ကလေးသူငယ်များကို ကာကွယ်ပေးကြဖို့ အာဖရိက ဆရာ​တော်ကြီးများမှ တိုက်တွန်း

ကစားနေသော ကလေးငယ်

ကလေးသူငယ်များကို ကာကွယ်ပေးကြဖို့ အာဖရိက ဆရာ​တော်ကြီးများမှ တိုက်တွန်း
ဇူလိုင်လ ၂၉၊ ၂၀၁၉

ကလေးစစ်သာ အသုံးပြုခြင်း၊ ကလေးငယ်များကို အလုပ်သမားအဖြစ်အသုံးချခြင်း၊ လူကုန်ကူခြင်း များမှ ကာကွယ်ပေးကြဖို့ ယူဂန်းဒါ ကက်သလစ်ဆရာတော်ကြီးမှ ပန်ကြားစာတစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

ကလေးစစ်သား အသုံးပြုခြင်း၊ ကလေးငယ်များကို အလုပ်သမားအဖြစ်အသုံးချခြင်း၊ လူကုန်ကူခြင်း များမှာ ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပေါ်နေပြီး တစ်ချို့​ဒေသများတွင် ကလေးသူငယ်ကာကွယ်ရေး ဥပဒေကို ဂရုမစိုက်ပဲ ပြုမူနေကြကြောင်း ထို့အတွက်ကြောင့် ယင်းကဲ့သို့သော ရင့်နင့်ဖွယ်ရာအဖြစ်အပျက်များမှ ကလေးသူငယ်များကို ကမ္ဘာအနှံ့အပြား ထိရောက်စွာကာကွယ်ပေးကြဖို့ ဆရာတော်ကြီးများမှ ပြုလုပ်ရခြင်း တောင်းဆိုရခြင်းဖြစ်ကြောင်း ဂိုဏ်ချုပ်ဆရာတော် သောမတ်စ် လု မူဆူစာမှ ပြောကြားခဲ့ပါသည်။

ကလေးသူငယ်များအားကာကွယ်စောင့်ရှောက်ရမည်ဟူသော အချက်သည် သမ္မကျမ်းစာ တွင်ပါရှိသော အချက်ဖြစ်သည့်အလျှောက် ယင်းကဲ့သို့ ကလေးသူငယ် လူကုန်ကူးခံရခြင်း၊ ကလေးသူငယ်များအပေါ် အမြတ်ထုတ်ခိုင်းစားခြင်း၊ ကလေးစစ်သားအဖြစ်အသုံးပြုခြင်းများကို အမြစ်လှန်ဖယ်ရှားပြစ်ရန် တောင်းဆိုခဲ့ပါသည်။ အာဖရိက နိုင်ငံများတွင် မိသားစုများစွာ ဒုက္ခခံစားနေကြရပါသည် ထိုအထဲတွင်ကလေးသူငယ်များမှာ ဆိုးဝါးစွာခံစားနေကြရကြောင်း၊

ကလေးသူငယ်များကို မိဘများထံမှလုယူခေါ်ဆောင်သွားကြပြီး စစ်ပွဲများအတွက် သင်တန်း​ပေးကာ စစ်တိုက်စေခြင်း၊ မိန်းကလေးငယ်များကို လိင်ကျွန် အဖြစ်အသုံးချခြင်းများကို ရင်နာဖွယ်ရာ တွေ့မြင်ကြားသိနေရသော ကြောင့် အာဖရိကဆရာတော်ကြီးမှ မိမိတို့ အစွမ်းကုန် ကြိုးစားပြီး ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ နိဂုံးချုပ် အနေ နှင့် မိမိ နှင့်နီးစပ်သောသူကို ချစ်ခြင်း ဆိုရာတွင် ကာကွယ်ပေးရမည် အထူ သဖြင့် ခုခံအကာကွယ်မဲ့သူများကို ပိုမိုကာကွယ်ရမည်ဟု ဖော်ပြထားပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2GB2vFi

Add new comment

1 + 2 =