ကိုးဗစ်ရောဂါကူးစက်မှုမထိန်း ချုပ်နိုင်မီအဘယ်ကြောင့် အီရတ်သို့တမန်တော်ခရီး ကြွခဲ့ကြောင်း ပုပ်ဖရန်စစ်မြွက် ကြား

ကိုးဗစ်ရောဂါကူးစက်မှုမထိန်း ချုပ်နိုင်မီအဘယ်ကြောင့် အီရတ်သို့တမန်တော်ခရီး ကြွခဲ့ကြောင်း ပုပ်ဖရန်စစ်မြွက် ကြား

ကိုးဗစ်ရောဂါကူးစက်မှုမထိန်း ချုပ်နိုင်မီအဘယ်ကြောင့် အီရတ်သို့တမန်တော်ခရီး ကြွခဲ့ကြောင်း ပုပ်ဖရန်စစ်မြွက် ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အီရတ်နိုင်ငံမှတမန်တော်ခရီးကြွရောက်အပြီး ရောမသို့အပြန်လေယာဉ်ပေါ်၌အစဉ်အလာအတိုင်း ပင်သတင်းထောက်များ၏မေးမြန်းချက်များကိုမမောမပန်းပြန်လည်ဖြေကြားခဲ့သည်။

ထိုဖြေကြားချက် ၌ အဘယ် ကြောင့်ကိုးဗစ်ကူးစက်မြန်ရောဂါကပ်ဆိုးကြီးစိတ်ချလက်ချမထိန်းချုပ်နိုင်မှီ အီရတ်သို့တမန်တော်ခရီးကြွသွားရသည့်မေးမြန်းခွန်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖြေဆို‌ထားပါသည်။

ဤခရီးစဉ်ကိုသွားရန်အတွက်သူအလွန်စိတ်အားသက်သန်နေကြောင်းမကြာမီကမိန့်ကြားခဲ့သည်။ ဤခရီးစဉ်ကိုသွားရန်အချိန်ယူ၍များစွာစဉ်းစားခဲ့ရကြောင်း၊ ဤခရီးစဉ်အထမြောက်အောင် မြင်စေရန်လည်းအလွန်ဆု တောင်းခဲ့ရကြောင်း၊ ၄င်းနောက်လွတ်လပ်ပြတ်သားသောဆုံးဖြတ်ချက်ကိုချခဲ့ကြောင်း၊ ဤဆုံးဖြတ်ချက်သည်အတွင်းမှထွက်ပေါ်လာခြင်းလည်းဖြစ်ကြောင်း၊ ဘု ရားသခင်သည်ဤခရီးအ တွက်ဆုံးဖြတ်ချက်ကိုချရန်

သူ့အားစေ့ဆော်နေကြောင်း၊ ဘုရားသခင်ကိုယ်တိုင်စေ လွှတ်သော ခရီးဖြစ်၍ ကိုးဗစ် ရောဂါကူးစက်ခြင်းမရှိစေရန်သူကာကွယ်မည်ဖြစ် ကြောင်း၊ ဤခရီးစဉ်ကိုစီစဉ်လိုက်ခြင်းကြောင့် စွန့်စားမှုရှိမည်ကိုသိကြောင်း၊ ဆုတောင်းပြီးနောက် အလေးအနက်ထား၍ ဆုံးဖြတ်ခဲ့ကြောင်း၊ အခုခရီးမျိုးကိုပြုခဲ့သည့် အတွက် အနာဂါတ်၌ ရဟန်း မင်းကြီး အနေဖြင့်သူ၏ ဇာတိ မြေသို့ကြွလျင်လည်းအဘယ် သူမျှသူ့အား ကန့်ကွက်ကြတော့မည် မဟုတ်ကြောင်းဖြေကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအနေ ဖြင့်ဤရောဂါကိုကူးစက်မည်ကိုစိုးရိမ်၍ သူ၏ဇာတိမြေသို့ပင်မကြွကြောင်းဖြင့် လူတို့အားမှား ယွင်းသောသတင်း စကားကိုမပေးလို။ အခြေ အနေအခွင့်အရေးသင့်လာလျှင် သွားကိုသွားရမည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည်အာဂျင်တီးနာ၊ ဥရုဂွေး၊ မြောက်ဘရာဇီးလ်စသော ယဉ်ကျေးမှုအသွင်မတူသောဒေသများဖြစ်သည်။

ရဟန်းမင်းကြီးသည် ရဟန်း မင်းကြီးအဖြစ်အမှုတော်ထမ်းဆောင်နေခဲ့သည့်ဆယ်စုနှစ်တစ်စုအတွင်း သူ၏မွေးရပ်မြေသို့ပြန် ကြွ သွားခြင်းမရှိသည့်အကြောင်းကိုသိလိုသူများအားဟာသနှော၍ ပြန် လည်ဖြေကြားခြင်းဖြစ်သည်။

အချို့ကရဟန်းမင်းကြီးအား အဘယ်ကြောင်အာဂျင်တီးနာသို့မကြွရောက်သေးသနည်း။ ဘယ်တော့သွားမည်ကိုသိရှိ လိုကြသည်။ ဤသို့သိလို၊ မေးနေသူများကို ရဟန်းမင်းကြီးအနေဖြင့်ပျော်စေပျက်စေအ နေဖြင့် ‘ကျွန်ုပ်အာဂျင်တီးနားတွင် နေခဲ့သည်မှာ (၇၆) နှစ်တင်းတင်းရှိပြီ။ အတော်ငြီးငွေ့နေသင့်ပြီ။ မငြီးငွေ့သင့်သလော။ ငြီးငွေ့သင့်ပါသည်ဟုအဘယ်ကြောင့်အဘယ်သူမျှမပြောကြသနည်း။ (၂၀၁၇) ခုက အာဂျင်တီးနားသို့တမန်တော်ခရီးကြွရန်စီစဉ်ခဲ့ဖူး သည်။ ချီလီ၊ အာဂျင်တီးနားနှင့်ဥရုဂွေးစသောသုံးနိုင်ငံဖြစ်ပါသည်။ ယခု သက်တော် (၈၄) နှစ်ရလာသောအခါ ယခင်ကထက်စာလျှင် ခရီးရှည်ထွက်ခြင်းသည် သူ့အားမောပန်းနွမ်းနယ် လာစေ ကြောင်းကိုသတိထားမိလာကြောင်းရှင်းပြခဲ့သည်။

သို့သော်အများ၏ အမြင်၌မူ ရဟန်းမင်းကြီးသည်တမန်တော်ခရီးပြုရမည်ဆိုပါလျှင် မောပန်းဟန်မရှိသကဲ့သို့သွက်လက်နေကြောင်းထင် မှတ်ထင်နေကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2PWcmNl

Add new comment

6 + 13 =