ကိုးရီးယားကက်သလစ်သာသနာတော်ကြီးသည် စိန့်အန်ဒရူးကင်မ်၏နှစ် (၂၀၀) ပြည့်မွေးနေ့ကျင်းပ

ကိုးရီးယားကက်သလစ်သာသနာတော်ကြီးသည် စိန့်အန်ဒရူးကင်မ်၏နှစ် (၂၀၀) ပြည့်မွေးနေ့ကျင်းပ

ကိုးရီးယားကက်သလစ်သာသနာတော်ကြီးသည် စိန့်အန်ဒရူးကင်မ်၏နှစ် (၂၀၀) ပြည့်မွေးနေ့ကျင်းပ

ဓမ္မအာဇာနည်တစ်ဦး၏ယုံကြည်ခြင်း

ကိုးရီးယားကက်သလစ်သာသနာတော်ကြီးသည် ပြီးခဲ့သော ဩဂုတ်လ (၂၁) စနေနေ့က ပထမဦးဆုံးသောဒေသခံရ ဟန်းတော်ဖြစ်သော စိန့်အန်ဒရူးကင်မ်၏ နှစ် (၂၀၀) ပြည့်မွေးနေ့ပွဲကိုကျင်းပခဲ့ကြသည်။ စိန့်အန်ဒရူးကင်မ်အား (၁၈၂၁) ၌ မွေးဖွားခဲ့ပြီး၊ (၁၈၄၆) ခု နှစ်၌ပျံလွန်သွားခဲ့သည်။ ထိုဂျူဗလီနှစ်ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုးရီးယားကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်က ယခင်နှစ် (၂၀၂၀၊ နို၀င်ဘာ ၂၉) မှသည် (၂၀၂၁၊ နိုင်၀င်ဘာ ၂၇) အထိ ဂျူးဗလီနှစ်အဖြစ်သတ်မှတ် ကျင်းပလျှက်ရှိသည်။ ဂျူဗလီနှစ်အတွက် ရွေးချယ်ထားသောဆောင်ပုဒ်မှာ ‘သင်သည်ကက်သလစ်ဘာသာကိုကျင့်ကြံရှင်သန် သူတစ်ဦးလော’ ဟုဖြစ်သည်။ ဤမေးခွန်းသည်ကိုရွေးချယ်ရခြင်းမှာ စိန့်အန်ဒရူးကင်မ်အားဖမ်းဆီးထားသောအာဏာသားတို့ က ဤမေးခွန်းကိုမေးမြန်းစစ်ဆေးခဲ့သောကြောင့်ဖြစ်သည်။ စိန့်အန်ဒရူးကင်မ်သည် ထိုစဉ်က သက်တော် (၂၅) နှစ်သာရှိသေးသော အလွန်စိတ်အားထက်သန်သောရဟန်းပျိုသာရှိသေးသည်။ ထိုသို့မေးမြန်းခံရသည်ကို လုံး၀ကြောက်ရွံ့စိတ်၊ ဟန်ပန်မရှိ။ ရဲရင့်ပြတ်သားစွာဖြင့် ‘ဟုတ်တယ်။ ကျွန်တော်က ကက်သလစ်သာသနာရဲ့သွန်သင်ချက်ကို ကျင့်ကြံရှင်သန်နေသူပါ’ ဟုရဲရင့် ပြတ်သားစွာဖြေကြားခဲ့သည်။ ထိုဖြေကြားချက်သည် နောက်ဆုံး၌ သူ၏အသက်ကိုပင်ချွေသွားခဲ့သည်။ သူ့အား (၁၈၄၆၊ စက် တင်ဘာလ ၁၆) ရက်နေ့၌ ယခု Yongsan ခရိုင်၊ ဆိုးမြို့၊ Ichon-dong ရှိ Saenamteo ဓမ္မအာဇာနည်များ၏သချိုင်းအဖြစ်ပြု လုပ်ထားသောနေရာ၌ ခေါင်ဖြတ်ကွက်မျက်ခံခဲ့သည်။ သူသည် Joseon မင်းဆက်လက်ထက် ကက်သလစ်ဘာသာ၀င်များအား သတ်ဖြတ်နှိပ်စက်သောကာလ၌ ကွပ်မျက်ခံခဲ့ရသည်။ အဘယ်မျှရက်စက်ကြမ်းကြုတ်သည့်နှိပ်စက်မှုမျိုးနည်းဟုမူ ဘုရင်မှအ ပြစ်ရှိသည်ဟုသတ်မှတ်၍ ကွပ်မျက်ခံရသောသူသာသတ်ဖြတ်ခံရသည်မဟုတ်ဘဲ ကက်သလစ်ဘာသာ၀င်ဖြစ်နေသော မိသားစု ၀င်အားလုံးကိုသတ်ဖြတ်သည်။ စိန့်အန်ဒရူးသည် ရဟန်းသိက္ခာခံယူပြီး (၁၃) လအကြာကွပ်မျက်ခံခဲ့ရသည်။ သူသည် ကက်သ လစ်ရဟန်းတစ်ပါးဖြစ်လာရန် သင်ကြားရသောပညာရပ်များကို တရုတ်နိုင်ငံ၌သင်ကြားခဲ့ရသည်။ သူသည် ရဟန်းသိက္ခာကို ရှန်ဟိုင်းမြို့ကက်သီဒရယ်၌ (၁၈၄၅) ခုနှစ်တွင်ခံယူခဲ့သည်။ သူသည် တရားတော်အတွက်ကွပ်မျက်ခံခဲ့ရသော ကိုးရီးယားကက် သလစ်ဘာသာတူ (၁၀၃) ဦးတွင်ပါ၀င်ခဲ့သူဖြစ်သည်။ ထို (၁၀၃) ဦးအနက် အမျိုးသမီး (၁၅) ဦးလည်းပါသည်။ တရားတော် အတွက် ကွပ်မျက်ခံရသောသူအားလုံးကို ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) မှ (၁၉၈၄၊ မေလ ၆) ရက်နေ့ကရဟန္တာတင်မြောက် ခဲ့သည်။ ၄င်းတို့၏ပွဲနေ့ကို နှစ်စဉ် စက်တင်ဘာလ (၂၀) ရက်နေ့တွင်ကျင်းပလေ့ရှိသည်။ ရဟန်းမင်းကြီးဖရန်စစ်လည်း အာရှလူ ငယ်ပွဲတော်အတွက်ကြွရောက်စဉ်က တရားတော်အတွက် ကွပ်မျက်ခံရသော သူတော်အပေါင်းတို့၏အုတ်ဂူသို့ကြွရောက် ၍ဂရ၀ပြုခဲ့သည်။

