျိုင်းတုံသာသနာသို့သွားရောက်သာသနာပြုရမည့်ခံစားချက်ကိုပြောပြရာ၌လည်း “ညီအစ်ကိုမောင်နှမအပေါင်းတို့ ကျွန်ုပ်တို့ကက်သလစ် အသင်းတော်မှာ တစ်ခြားသာသနာ ဆိုတာ မရှိပါဘူး။ အားလုံးနဲ့သက်ဆိုင်တဲ့ ဘုရားသာသနာပဲရှိပါတယ်။ ကက်သလစ်ချာချ့် ၊ ယူနီဗာဆယ် ချာချ့် လို့ပြောတဲ့အတိုင်းပဲ ကျွန်ုပ်တို့ဟာ တစ် နေရာ တည်းအတွက် ၊ လူတစ်မျိုးတည်းအတွက် ကျွန်ုပ်တို့ ရဟန်းသီလရှင် တွေ ဖြစ်ကြတာ မဟုတ်ပါဘူး။ကမ္ဘာအရပ်ရပ်ကိုသွား၍ လူမျိုးအပေါင်းကို ဧဝံဂေလိ တရား ကို ဟောကြားကြလော့ဆိုတဲ့ ဘုရားရှင်ရဲ့ မိန့်မှာစကားမှာ ဟိုအရပ်သည် အရပ်မသွား ရဘူးလို့ ကန့်သတ်ထားတာ မပါသလို၊ ဟိုလူမျိုး သည်လူမျိုးဆိုပြီးတဲ့နောက် ခွဲခြားဘောင်ခပ်ထားတာလည်းပဲ မရှိပါဘူး။ သာသနာပြုများဟာ အားလုံးသော နေရာ များအတွက် ၊ အားလုံးသော လူသားများအတွက်ဖြစ်တယ် ဆိုတာကို ဘုရားရှင်ရဲ့ မိန့်မှာ စကားမှာ ဒါကျွန်ုပ်တို့ မြင်တွေ့ပြီးသား ထောက်ရှု့ပြီးသား ၊နားလည်ပြီးသား ခံယူ ထားပြီးသားဖြစ်ပါတယ်။ ခင်ရာဆွေမျိုး ၊ မိန်ရာဟင်းကောင်း ဆိုသလို ကျွန်ုပ်တို့ မေတ္တာနဲ့ နှိမ့်ချခြင်းတွေနဲ့ အစေခံနေသ၍ကတော့ နေရာတိုင်းဟာ ကိုယ့်အိမ် ဖြစ်နေ မယ်။ ဆုံတွေ့ရသူတိုင်းဟာ ကိုယ့်အမျိုး ၊ ကိုယ့်မိသားစုတွေပဲ ဖြစ်နေမယ် ဆိုတာကို ကျွန်ုပ်အခိုင်အမာယုံကြည်လျှက်ရှိပါတယ်။”ဟုဆိုကာ၎င်း၏ခံစားချက်ကိုပြောပြခဲ့ သည်။

ဆရာတော်က  (၂၇) နှစ်တာ သာသနာ့ခရီးတစ်လျှောက် ဆရာတော်၏ အပြောအဆို၊အပြုအမူများကြောင့်သော်လည်းကောင်း ၊ မသိကျေးကျွန်ပြုမိသလိုမျိုး ကြောင့်သော်လည်းကောင်း၊ သာသနာ့အမှုတော် လုပ်ဆောင်တဲ့ခရီးမှာ အားမလိုအားမရ စရာများရှိခဲ့ပါကဆရာတော်အားခွင့်လွှတ်ပေးကြပါရန်တောင်းပန်ကြောင်းပြောကြားခဲ့သည်။

ဆရာတော်က၎င်း၏ရှေ့ဆက်ရမဲ့ခရီးအတွက် ဆုတောင်းပေးကြရန် ယခုကဲ့သို့တောင်းဆိုခဲ့သည်။

“ရှေ့ဆက်ရမဲ့ ခရီးမှာ မိမိရဲ့အားသာချက်၊အားနည်းချက်တွေကိုအမြဲတမ်း ဆန်းစစ်မြင်နိုင်ပြီးတဲ့နောက်၊ပြင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင်လည်းပဲ ဆုတောင်းခြင်း မှာ သတိရ ပေး ကြဖို့ မေတ္တာရပ်ခံပါတယ်။ “ ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆရာတော်က ဘာသာတူများအား  အားပေးစကားပြောကြားရာမှာ “ကျွန်ုပ်တို့ အားလုံးလည်းပဲ ဆက်လက်ရှင်သန်ကြရမဲ့ တိုတောင်းလှတဲ့အသက်တာမှာ တစ်ဦးအပြစ် တစ်ဦး ခွင့်လွှတ်စရာများရှိကြမယ်ဆိုလို့ရှိရင် ခွင့်လွှတ်ကြပြီး ဘုရား ရှင်ရဲ့ခွင့်လွှတ်ခြင်းကို ခံယူကြရအောင်။ ကျွန်ုပ်တို့ စိတ်နှလုံးရဲ့ ငြိမ်သက်ချမ်း မြေ့ခြင်း ကိုကျွန်ုပ်တို့ရှာဖွေကြရအောင်လို့ဒီနေ့ဒီမှာရှိနေကြတဲ့ညီအစ်ကိုမောင်နှမတွေကိုအားပေးပါတယ်။”ဟုဆိုကာ ၎င်း၏ဩဝါဒကို အဆုံးသတ်ခဲ့သည်။

ဆရာတော်ဂျွန်စောယောဟန်သည်နိုဝင်ဘာလ(၂၄)ရက်နေ့တွင်ကျိုင်းတုံသို့ သွားရောက်မည်ဖြစ်ပြီး၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ကျိုင်းတုံကက်သလစ်သာသနာ၊ ဆရာတော်ပလ္လင်အပ်နှင်းခြင်းအခမ်းအနားကိုပြုလုပ်သွားမည်ဖြစ်သည်။

News By - Pinky

#rvamyanmar #rvapastoralcare #LocalNews 

Add new comment

3 + 1 =