ကိုးရီးယားကက်သလစ်လွှတ်တော်အမတ်များအားလူ့အသက်ကိုကာကွယ်ရန်နှင့်ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ကြရန်ကာဒီနယ်တိုက်တွန်း

ကိုးရီးယားကက်သလစ်လွှတ်တော်အမတ်များအားလူ့အသက်ကိုကာကွယ်ရန်နှင့်ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ကြရန်ကာဒီနယ်တိုက်တွန်း

ကိုးရီးယားကက်သလစ်လွှတ်တော်အမတ်များအားလူ့အသက်ကိုကာကွယ်ရန်နှင့်ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ကြရန်ကာဒီနယ်တိုက်တွန်း

တောင်ကိုးရီးယားကက်သလစ်လွှတ်တော်အမတ်များအနေဖြင့်ချို့တဲ့နွမ်းပါးသူများ၊ အားနည်း သူများအားကာကွယ်ရန်၊ လူ့အသက် နှင့်ငြိမ်းချမ်းရေးကိုနိုင်ငံ ရေးအသွင်တိုးမြင့်လုပ်ဆောင်ရန်အတွက် တောင်ကိုးရီးယားကာဒီနယ်၊ ဆိုးလ်ဂိုဏ်းချုပ်ဆရာတော် Andrew Yeom Soo-jung ကပြီးခဲ့သော ကြာသပတေးနေ့ကမိန့်ကြားခဲ့သည်။

ကာဒီနယ်သည် (၂၁) ကြိမ်မြောက်တောင်ကိုးရီးယားအမျိုးသားအစည်းအဝေးအတွက်ရွေးချယ်ခံရသောအဖွဲ့၀င်သစ်ကက်သလစ်ဘာသာ၀င်များအတွက်မစ္ဆားပူဇော်ပေးစဉ်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ထိုမစ္ဆားတ ရားသို့ ကက်သလစ်လွှတ်တော်အမတ် (၄၃) ဦးနှင့်အ မျိုးသားအဆင့်ဥပဒေပြုအဖွဲ့၀င်အချို့လည်းတက်ရောက်ခဲ့သည်။ ကာဒီနယ် နှင့်အတူရ ဟန်း တော်ကိုး ပါးခြံရံလျှက်မစ္ဆားပူဇော်ခဲ့သည်။

သက်တော် (၇၆) နှစ်ရှိပြီဖြစ်သော ကာဒီနယ်သည်သူ၏ဩ၀ါဒအတွင်း ၌ ကိုဗစ် (၁၉) ကပ်ဆိုး ကြီးနှင့်ပတ်သက်၍ ‘ကျွန်ုပ်တို့အား လုံးသည်အလွန်နူးညံ့ကြပြီး၊ အကူအညီမဲ့နေကြသည်ကိုပြန်လည်သ တိထားလာမိကြသည်။ ဤကမ္ဘာကြီး၌ကျွန်ုပ်တို့သည်ဒုန်းစိုင်း၍၊ အလွန်အားကောင်းမောင်းသန်လှ သည် မည်သည့်အရာမဆိုလုပ်နိုင်ကိုင်နိုင်သည်ဟုတွေးထင်ကာရှေ့သို့သာသွားနေကြသည်။ အမြတ်အ စွန်းကိုလောဘကြီးနေကြသည်။ ထိုလောဘဇောကပ်စေသည့်အမှုများ၌ကျွန်ုပ်တို့ကိုယ်ကိုလှောင်ပိတ်မိစေကြသည်။ မြူဆွယ်မူ၏ နောက် ကောက်ကောက်ပါသွားကြသည်။ သတိပေးချက်များကိုမကြားနိုင်၍မရပ်နိုင်မနားနိုင်ဖြစ်ရသည်။ ကမာနှင့်အဝှမ်း၌ဖြစ်ပွားနေသော မတရားမှု၊ စစ်မက်များသည်လည်း ကျွန်ုပ်တို့ကိုမတုန်မလှုပ်စေတော့ပေ။ နွမ်းပါးချို့တဲ့နေသူတို့၏ငိုရှိုက်သံကိုလည်းမကြားနိုင်။ နေထိုင်မ ကောင်းဖြစ် နေသောကျွန်ုပ်တို့ကမ္ဘာကြီး၏ဝေဒနာကိုမမြင်မတွေ့နိုင်တော့ပေ။ နိုင်ငံရေးသည်အမှန်ဆိုရလျှင်ကရုဏာရေးလုပ်ငန်းကိုထူးခြားစွာပြုနိုင်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်ချို့တဲ့ နွမ်းပါးသူများနှင့်အားနည်းသောသူများကိုကာကွယ်စောင့်ရှောက်ရန်၊ လူ့ဘ၀တန်ဖိုးကို တိုး မြင့်လုပ်ဆောင်ရန်၊ အားလုံးနှင့်ငြိမ်း ချမ်းစည်းလုံးစွာနေထိုင်နိုင်ရန်ကြိုးစားကြရန် ကာဒီနယ်ကရဟန်းမင်းကြီ၏ ‘Urbi et Orbi’ ဩ၀ါဒကိုလည်းကောင်း၊ (၂၀၁၉) ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သတင်းစကားများ ကိုမှီငြမ်းရန်မိန့်ကြားခဲ့သည်။

မစ္ဆားတရားပူဇော်ပြီးနောက် ကာဒီနယ်သည် (၂၁) ကြိမ်မြောက်အမျိုး သားအစည်းအဝေးကြီး ၏ ပြော ရေးဆိုခွင့်ရှိသူ Park Byeong- seug နှင့်စကားပြောဖြစ်ကြရာဤအစည်းအဝေးကြီးအနေဖြင့် တိုင်း ပြည်တို့၏စိတ်ထဲ၌ရှိသောခံစားချက်အစိုင်အခဲများကိုဖြေလျော့ခွင့်လွတ်ပြီး၊ အချင်းချင်းသဟဇတရှိ စွာဖြင့်ပြန်လည်ပေါင်းစည်းနိုင်မည်ဟုမျှော်လင့်ကြောင်း၊ ကိုဗစ် (၁၉) ကပ်ဆိုးကြီးသည် လူမှုရေးအသက်တာကိုအလွန်ထိလွယ်ရှလွယ်သောအခြေအနေဖြစ်အောင်ဖန်တီးလိုက်သောကြောင့်ပိုမိုခက်ခဲသွားရကြောင်း၊ ကာဒီနယ်အနေ ဖြင့်ကက် သလစ်ဘာသာတူ များ၏လုံခြုံမှုအတွက်မစ္ဆားပူဇော်ခြင်းနှင့်အခြား သောဘာသာရေးဝတ္တရားများကိုအွန်လိုင်းမှထုတ် လွှင့်ထိတွေ့ပေးနေသည့်အ တွက်ကျေးဇူး တင်ပါ ကြောင်းပြောကြားခဲ့သည်။ ကာဒီနယ်မှလည်းကက်သလစ်လွှတ်တော်အမတ်အချင်းချင်းအမျိုးသားအတွက်ပိုမိုညီညွတ်စွာလုပ်ဆောင် ကြမည်ဟုလည်းမျှော် လင့်ကြောင်းဖြင့်ထုတ်ဖော်ပြောကြားခဲ့သည်ကို ဗာတီကန်သတင်းအရ သိရှိရပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2W4zNUQ
 

Add new comment

4 + 8 =