Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကိုးဗစ် (၁၉) နှင့်ဆိုင်သောကြေညာချက်ထုတ်ပြန်အပြီး ပထမဦးဆုံးအကြိမ်အဖြစ် စစ္စတင်းဘုရားကျောင်း၌ ပုပ်ဖရန်စစ်သည် ကလေးငယ်များအားဆေးကြောခြင်းမဂ်လာပေးခဲ့
ကိုးဗစ် (၁၉) နှင့်ဆိုင်သောကြေညာချက်ထုတ်ပြန်အပြီး ပထမဦးဆုံးအကြိမ်အဖြစ် စစ္စတင်းဘုရားကျောင်း၌ ပုပ်ဖရန်စစ်သည် ကလေးငယ်များအားဆေးကြောခြင်းမဂ်လာပေးခဲ့
ရဟန်းမင်းကြီးတို့၏ ဘုရားကျောင်းဆောင်ဟုလည်း လူသိများသော စစ္စတင်း ဘုရားကျောင်းဆောင်အတွင်း ၌ ကိုးဗစ် (၁၉) ရောဂါကူးစက်ခြင်းမှထိန်းချုပ်နိုင်ရန် ကြေညာချက်ထုတ်ပြန်ခဲ့သည့်အချိန်မှစ၍ မည်သည့်အစီအစဉ် မျှမပြုလုပ်ခဲ့သော ဘုရားကျောင်းဆောင်၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ပြီးခဲ့သော ယေဇူးသခင်ဆေးကြောခြင်းမဂ်လာခံယူသောပွဲနေ့ တနဂ်နွေနေ့က ကလေးသူငယ် (၁၆) ဦးအား ပထမဦးဆုံးအကြိမ်ဆေးကြောခြင်းမဂ်လာပေးခဲ့ သည်။ ၄င်းတို့အနက် ယောကျာ်းလေး (၇) ဦးနှင့်မိန်းကလေး (၉) ဦးဖြစ်သည်။ ဆေးကြောခြင်းမဂ်လာပေးသောအ ခမ်းအနားအတွင်း ရဟန်းမင်းကြီးမှဩ၀ါဒတိုလေးပေးခဲ့ပါသည်။
ကလေးသူငယ်များ ဆေးကြောခြင်းမဂ်လာခံယူ ခြင်းသည် ၄င်းတို့၏ ဘုရားသခင့် သားသမီး ဖြစ်ခွင့်ကိုခံယူ ခြင်းဖြစ်သည်။ မိဘများ၊ ခေါင်းကိုင်မိဘများသည်လည်း ကလေးတို့၏အမှတ်တံဆိပ်မပပျောက်သွားစေရန် ကာကွယ်ပေးရမည်။ ဤသည်ကား ကလေးများနှင့်ပတ်သက်၍ မိဘများနှင့်ခေါင်းကိုင်မိဘတို့၏ တစ်ဘ၀စာတာ၀န်ဖြစ် သည်။ နေ့စဉ်လက်တွေ့ဖော်ဆောင်ရမည်။ ၄င်းတို့ခံယူခဲ့သော ယေဇူးသခင်၏အလင်းတော်ကို နေ့စဉ်ထွန်းလင်း တောက်ပနိုင်စေရမည်။
ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၂၀) ဇန္န၀ါရီလ (၁၂) ရက်နေ့ကလည်း ယောကျာ်းလေး (၁၇) ဦး၊ မိန်းကလေး (၁၅) ဦး စုစုပေါင်းကလေး (၃၂) ဦးကိုလည်း ဆေးကြောခြင်းပေးခဲ့သည်။ ထို့နောက် မတ်လ (၁၁) ရက် နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကိုးဗစ်ကူးစက်မြန်ရောဂါကြောင့် မည်သည့်အကြောင်းကြောင့်မဆို လူစုလူ ဝေးများမပြုလုပ်ရန်ထုတ်ပြန်လာသည်။ ထို့ကြောင့် ထိုအချိန်မှစ၍ (၂၀၂၀ မတ်လ ၁၁) မှသည် (၂၀၂၁) ခုနှစ်အ တွင်းမွေးဖွားသောကလေးများသည် စစ္စတင်းဘုရားကျောင်းဆောင်၌ဆေးကြောခြင်းမဂ်လာကိုမပေးနိုင်တော့ဘဲ သက်ဆိုင်ရာ ၄င်းတို့၏သာသနာအုပ်စု၌သာ ကျောင်းထိုင်များနှင့်ဆေးကြောခြင်းမဂ်လာခံယူခဲ့ကြသည်။
