ကောင်းသောသိုးသိန်းမြန်မာဖောင်ဒေးရှင်း မန္တလေးမှ သီလရှင်များ အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်း။

ကောင်းသောသိုးသိန်းမြန်မာဖောင်ဒေးရှင်းမှ သီလရှင်များအခြေခံစားသောက်ကုန်များ လှူဒါန်းခြင်း။

ကိုဗစ်- ၁၉ ကပ်ရောဂါကာလအတွင်း မန္တလေးမြို့ အတွင်းရှိ ကျူးကျော်ရပ်ကွက်များမှ အိမ်ခြေ (၁၀၀) အား ကောင်းသောသိုးသိန်းမြန်မာဖောင်ဒေးရှင်းမှ သီလရှင်များ အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်း။
(2.5.2020)
A Response to women facing food crisis amid the COVID-19!
COVID-19 ရောဂါကပ်ဖြစ်ပွားနေချိန်အတွင်း ကောင်းသောသိုးထိန်းမြန်မာဖောင်ဒေးရှင်း၊ မန္တလေးမှ သီလရှင်များသည် မေလ (၁) ရက်နေ့နှင့် (၂) ရက်နေ့များက မန္တလးမြို့နယ် ချမ်းမြသာစည်နှင့် မဟာအောင်မြေမြို့နယ်များရှိ ကျူးကျော်ရပ်ကွက်များ၌ နေထိုင်ကြသော အိမ်ခြေ (၁၀၀ ) အား အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့တယ်လို့သိရှိရပါသည်။
အိမ်တစ်အိမ်လျှင် (ဆန် ၁ အိတ်) ၊ (ဆီ ၁ ပိသာတစ်ဗူး) ၊ (ပဲ ၂ ပိသာ) ၊ (အာလူး ၁ ပိသာ) နှင့် ( နနွင်းမှုန့် ၁၀ သားကျပ်သား ) ဆီ ပေးဝေပေးခဲ့ကြောင်းသိရှိရပါသည်။

ကောင်းသော သိုးထိန်း သီလရှင် များသည် မြန်မာနိုင်ငံ သို့ ၁၈၆၆ တွင် စတင် ရောက်ရှိ လာကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ၌ အကူအညီ လိုအပ်နေသော သူများကို အစေခံနေသည်မှာ ၁၅၂ နှစ် တိုင် ရှိ ခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကောင်းသောသိုးထိန်း လုပ်ငန်းများကို တရားဝင် ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ကောင်းသော သိုးထိန်း မြန်မာဖောင်ဒေးရှင်းအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၌ မှတ်ပုံတင်ခဲ့ရာ၂၀၁၇ မတ်လတွင် (၁/ ပြည်တွင်း/ ၀၃၉၁) တရားဝင် ခွင့်ပြုခြင်း ခံခဲ့ရပါသည်။

ဦးတည်အုပ်စုများမှာ အကူအညီလိုအပ်နေသော အမျိုးသမီးများနှင့် ကလေးများ အထူးသဖြင့် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရသော သူများ၊ မတရား ခေါင်းပုံဖြတ် ခံရသောသူများ၊ လူကုန်ကူးခံရသောသူများ နှင့် လူအသိုင်းအဝိုင်းမှ စွန့်ပယ်ခြင်း ခံရသောသူများဖြစ်သည်။ လိုအပ်နေသော အမျိုးသမီးများနှင့် ကလေးများကို ထိရောက်စွာ ကူညီနိုင်ရန် ကောင်းသော သိုးထိန်းမြန်မာ ဖောင်ဒေးရှင်းမှ (၅) နှစ် စီမံကိန်း (၂၀၁၇-၂၁) ရေးဆွဲ လျှက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိနေတယ်လို့လည်း သိရှိရပါသည်။

News by – Pinky

#Covid19 #Covid19inMyanmar #rvapastoralcare #Donation #GoodShepherdSistersMyanmar #Mandalay #GSMF

Add new comment

4 + 1 =