ကိုးရီးယားမှယူကရိန်းစစ်ဒဏ်သင့်ဇုံများသို့လူသားချင်းစာနာသောအကူအညီများပေးပို့

ကိုးရီးယားမှယူကရိန်းစစ်ဒဏ်သင့်ဇုံများသို့လူသားချင်းစာနာသောအကူအညီများပေးပို့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ကရုဏာရေးလုပ်ငန်းတာ၀န်ခံ ကာဒီနယ် Konrad Krajewski ကကိုးရီးယားမှယူကရိန်းနိုင်ငံအတွက်ပေးပို့ လူသားချင်းစာနာသောအကူအညီကိုသက်ဆိုင်ရာသို့ပေးပို့လိုက်ပြီဖြစ်ကြောင်းဆိုသည်။

ထရပ်ကားနှစ်စီးအပြည့်ရှိသောစားစရာများကိုပေးပို့လိုက်ကြောင်း၊ ယခုရိက္ခာခြောက်ကို ကိုးရီးယားကုမဏီကြီးတစ်ခုမှအထုပ် (၃၀၀,၀၀၀) အား စစ်သင့်ဇုံသို့ ပေးပို့ရန်ဗာတီကန်မှတဆင့်ပေးပို့ခဲ့ကြောင်း၊ဟင်းချိုရည်ချက်သောက်နိုင်သောအခဲများသည်ရေနွေးဖြင့်လွယ်ကူစွာဖျော်သောက်နိုင်သည်ဟုဆိုသည်။

ပစ္စည်းများတင် ဆောင်ရန်အတွက် ရဟန်းမင်းကြီးဖရန်စစ်မှစီစဉ်ပေးထားသောအိပ်ဆောင်၌ခိုလုံနေသောသူ (၃၀) ဦးမှ ပစ္စည်းများကူချခဲ့ပြီး စိန့်ဆိုဖီယာ ဂရိကက်သလစ်ဘုရားကျောင်းသို့လတ်တ လော၌ပို့ဆောင်ထားသည်။

စစ်ပွဲစဖြစ်သည့်အချိန်မှယခုအထိအကူပစ္စည်းများကိုပေးပို့လာခဲ့သည်မှာ (၁၀၆) ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သော Lviv ၌လည်း များ မကြာမီအိမ်တစ်ဆောင်ဖွင့်လှစ်၍ မုဆိုးမများနှင့်ကလေးမိခင်တို့ကိုလက္ခံထားရှိမည်ဖြစ်ကြောင်း၊ ဤသို့အကူ အညီပေးပို့ခြင်းသည်လည်း ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နိုင်သည်များကိုလုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ အတိဒုက္ခရောက်နေသူများအားယခုကဲ့သို့ကူညီခြင်းသည် ဒုက္ခကြား၌၄င်းတို့ချီးခါးစီးခံနေရသည်ဟုမခံစားစေလို၍ဖြစ်ကြောင်း၊ ဤနည်းအားဖြင့် ရဟန်းမင်းကြီးသည် ၄င်းတို့နှင့်အတူရှိကြောင်းကိုပြသခြင်းဖြစ် ကြောင်းဆိုသည်။

အမိသာသနာတော်ကြီးသည် မည်သို့မျှခွဲခြားခြင်းမပြုဘဲ အကူအညီလိုအပ်သူများအားကူညီပေးလျှက်ရှိကြောင်း၊ ယခုကဲ့သို့ကူညီပေးခြင်းသည်လည်း စိတ်ကောင်းနှလုံးကောင်းရှိသူတို့၏ရက်ရောခြင်းအသီးအပွင့်ပင်ဖြစ် ကြောင်း၊ ရဟန်းမင်းကြီးအနေဖြင့်လူကိုယ်တိုင်မကြွရောက်နိုင်သော်လည်း ၄င်းတို့နှင့်တတ်နိုင်သည့်ဖက်မှနီးကပ်စွာရှိနေကြောင်းကိုသိရှိစေလိုကြောင်း၊ ပြီးခဲ့သောဆောင်းတွင်းက စစ်ဖြစ်နေသောဇုံသို့ ကာဒီနယ်ကိုယ်တိုင်ရောက်ရှိနေခဲ့ရာ လွန်စွာထိတ်လန့်သွားစေခဲ့ကြောင်းပြောကြားခဲ့ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://tinyurl.com/y52v86er

Add new comment

5 + 5 =