ဓမ္မသက်သေတော်ကြီး၏ နှစ် (၂၀၀) ပြည့်မွေးနေ့ပွဲကျင်းပ

ဩဂုတ်လ (၂၁) ရက်နေ့၊ စနေနေ့က ကိုးရီးယားကက်သလစ်ဘာသာ၀င်များသည် ဓမ္မအာဇာနည်လည်းဖြစ်ပြီး၊ ဒေသခံပထမဦးဆုံးရဟန်းတော်လည်းဖြစ်သော စိန့်အန်ဒရူးကင်မ်၏ နှစ် (၂၀၀) ပြည့်မွေးနေ့ပွဲကို ဘုရားကျောင်းပေါင်း (၁၇၅၀) ကျောင်းတွင် မစ္ဆားတရားပူဇော်၍ ကျင်းပခဲ့သည်။ ကိုးဗစ် (၁၉) သဘာ၀ဘေးအန္တာရာယ်ဆိုင်ရာဥပဒေကြောင့် ကိုယ် တိုင်ကိုယ်ကျ မစ္ဆားတရားပူဇော်ခြင်း၌မပါ၀င်နိုင်သူများကိုမူ လိုင်းမှတိုက်ရိုက်ထုတ်လွှင့်ခြင်း၌ပါ၀င်ကြရန်ညွှန်ကြားထား သည်။ ဘုရားဖူးခရီးစဉ်များ၊ ၀ိညာဉ်ရေးဆိုင်ရာအစီအစဉ်များ၊ ပြတိုက်နှင့်ဆုတောင်းခြင်းအစီအစဉ်များကိုလည်း စီစဉ်ခဲ့ကြ သည်။

ဗာတီကန်လက်အောက်ရှိ ရဟန်းတော်များဆိုင်ရာရုံးတော်၏တာ၀န်ခံအဖြစ်အမှုတော်ထမ်းနေသော ကိုးရီးယာဂိုဏ်း ချုပ်ဆရာတော် Lazarus You Heung-sik ကလည်း ရောမမြို့၌နေထိုင်နေကြသော ကိုးရီးယားကက်သလစ်ဘာသာတူများအ တွက် စိန့်ပီတာဘုရားရှိခိုးကျောင်းကြီး၌ မစ္ဆားတရားကိုညနေပိုင်း၌ပူဇော်ပေးခဲ့သည်။ အဆိုပါမစ္ဆားတရားပူဇော်ခြင်း၌ ပါ၀င်ပူ ဇော်ခဲ့ကြသူများအနက် ရောမမြို့၌ကျောင်းတက်နေသောစာသင်ရဟန်းတော်များ၊ သန့်ရှင်းသောကိုးရီးယားဓမ္မအာဇာနည်များ ဘုရားကျောင်း၌တက်ရောက်နေသော ကိုးရီးယားဘာသာတူများ၊ သူတော်စင်အသီးသီးမှကိုးရီးယားသီလရှင်များ၊ ဗာတီကန် ဆိုင်ရာ ကိုးရီးယားသံရုံး၌အမူထမ်းနေသော၀န်ထမ်းများပါ၀င်ပူဇော်ခဲ့ကြသည်။ သို့သော် ကိးဗစ် (၁၉) ဥပဒေကြောင့် လူဦးရေ ကန့်သတ်ခဲ့ရသည်။ ဂိုဏ်းချုပ်ဆရာတော် Lazarus You Heung-sik သည်ဗာတီကန်၌ လက်ရှိအမှုတော်မထမ်းဆောင်မည် ယခင်က Daejeon သာသနာ၏ဆရာတော်ဖြစ်နေရာမှ ပြီးခဲ့သော ဇွန်လက ဗာတီကန်၌အမူတော်ထမ်းဆောင်ရန်တာ၀န်ပေးအပ်ခံ ခဲ့ရသည်။ သူသည် ဤပွဲဖြစ်မြောက်ရေးကော်မတီ၏တာ၀န်ခံအဖြစ် ကိုးရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှတာ ၀န်ပေးအပ်ခံထားခဲ့ရသူဖြစ်သည်။ ‘ပထမဦးဆုံးသော ကိုးရီးယားဒေသခံရဟန်းဓမ္မအာဇာနည်၏စံပြုထိုက်သောအသက်တာ သည် ကိုးရီးယားကက်သလစ်များအတွက် အလေးအနက်ထားဆင်ခြင်ရန်လိုအပ်ပြီး၊ တည်ကြည်သောကက်သလစ်များဖြစ်ကြ ရန်လိုအပ်သည်’ ဟုပြောကြားခဲ့သည်။
Ref:Vatican News
#rvamyanmar #rvapastoralcare #rvanews

Add new comment

7 + 6 =