ကောင်း သောသိုးထိန်းသီလရှင် သူတော်မြတ် မာရီယား‘ဩဂူချီးတာ’

ကောင်း သောသိုးထိန်းသီလရှင် သူတော်မြတ် မာရီယား‘ဩဂူချီးတာ’

ကောင်း သောသိုးထိန်းသီလရှင် သူတော်မြတ် မာရီယား‘ဩဂူချီးတာ’

 

            ယနေ့သူတော်မြတ်အဖြစ်တင်မြောက်ခံရသော သူတော်မြတ် María Agustina de Jesús Rivas López အား သူ၏အမည်ရင်းထက် ချစ်စနိုးဖြင့်ခေါ်ကြသော ‘ဩဂူချီးတာ’ ဟုသာလူသိများသည်။ သူသည် ပီရူးနိုင်ငံသူ ကောင်း သောသိုးထိန်းသီလရှင်တစ်ပါးဖြစ်သည်။ သူသည် (စက်တင်ဘာလ ၇၊ ၁၉၉၀) ခုနှစ်၌ Sendero Luminoso ဟုခေါ် သော ဒေသန္တရအစွန်းရောက် အဖွဲ့၏သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။ သူအားသူတော်မြတ်အဖြစ်တင်မြောက်ခြင်းကိုလည်း ရဟန်းမင်းကြီးဖရန်စစ်က (မေလ ၂၂၊ ၂၀၂၁) ကအတည်ပြုခဲ့ပြီး၊ ယမန်နေ့ (မေလ ၇၊ ၂၀၂၂) ကသူတော်မြတ်အဖြစ် ကြေညာတင်မြောက်ခဲ့ပြီ ဖြစ်သည်။ လက်ရှိအချိန်ကာလ၌ မိမိတို့၏ယုံကြည်ခြင်းကို သတ္တိရှိရှိဖော်ထုတ်သက်သေခံရန် အထူး လိုအပ်လာနေသည်။ သူတော်မြတ်၏ဘ၀ဖြစ်စဉ်နှင့်ပတ်သက်၍ မိနစ် (၂၀) ခန့်ကာမြင့် သောမှတ် တမ်းရုပ်ရှင်ကို လည်းထုတ်လုပ်ခဲ့သည်။ သူသည် ပီရူးနိုင်ငံ၏ဗဟို အခေါင် အဖျား၌သာသနာ ပြုခဲ့သူဖြစ်သည်။ သူသည် သူ့အသင်း၏ကျင့် စဉ်ကိုလက်တွေ့ကျကျဖော်ဆောင်လုပ်ကိုင်နေရင်း Ashaninka ၌ရက်စက်ယုတ်မာစွာသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

            သူ၏သာသနာပြုလုပ်ငန်း၌ အဓိကအားဖြင့် အမျိုးသမီးတို့၏ကျန်းမာရေး၊ ပညာရေး၊ စား၀တ် နေရေးပြေလည် ရေးနှင့်စာပေတတ်မြောက်ရေးကို စီမံကိန်းများကျနစွာရေးဆွဲ၍ ဇောင်း ပေးလုပ်ဆောင် ခဲ့သည်။ ထို့အတူ လူငယ်အဖွဲ့အ စည်းများဖွဲ့စည်းခြင်း၊ ‌ေ၀းလံခေါင်ဖျားသောဒေသများ၌ ဘုရားစကား သင်ကြားခြင်းကိုလုပ်ဆောင်နိုင်ရန် မိသားစုဘု ရားစကားသင်ကြားခြင်း အစီအစဉ်ကို ရေးဆွဲဖော်ဆောင် ခြင်းများကိုလုပ်ဆောင်ခဲ့သည်။ ‘အာဂူချီးတာ’ အမည်ပေးထား ပြီး ပုံနှိပ်ထုတ်ဝေထားသော သူနှင့် ပတ်သက်သည့်မှတ်တမ်းစာအုပ်၌ ‘သေခြင်းသည် ကြိုတင်ခန့်မှန်း၍မရ။ သို့သော် ချစ်ခြင်းသည် ကျွန်ုပ်တို့၏ခေါ်တော်မူခြင်းဖြစ်သည်’ ဟုဖာသာရ် Alfonso Tapia ကရေးသားထားသည်။ သူတော်မြတ် သည်အမေဇုံဒေသမှပြည်သူများ၏လူ့အခွင့်အရေးကိုကာကွယ်ရပ်တည်ပေးခဲ့သူဖြစ်သည်။

