ကိုးရီးယား သာသနာပြုများကမ္ဘောဒီးယားမှ ဆင်းရဲနွမ်းပါးသူများအတွက် ဆေးခန်းဖွင့်လှစ်

ကိုးရီးယား သာသနာပြုများကမ္ဘောဒီးယားမှ ဆင်းရဲနွမ်းပါးသူများအတွက် ဆေးခန်းဖွင့်လှစ်

ကိုးရီးယား သာသနာပြုများကမ္ဘောဒီးယားမှ ဆင်းရဲနွမ်းပါးသူများအတွက် ဆေးခန်းဖွင့်လှစ်

ကမ္ဘောဒီးယားနိုင်ငံမှ ဆရာတော် Olivier Schmitthaeusler က ဖနွမ်းပင်မြို့၊ Dankor ခရိုင် Trapang Seila ကျေးရွာ၌ KOMISO လို့နာမည်ပေးထားတဲ့ ဆေးခန်း ကို ဖေဖော်ဝါရီ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ပါတယ်။

Korean Missionaries အဖွဲ့အစည်း ကဆေးဘက် ဆိုင်ရာ ကုန်ကျစရိတ်များကို ပေးဆောင်ပြီးဝင်ငွေနည်းသော မိသားစုများအတွက် KOMISO ဆေးခန်း ကနေ ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။

ကျန်းမာရေး တာဝန်ခံ Fr ဂျီဟွန်းကင်က ဤဆေးခန်းကို ဆင်း ရဲနွမ်းပါးသူများ အထူး သဖြင့် ကုသစရိတ်မပေးနိုင်သော မိသားစုများကို ကူညီရန် တည်ဆောက်ထားကြောင်း RVA News သို့ ပြောကြားခဲ့ပါတယ်။

သွားဘက်ဆိုင်ရာဆရာဝန်၊ အထွေထွေစစ်ဆေးခြင်းအတွက် နဲ့ဆင်းရဲနွမ်းပါး သူများကို အခမဲ့ဆေးဝါးများ ပေးဆောင်ခြင်း စတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ရန်အတွက် ကိုရီးယားဆရာဝန်များသည် ကမ္ဘောဒီး ယားနိုင်ငံသို့ လာရောက်ဆက်ကပ်နေကြတယ် ဆိုပြီး ဘုန်းတော်ကြီးက ပြောခဲ့ပါတယ်။

2020 ခုနှစ်မှစတင်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုပေးခြင်းအားဖြင့် ကိုရီးယားသာသနာပြုများဟာ ကမ္ဘောဒီးယားလူမျိုးများနဲ့ ရင်းနှီးသော ဆက်ဆံရေးကို ကောင်းမွန်ဖို့ရန် ဆေးခန်းအတွက် နေရာငယ်တစ်ခုကို စတင်ငှားရမ်းခဲ့ပြီး ကမ္ဘောဒီး ယားနိုင်ငံမှ ဆရာတော် Olivier Schmitthaeusler က လူများသည် ဖျားနာတဲ့သူတွေကို
ခရစ်တော်ထံ သယ်ဆောင်လာကြတယ်လို့ သတိပေးခဲ့ပါတယ်။

"ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ကုသဖို့ လိုပါတယ်။ ဒီဆေးခန်းဟာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကုသပေးရုံသာမကပဲ ဖျားနာသူတွေရဲ့ လိုအပ်ချက်ကို ရှာဖွေပြီး ငြိမ်းချမ်းမှုပေးဖို့အတွက် သူတို့ရဲ့ အခြေအနေကို နားလည်သဘောပေါက်ခြင်းလည်း ဖြစ်ပါတယ်" လို့ ဆရာတော် အိုလီဗီယာက ပြောကြားခဲ့ကြောင်း

ဖနွမ်းပင်မှာရှိတဲ့ ဘာသာတူများအနေနဲ့ အသင်းတော်ရဲ့ ဓမ္မ ညီလာခံ တွင်ပါဝင်ပြီး ပုပ်ရဟန်းကြီး မြွက်ကြားတဲ့ အတူတကွ ခရီးပြုကြရန် ဘုန်းတော်ကြီးမှ သတိပေးခဲ့ပါတယ်။

ဤနေရာ၌ ကျွန်ုပ်တို့တွေဟာ ကက်သလစ်ဘာသာဝင်များအဖြစ် ဧဝံဂေလိတရားကို ဟောကြားရာနေရာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရဲ့သက်သေခံတွေဖြစ်လာဖို့၊ အထူးသဖြင့် မျှော်လင့်ချက်ကင်းမဲ့တဲ့ ကလေးတွေကို လမ်းပြဖို့ အစီအစဉ်အမျိုးမျိုးကနေတဆင့် ပြန်လည်တွေးတောဖို့ အခွင့် အရေးတစ်ခုပါပဲ လို့ ဆရာတော် Olivierက ပြောကြားခဲ့ပါတယ်။

"ကမ္ဘောဒီးယားမြေပေါ်တွင် အသိုက်အဝန်းတစ်ခု တည်ဆောက်ပြီးပြန်လည်စဉ်းစားရန်အတွက် ဤအခွင့်အရေးများကို အသုံးပြုဖို့ဆရာတော်က တိုက်တွန်းခဲ့တယ်။

ကမ္ဘောဒီးယားမှာ နိုင်ငံအသီးသီးမှ သာသနာပြုများစွာရှိတာကြောင့် ဆရာတော် Olivier က ဤသာသနာပြုအဖွဲ့အစည်းများဟာ အတွေ့အကြုံများကို မျှဝေရန် အတူတကွ ခရီးနှင် ကြပြီး သာသနာ့နယ်မြေအတွင်းရှိ အခြားဘာသာရေးအဖွဲ့အစည်းများထံမှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ ပြောဆိုခဲ့ကြောင်း

ကမ္ဘောဒီးယားရှိ ဧဝံဂေလိတရားကို ဟောရန် ကျွန်ုပ်တို့အား အမြဲလမ်းပြပြီး ကျွန်ုပ်တို့အား ကျန်းမာ၊ ကာယခွန်အား၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားများရရှိရန် သခင်ယေဇူး၏ အလင်းကျေးဇူးတော်ကို တောင်းခံပြီး ကျွန်ုပ်တို့အတူတကွ လုပ်ဆောင်မှသာ ကျန်းမာရေးကဏ္ဍသည် ရှေ့ဆက်သွားနိုင်မည်" လို့ ဆရာတော် Olivier က ပြောကြားခဲ့ပါတယ်။

Komiso ဆေးခန်းတွင် အပိုင်းနှစ်ပိုင်းပါရှိပြီး ဆရာဝန် (၂) ဦးနဲ့ ဝန်ထမ်း (၃) ဦးက အခမဲ့ ဆက်ကပ်အစေခံမှာဖြစ်ပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3BhEIVS

Add new comment

8 + 2 =