Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကောင်ကာဆူးစ်ဒေသတွင် ငြိမ်းချမ်းရေးရရန် ပုပ်ဖရန်စစ် မေတ္တာရပ်ခံ
ကောင်ကာဆူးစ်ဒေသတွင် ငြိမ်းချမ်းရေးရရန် ပုပ်ဖရန်စစ် မေတ္တာရပ်ခံ
ပုပ်ရဟန်းမင်းကြီးသည် အာမေးနီးယားနှင့်အာဇာဘိုင်ဂျန်နိုင်ငံများအတွင်း ပဋိပက္ခဖြစ်ပွားနေသော ခေါင်းဆောက်များအား ငြိမ်းချမ်းရေးတည်ဆောက်ရန် မေတ္တာရပ်ခံခဲ့သည်။
ရှုပ်ထွေးနေသော ထိုနယ်မြေအတွက် စိုးရိမ်ပူပန်မိကြောင်း၊ဆုတောင်းပေးနေကြောင်းနှင့် ငြိမ်းချမ်းရေးကို အဓမ္မနည်းဖြင့်မယူကြရန် တနင်္ဂနွေနေ့ အန်ဂျလူးမေတ္တာဆိုအပြီးတွင် မိန့်ကြားခဲ့သည်။
ခရစ်ယာန်ဘာသာဝင်အားလုံးကိုလည်း ငြိမ်းချမ်းရေးအတွက် ကူညီဆုတောင်းပေးကြရန် မေတ္တာရပ်ခံခဲ့သည်။ အာမေးနီးယားနှင့် အာဇာဘိုင်ဂျန်နယ်စပ်ဒေသတွင် အငြင်းပွားမှုများ ရှိနေပြီး မာရှယ်လော ထုတ်ပြန်ထားသည်။
နှစ်ဖက်လုံးသည် အခြေအနေများတင်းမာနေဆဲဖစ်ပြီး အပြန်အလှန်စွပ်စွဲထားကြသည်။
အာမေးနီးယားသည် စစ်တပ်များကို လှည့်လည်ကင်းစောင့်ခြင်းပြုလုပ်နေသည်။ ထိုအခြေအနေတွင် လက်နက်များ၊စစ်ပွဲများမသုံးပဲ စကားဝိုင်းမှ ငြိမ်းချမ်းရေးကို ဆောင်ယူရန် ပုပ်ရဟန်းမင်းကြီးက မေတ္တာရပ်ခံနေခြင်းဖြစ်သည်။
ဤဒေသငြိမ်းချမ်းရေးအတွက် ပုပ်ဖရန်စစ်၏တောင်းဆိုမှုသည် ယခုမှမဟုတ်ပဲ လွန်ခဲ့သော ဇူလိုင်လ ၁၉ရက် နေ့ကည်း အလားတူ မေတ္တာရပ်ခံခဲ့သည်ဟုသိရသည်။
ဘာသာပြန် -Agnes Lawn Lun
        
     
      
Add new comment