သမိုင်းပညာရှင်ဖြစ်သော José Antonio Benito ကလည်း သူတော်မြတ်နှင့်စပ်လျင်း၍ La Parada ၌ Aguchita ၏လုပ်ချက်များသည် Calcutta ၌ Mother Teresa လုပ်ဆောင်ခဲ့သည် ဖြစ်စဉ်ကိုပြန် လည်း သတိရစေပါသည်။ အဘယ်ကြောင့်ဆိုသော် လူသူ အရောက်အပေါက်နည်းပြီး သွားရောက် နေ ထိုင်ရန်မစွန့်စား၀ံ့သောအမေဇုံဒေသ၌ သွားရောက်ဆက်ကပ်နေထိုင်ကြ သော မာသာရ်ထရီးဇာ၏ ၀ိညာဉ်ရေးကျင့်စဉ်ကိုအခြေခံသူအမြောက်အများကိုမြင်တွေ့ရသည်။ ဘုရားသခင်ကိုယုံ ကြည်ပြီး၊ အား လုံးစုံဘုရား၏လက်တော်၌ပေးအပ်ထားကြသူများစွာတွေ့ရသည်။ အကယ်၍သာ ဘုရားသခင် ကိုချစ် သော၊ အားကိုးသော၊ လုံး၀ဆက်ကပ်အပ်နှံထားမှုသာမရှိခဲ့ပါလျှင် သူတော်မြတ်သည် ဒေသဖွံ့ဖြိုး ရေးကိုဇောင်းပေးလုပ် ဆောင်သော လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးမျှသာဖြစ်ပေမည်။ သို့သော် စွန့်လွှတ်ပေးဆက်သောချစ်ခြင်းနှင့်သူ၏ သန့်ရှင်းခြင်းသည် သူ့အားဤသို့ ဆက်ကပ်နိုင်ရန် ခွန်အား ဖြစ်စေခဲ့သည်ဟုမှတ်ချက်ပြုထားသည်။        

            သူနှင့်ဒေသခံများအားသတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ အဆိုသမိုင်းပညာရှင်ကဆက်လက်၍ သူတော်မြတ်သည် လူတိုင်းအတွက် အချိန်တိုင်းဆုတောင်းပေးလေ့ရှိသည်။ ခရစ်ယာန်များအတွက် တရားတော်အတွက် သတ်ဖြတ်ခံရခြင်း သည် ရင်နာစရာကောင်းသောသေခြင်းမဟုတ်ပေ။ ထို့ကြောင့် သူတော်မြတ်နှင့်ထောင်ပေါင်းများစွာသောအပြစ်မဲ့ပီရူး ပြည်သူတို့၏ မတရားသဖြင့် သတ်ဖြတ် ခံရခြင်းသည် ငြိမ်းချမ်းရေးနှင့်လွတ်လပ်မှုအတွက်တောင်းဆိုသော သက်သေတစ် ခုဖြစ်စေခဲ့သည်။ သူတို့၏သေခြင်းသည် အဓိပ္ပါယ်မဲ့သောသေခြင်းမဟုတ်ခဲ့ပေ။ တရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးအတွက် ပီရူးပြည်သူပြည်သားများအတွက် အောင်မြင်မှုရရှိစေရန်ပေဆက်ခဲ့ခြင်းဖြစ်သည်။    (Agenzia Fides, 22/2/2022)

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

 

Add new comment

2 + 2 =