ကောင်လေးတစ်ယောက် ယေဇူးသခင်ထံရေးသားခဲ့သောစာ အသက် (၈၂) ပြည့်မှအမှတ်မထင်ပြန်တွေ့လိုက်ရ

ကောင်လေးတစ်ယောက် ယေဇူးသခင်ထံရေးသားခဲ့သောစာ အသက် (၈၂) ပြည့်မှအမှတ်မထင်ပြန်တွေ့လိုက်ရ

ကောင်လေးတစ်ယောက် ယေဇူးသခင်ထံရေးသားခဲ့သောစာ အသက် (၈၂) ပြည့်မှအမှတ်မထင်ပြန်တွေ့လိုက်ရ

ကလေးဘ၀က ယေဇူးသခင်အားတိုင်တည်ရေးသားခဲ့သောစာသည် နှစ် (၈၂) ကြာမှပြန်လည် တွေ့ရှိလိုက် ရပြီး၊ သူရေးသားခဲ့သောစာသည် သူ့စာကိုဖတ်လိုက်ရသောသူများ၏အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး၊ ခံစားချက်အဖုံဖုံဖြစ် ပေါ်စေခဲ့သည်။ ထိုစာကို ဒုတိယကမ္ဘာစစ်အစပိုင်း၌ရေးသားခဲ့သည်။ ထိုစာကိုစာပိုင်ရှင်၏ဗီဒိုအံဆွဲတစ်ခု၌ပြန်လည် တွေ့ရှိခဲ့သည်။ စာရေးခဲ့သူမှာ ချာတိတ်‌လေး Pierre ဖြစ်သည်။ သူသည်ပြင်သစ်တောင်ပိုင်း၊ Tarn ခရိုင်၊ Mazamet မြို့မှဖြစ်သည်။ ရေးသားခဲ့သောခုနှစ်မှာ (၁၉၃၉၊ ဒီဇင်ဘာလ ၁၇) ရက်နေ့ဖြစ်သည်။ စာထဲ၌မူ

ချစ်ရပါသောယေဇူး

ကျွန်တော် ပထမကိုယ်တော်မြတ်ပင့်ဖို့ပြင်ဆင်နေပါတယ်။ ဒီနှစ်တော့အရုပ်တွေယူမလာဖို့မေတ္တာရပ်ခံပါ တယ်။ အခုလိုမေတ္တာရပ်ခံရတာဟာ သင့်ကိုကျေးဇူးတင်ချင်လို့ပါ။ အဖေ့ကိုလည်းစောင့်ရှောက်ပေးပါလို့တောင်းခံလို ပါတယ်။ ကမ္ဘာ့စစ်မီးကိုလည်း အမြန်ဆုံးငြိမ်းသတ်ပြီးဆုံးပေးပါ။ အဲဒီတော့မှ သူကဟိုးအ‌ေ၀းကြီးစစ်မြေပြင်သွား ပြီး စစ်ထွက်တိုက်ဖို့ အထက်ကအမိန့်ပေးတာကိုခံရတော့မှာမဟုတ်ဘူး။

ထိုစာရေးသားပြီး စာပွဲတစ်လုံဂ၏အံဆွဲထဲမေးနေခဲ့သည်မှာ (၈၂) ကြာခဲ့ပြီးမှ အခြားသောမိသားစုမှတွေ့ရှိခဲ့ သည်။ စာ၏မူလပိုင်ရှင်မိသားစုများသည် အခြေအနေအမျိုးမျိုးကြောင့်ထင် အိမ်ကိုရောင်း၍အခြားသို့ပြောင်းရွေ့ သွားဟန်ရှိသည်။ ထိုစာကိုအမှတ်မထင်ပြန်လည်တွေ့ရှိခဲ့ပြီး၊ စာဖတ် ပြီးနောက်အတော်စိတ်မကောင်းဖြစ်ခဲ့ကြရ သည်။ အဘယ်ကြောင့်ဆိုသော် Pierre (ပီအဲလ်) လေးသည် ပထမကိုယ် တော်မြတ်ပင်မပင့်ရသေးသော်လည်း ယုံ ကြည်ခြင်းအလွန်ကြီးမားခဲ့သူဖြစ်သည်။ စာပိုင်ရှင်ကိုပြန်လည်တွေ့ဆုံနိုင်ရန်ကြိုးစားခဲ့သည်။

ထိုစာကို အမှတ်မထင်တွေ့ရှိခဲ့သူမှာ အိမ်ရှင်အသိ၏သမီး ‘လော်ရာ’ ဖြစ်သည်။ ထိုစာကို လူမူကွန်ရက်ပေါ် သို့ရိုက်တင်လိုက်လေ၏။ သို့မှ စာ၏မူလပိုင်ရှင်ကိုပြန်တွေ့နိုင် (သို့) သိနိုင်မည်ဖြစ်သည်။ အသက်ရှင်နေသေးလျှင် သော်လည်းကောင်း၊ သက်ရှိထင်ရှားမရှိတော့လျှင်လည်း မိသားစု၀င်များထံသို့ပြန်ပေးရန်ရည်ရွယ်ထားသည်။ သူ၏ လူမူကွန်ရက်စာမျက်နှာပေါ်၌ သူက ‘ကျွန်မတို့မိသားစုမှ အလွန်အဖိုးထိုက်ပြီး၊ အိမ်ထောင်ပရိဘောဂဟောင်းများ ကြား၌ ၀ှက်ကွယ်နေသည့်ရတနာတစ်ခုတွေ့ရှိထားပါသည်။ ထိုရတနာကိုပိုင်ရှင်အားဖြစ်စေ၊ မိသားစု၀င်များအား ဖြစ်စေပြန်လည်အပ်နှံလိုပါသည်။ အဘယ်ကြောင့်ဆိုသော် အလွန်ခံစားရသောအရာကိုပြန်လည်အပ်နှံလိုပါသည်’ ဟု ရေး၍တင်လိုက်လေ၏။