ရဟန်းမင်းကြီးသည် ယခု (၂၀၂၀) နှစ်က ယခုကဲ့သို့သော တနဂ်နွေနေ့၌ ကာဒီနယ် Konrad Krajewski၊ ဂိုဏ်းချုပ်ဆရာတော် Fernando Vérgez Alzaga နှင့်အတူ ‘Last Judgment’ (နောက်ဆုံးစီရင်ချက်) ဟုအမည်ပေးထား သောမစ္ဆားပလ္လင်မှ တိုက်ရိုက်ထုတ်လွှင့်ရင်း မစ္ဆားတရားကိုပူဇော်ခဲ့သည်။ ယခင်နှစ်၌လည်း စစ္စတင်းဘုရားကျောင်း ဆောင်၌ မစ္ဆားပူဇော်ခဲ့သည်။ သို့သော် ယခုနှစ်၌မူ မစ္ဆားပူဇော်ရာတွင် ဘာသာတူများဖက်သို့မျက်နှာမူ၍ပူဇော်ခဲ့ သည်။ မစ္ဆားတရားပူဇော်ခြင်း အစမှသည်အဆုံးတိုင် ကလေးငယ်များ၏ငိုသံများနှင့်ကွာယာသံများအပြိုင်ညံနေခဲ့ သည်။
ယခင့်ယခင်နှစ်များက ရဟန်းမင်းကြီးသည် ဆေးကြောခြင်းခံရန် ၄င်းတို့၏ရင်သွေးငယ်များနှင့်ဘုရား ကျောင်းဆောင်သို့ရောက်ရှိနေသောမိဘများအား ၀တ်ပြုချိန်အတွင်း ကလေးများငိုလျှင်လည်း မစိုးရိမ်ကြရန်မိန့် ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤ၀တ်ပြုခြင်းအခမ်းအနားသည် အနည်းငယ်ကြာတတ်သည်။ တိတ်ဆိတ် ငြိမ်သက်စွာနေရသော ကလေးသူငယ်များအဖို့ နေရာ၊ အသိုင်းအ၀ိုင်းသည် အထူးအဆန်းဖြစ်နေပေမည်။ ယနေ့ သည် ၄င်းတို့၏ပွဲဖြစ်သည်။ ၄င်းတို့အားပူလောင်အိုက်စပ်မှုမဖြစ်စေရန်သာ သတိရှိပါ။ ၄င်းတို့အား သက်တောင့်သက် သာရှိနေစေပါ။ ၄င်းတို့ ဗိုက်ဆာလာလျှင်လည်း ဘုရားသခင်ရှေ့တော်မှောက်၌ တိုးတိုးတိတ်တိတ်ကျွေးပါ။ ပြဿ နာမရှိပါ။ သူတို့ငိုကြလျှင်လည်း ငိုခိုင်းလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် အသင်းအပင်းစိတ်ဓာတ်ရှိ ကြောင်းပြသည်။ ဘင်ခရာအဖွဲ့ကဲ့သို့ဖြစ်သည်။ အတူတကွလုပ်ဆောင်တတ်ကြသည်။ အဓိကမှာ တစ်ဦးဦးကအစ ပျိုးလိုက်ရုံသာလိုသည်။ သူတို့အားလုံးသည် မြူးစိကိုတတ်ကျွမ်းသည်။ တစ်ဦးအစပြုလိုက်သည်နှင့်တီး၀ိုင်းတစ်ဖွဲ့ လုံး အသံထွက်လာကြသည်။ သူတို့ကိုငိုခွင့်ပြုလိုက်ပါ။ လွတ်လွတ်လပ်လပ်ဖြစ်နေပါစေ။ ဗိုက်အဆာမခံစေနှင့်။ ယေဇူးသခင်၏ဆေးကြောခြင်းမဂ်လာခံယူသောပွဲနေ့သည် ယေဇူးသခင်၏ဂျော်ဒန်မြစ်၀ှမ်း၌ ဆေးကြောခြင်းဆရာ ယောဟန်လက် တော်မှဆေးကြော ခြင်းခံယူခဲ့ခြင်းကို ပြန်လည်အမှတ်ရခြင်းဖြစ်သည်။ ကက်သလစ်သာသနာတော် ကြီး၏ဘုရားစကားစာအုပ် (CCC) ၌ဖော်ပြထားသည်မှာ ဆေးကြောခြင်းသည် အခြေခံ ခရစ်ယာန်အသက်တာဖြစ် သည်။ ၀ိညာဉ်ရေးအသက်တာသို့ အ၀င်ပေါက်ဖြစ်သည်။ အခြားသောစက္ကရာမင်တူးများကိုခံယူရန် ၀င်ပေါက်ကြီး ဖြစ်သည်ဟုဆိုသည်။
စိန့်ဂျွန်ပေါလ် (၂) ကစ၍ ထိုနေ့၌ စစ္စတင်းဘုရားကျောင်းဆောင်၌ ကလေးသူငယ်များအား ဆေးကြော ခြင်းပေးသည့်အစဉ်အလာကို (၁၉၈၁၊ ဇန္န၀ါရီလ ၁၁) ရက်နေ့က စတင်ခဲ့သည်။ ဤအစဉ်အလာကို အစပိုင်း၌ စစ္စတင်းဘုရားကျောင်း၌ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ ရဟန်းမင်းကြီးသီတင်းသုံဂသော ကျောင်းတိုက်ရှိ ပေါ်လိုင်းဘုရား ကျောင်းဆောင်၌စတင်ခဲ့ရာမှ (၁၉၈၃) ခုနှစ်မှ စစ္စတင်းဘုရားကျောင်းဆောင်သို့ပြောင်းသွားခဲ့သည်။ ဤအစဉ်အလာ ၏အစပိုင်း၌ ကလေးသူတိုင်းကိုဆေးကြောခြင်းပေးခဲ့ခြင်းမဟုတ်ပေ။ ဗာတီကန်ရဲများဟုလူသိများသော ရဟန်းမင်း ကြီး၏ သက်တော်စောင့် ဆွီစ်ရဲများ၏ရင်သွေးများကိုသာ ဆေးကြောခြင်းပေးခဲ့သည်။ ထိုမှတဆင့် ဗာတီကန်၌အမှု ထမ်းသော အိမ်ထောင်သည်၀န်ထမ်းများ၏ သားသမီးရင်သွေးများကို လည်းထည့် သွင်းလာသည်။
ဤဘုရားကျောင်း ၌ ဆေးကြောခြင်းခံယူမည့်ကလေးသည် အသက်တစ်နှစ် မပြည့်သူများကို သာခွင့်ပြုသည်။ မိဘများသည် ဘုရား ကျောင်းလက်ထပ်ထိမ်းမြှားခြင်းစက္ကရာမင်တူးကို ကောင်းမွန်စွာခံယူထားကြသောအိမ်ထောင်သည်များဖြစ်ရမည်။ ကလေးသူငယ်များသည် ဆေးကြောခြင်းခံယူမည့် စစ္စတင်းဘုရားကျောင်းသို့ မိဘများ၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းကိုင်မိဘများ ခြံရံ၍လာရောက်ရသည်။ ဆေးကြောခြင်းမဂ်လာကို အမှန်တကယ်ခံယူခြင်းမပြုမီ အခမ်းအနား ၌အဆင်ပြေစေရန်ရည်ရွယ်၍ အခမ်းအနား၌ပါ၀င်ကြမည့် မိသားစု၀င်များသည် အစမ်းလေ့ကျင့်ခြင်းကိုလည်းပြု လုပ်ရသည်။ ထိုအခမ်းအနားမျိုး၌ ကလေးများအတွက် အ၀တ်အစားများလဲနိုင်ရန် အဆိုပါအခမ်းအနားကျင်းပသည် နေရာနှင့်မလှမ်းမကမ်း၌ ဗာတီကန်မှအခန်းစီစဉ်ပေးထားသည်ဟုဆိုသည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment