ကုလ၏COP 26 ရာသီဥတုအစည်းဝေး၌ ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ် တက်ရောက်ဖတ်ကြား

ကုလ၏COP 26 ရာသီဥတုအစည်းဝေး၌ ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ် တက်ရောက်ဖတ်ကြား

စကော့တလန် Glasgow၌ ကျင်းပသော COP26အစည်းဝေးတွင် ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ် ကာဒီနယ် Pietro Parolin တက်ရောက်ပါ၀င်ခဲ့သည်။

အစည်းဝေးတွင် ပုပ်ရဟန်းမင်းကြီးပါးလိုက်သော သတင်းစကားကို ကာဒီနယ်ကြီးမှ ဖတ်ကြားပေးခဲ့သည်။

"ယခုချိန်ဟာ သတ္တိရှိရှိ တာ၀န်သိသိနဲ့ လုပ်ရမယ့်အချိန်ရောက်နေပါပြီ။ ကျွန်ုပ်တို့ရဲ့ အနာဂတ်မိသားစုအိမ်လေးကို ကိုယ်တိုင်ထိန်းသိမ်းဖို့အချိန်တန်ပါပြီ" ဟု ကာဒီနယ်မှ မိန့်ကြားခဲ့သည်။

ယခု ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်သည် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အမြဲဆော်ဩနေသူဖြစ်ပြီး Laudato si ကဲ့သို့‌ သောခမ်းနားကြီးကျယ်သော စာချွန်တော်ကိုလည်း ထုတ်ပြန်ခဲ့သူဖြစ်သည်။

"ပဲရစ် (Paris) သဘောညီမှုအတိုင်း တသဝေမတိမ်းလိုက်နာမှ ဖြစ်ပါမယ်။ ကမ္ဘာ့ခေါင်းဆောင်များ လွန်ခဲ့တဲ့နှစ်တွေထက် နှစ်ဆ ဒီမိခင် သဘာ၀ပတ်၀န်ကျင်ကို ကာကွယ်ထိန်းသိမ်းပါ။ ဒီလိုလုပ်‌တဲ့ နေရာမှာ ကျပ်တည်းစေတဲ့ နိုင်ငံရေးပေါလစီတွေကို ပြင်ပါ။ ကမ္ဘာကြီးဟာ အားလုံးနဲ့ဆိုင်တာမို့ အားလုံး တက်ညီလက်ညီ လုပ်ကြရပါမယ်" ဟု ကာဒီနယ်‌ ဖတ်ကြားခဲ့သည်။

၎င်းအစည်းဝေး၌ တရုတ် နှင့် ရုရှားနိုင်ငံ‌တို့ တက်ရောက်ခြင်းမရှိ ဟု သိရသည်။

https://bit.ly/3wdsNWs (Vatican News)

Credit to 1001NEWS

 

 

Add new comment

1 + 13 =