ယေဇူးသခင်ထံစာရေးသားပေးပို့ခဲ့သောကောင်လေး

ပြင်သစ်နိုင်ငံ၏ လူသိများသော ကက်သလစ်ကွန်ရက်တစ်ခုဖြစ်သော Famille Chretienne ၌တင်၍ ဤမူ လစာပိုင်ရှင်ကိုကူရှာပေးရန် ‘လောရာ’ ကအကူအညီတောင်းလိုက်သည်။ သူ့အနေဖြင့် စာရေးသူ၏အမည်၊ သူ့အစ်ကို ၏အမည် ‘ဂျိုးဇက်’၊ စာရေး သားခဲ့သောနေရာ၊ ရက်စွဲကိုသာသိပြီး၊ စာရေးသူနှင့်သူ၏မိသားစုအကြောင်း မည်သည့် အစအနမျှမသိရ။

ယခုကဲ့သို့ လူမူကွန်ရက်ပေါ်သို့မတင်မီ ဦးစွာမိမိတို့လက်လှမ်းမီသလောက် မေးမြန်းစုံစမ်းခဲ့သေးသည်။ သာ သနာ၏စက္ကရာမင်တူး၏မှတ်တမ်းများ၊ ကျောင်းများ၏မှတ်တမ်းများမှလိုက်ရှာခဲ့သေးသည်။ သို့သော် မအောင်မြင် ခဲ့ပေ။ ထိုနောက်မှလူမူကွန်ရက်ပေါ်သို့တင်ရန်ဆုံးဖြတ်ခဲ့သည်။ သူရေးသားထားသောစာတိုလေးအား ပြန်လည်‌ေ၀ မျှသူ (၇၀၀၀) အထိရှိခဲ့သည်။ လူမူကွန်ရက်ပေါ်သို့တင်ပြီး ရက်အနည်းငယ်အကြာ ထိုစာ၏မူလပိုင်ရှင်ဖြစ်သည် ‘Pierre’ ၏သမီးနှင့်အဆက်အသွယ်ရလိုက်သည်။

သမီးဖြစ်သူနှင့်အချိပ်အဆက်ရပြီးနောက်မှ ‘Pierre’ သည် ဤစာရေးသားချိန်၌ (၇) သားသာရှိသေးကြောင်း၊ သူသည် သူ၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သော Mazamet ၌နေထိုင်လျှက်ရှိကြောင်း၊ အသက်အရွယ်ကြောင့် မှတ်ဉာဏ်များသိပ်မကောင်းတော့၍ ဤကဲ့သို့ကြာညောင်းပြီဖြစ်သောအကြောင်းအရာများကိုပြန်မမှတ်မိနိုင် တော့ ကြောင်း၊ သို့သော် သူသည် အမှန်တကယ်ဤစာတိုလေးကိုရေးသားခဲ့သော မူလပိုင်ရှင်ဖြစ်သည်ကိုပြသသောခိုင်လုံ သည့်အခြားအချက်များစွာရှိသည်။ ဥပမာအားဖြင့် ပထမကိုယ်တော်မြတ်ပင့်စဉ်နှင့်ခရစ္စမားအားပေးခြင်း စက္ကရာမင် တူးခံယူစဉ်ကအမှတ်တရများစွာကျန်ရစ်နေသည်။ ပထမကိုယ်တော်မြတ်ပင့်ယူစဉ်က စိတ်လှုပ်ရှားဖွယ် ကလေးများ အားပြင်ဆင်ကျင်းပပေးပုံများသည် စိတ်ထဲ၌အလွန်တို့ထိခံစားရပါသည်။ ထို့အတူ ‘Pierre’ ကလည်း ‘ယေဇူးသူငယ် တော်လေးရေ၊ သင့်ကိုကျွန်ုပ်စောင့်မျှော်နေပါသည်။ ကျွန်ုပ်ချစ်ရသောသူအားလုံးတို့ကိုကောင်းကြီးပေးပါနော်’ ဟု လည်းချစ်စရာ၊ ကြည်နူးစရာရေးသားထားပါသည်။ နောက်ဆုံး၌ ထိုတန်ဖိုးကြီးလှသောအမှတ်တရများစွာကို ပြန် လည်အသက်၀င်လာစေသော စာတိုလေး၏မူလပိုင်ရှင်ကိုပြန်လည်တွေ့ရှိသွားခဲ့ပါတော့သည်။

Ref: Aleteia.org
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

Add new comment

5 + 5 =