ကျမ်းစာတော်မြတ်ကို ဝတ္ထုကဲ့သို့ မဖတ်သင့်ကြောင်း ပုပ်ဖရန်စစ်သတိပေး

ကျမ်းစာတော်မြတ်ကို ဝတ္ထုကဲ့သို့ မဖတ်သင့်ကြောင်း ပုပ်ဖရန်စစ်သတိပေး

ကျမ်းစာတော်မြတ်ကို ဝတ္ထုကဲ့သို့ မဖတ်သင့်ကြောင်း ပုပ်ဖရန်စစ်သတိပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဘုရားသခင် ၏နှုတ်ကပတ်တော်သည် ခရစ်ယာန်တိုင်းကို အထူးအကျိုးပြုနေသောအရာ​ဖြစ်ပြီး တရားထောက်ရှုလျက်သေချာဖတ်ရှုသင့်သည်။ ဝတ္ထုတစ်ပုဒ်ကဲ့သို့ သာမန်ကာလျှံကာ မဖတ်သင့်ကြောင်း သတိပေးမြွက်ကြားခဲ့သည်။

စိတ်နှလုံးများကို ဖွင့်ထားလျက် ကျမ်းစာကို ဖွင့်ဖတ်ခြင်းသည် ပြောင်းလဲမှုကို မလွဲမသွေဖြစ်စေပြီး မဖတ်ခင်အခြေအနေထက် ထူးခြားစေကြောင်း သက်သေခံခဲ့သည်။

ထို့အပြင် အကြံပြုလိုသည်မှာ "Lectio Divina" နည်းဖြင့် ဖတ်ရှုရန်ဖြစ်သည်ဟုဆိုသည်။ထိုနည်းသည် ယခင်က ရသေ့ကျောင်းတွင့်ကျင့်သုံးခဲ့ပြီး ယခုအခါ ဘာသာတူများစွာက လိုက်ကျင့်နေကြသည်။ ထိုဖတ်နည်းတွင် နက်နဲရာတစ်ခု စီကို ထောက်ရှု၍လေးနက်စွာ ဖတ်ရှူရသည်။

"ကျွန်ုပ် ကျမ်းစာဖတ်သည့်အခါ စာလုံးတစ်လုံးစီကို ခံ စားရင်း ဘုရားသည် ကျွန်ုပ်ကို ဘာပြောသလဲ ဆိုသည်ကို သတိမူပါသည်။ ထို့နောက် နက်နဲသောအချက်များကို ထောက်ရှုပါသည်"ဟု ဝေမျှခဲ့သည်။"သမ္မာကျမ်းစာသည် ခက်ခဲပင်ပန်းသောအချိန်များ၌ပင် သက်သာရာပေး သည်"ဟုလည်း သက်သေခံခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် တင် ပါးဆုံရိုးနာကျင်ခြင်းမှ နလန်ထူစဖြစ်ပြီး အင်္ဂါနေ့တွင်ကျင်း ပသည့် သူ၏ဆရာဝန် စျာပနအခမ်းအနားကို တက်ရောက်ခဲ့သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: CNS

https://bit.ly/36npwbB

Add new comment

9 + 6 =