ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနေခြင်းကြောင့် ကိုယ်တော်မြတ်ဖြင့်ရွာအတွင်း လှည့်လည်ကောင်းချီးပေးခြင်း။
ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနေခြင်းကြောင့် ကိုယ်တော်မြတ်ဖြင့်ရွာအတွင်း လှည့်လည်ကောင်းချီးပေးခြင်း။
******************
(5.8.2021)RVA Myanmar
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားနေခြင်းကြောင့် နေ့စဥ်နှင့်အမျှ လူသေဆုံးမှုများ မြင့်တက်လျှက်ရှိနေကြောင်း သတင်းများတွင် ကြားနေသိနေရပါသည်။ ထို့အတွက်ကြောင့် လူစုလူဝေးများကို အတက်နိုင်ဆုံးရှောင်ကြဥ်သည့်အနေဖြင့် ကက်သလစ်သာသနာတော်မှလည်း ဘုရားကေျာင်းများအား ရက်အသတ်အသတ်မရှိ ပိတ်ထား၍ Online ဖြင့်သာ မစ္ဆားပူဇော်ခြင်းကို ပြုလုပ်လျှက်ရှိပါသည်။
မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှလည်း ဩဂုတ်လ 3 ရက်နေ့မှ 18 ရက်နေ့ထိ အထူးဆုတောင်းရန် ရက်သတ္တပတ်အဖြစ် သတ်မှတ်ပေးထားပါသည်။
ထိုကဲ့သို့ သတ်မှတ်ပေးပြီးသည့်နောက် သာသနာအုပ်စုအချို့၌ ၎င်းတို့ရပ်ရွာအတွင်း ကိုယ်တော်မြတ်ဖြင့် လှည့်လည်ကောင်းချီးပေးခြင်းပေးခြင်းများကို မြင်တွေ့ရပါသည်။
ယနေ့ ဩဂုတ်လ (5) ရက်နေ့ နံနက်ပို်င်းက မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာ ၊ ချမ်းသာကုန်း ကိုးရစိပ်ပုတီးမယ်တော် သာသနာအုပ်စု တွင် ကိုယ်တော်မြတ်ဖြင့် လှည့်လည်ကောင်းချီးပေးခဲ့သည်ဟု သိရှိရပါသည်။
ထို့အတူ ဇူလိုင်လ (31) ရက်နေ့ကလည်း မန္တလေးသာသနာ ချောင်းရိုးရွာတွင် လည်း ကိုယ်တော်မြတ်ဖြင့် လှည့်လည်ကောင်းချီးပေးခဲ့သည်ဟုသိရှိရပါသည်။
ကျောင်းထိုင်ဘုန်းတော်ကြီး Fr. ကျော်သူရက
'' ကမ္ဘာ့ကူးစက်မြန်covid 19တတိယ လိူင်းကိုကာကွယ် သောအားဖြင့်ဝိညာဉ်ေရးမှာလဲခွန်အားရရှိစေရန်အတွက် ဇူလိုင်လ 31ရက်နေ့ညနေ3နာရီအချိန်တွင်ဘုန်းဘုန်းတို့ရွှေရိုးရွာလေးရှိ အရှေ့-စိန်ပီတာ|အနောက်-စိန်ပေါလ်|တောင်-စိန်ဂျွန်း|မြောက်-စိန်သောမတ်စ်|ကွက်သစ်-စိန်သြဂုတ်စတင်းစသည့်ရပ်ကွက်တိုင်းစီရဲ့ အိမ်တိုင်းကို ကိုယ်တော်မြတ်ရောင်ခြည်တော်ဖြင့်လှည့်လည်ကောင်းကြီးပေးခြင်းဖြင့်လည်းကောင်း| မေတ္တာ ရေပက်ဖြန်းပေးခြင်းဖြင့်လည်းကောင်း|ဆာလံ(91)ကို နေ့စဉ်ရွတ်ဖတ်ပေးခြင်းဖြင့်လည်းကောင်း|covid 19တတိယ လှိုင်းကိုဘုရားတရား
ဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်ကာ အသက်ရှင် နေထိုင်ကြပါတယ်။ '' ဟု ချောင်းရိုးသာသနာအုပ်စုမှ ကျောင်းထိုင်ဘုန်းတော်ကြီးက လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာကိုတွေ့ရပါသည်။
Pinky
#PhotoCreditToOriginalUpLoader
#Rvamyanmar #rvapastoralcare #Eucharistic #ကိုယ်တော်မြတ်ဖြင့်ကောင်းချီးပေးခြင်း #ArchdioceseofMandalay #covid19myanmar
Add new comment