ကိုးဗစ်ဖြင့်ပျံလွန်သွားခဲ့ကြသော ကက်သလစ်ဘုန်းတော်ကြီးများနှင့်သူတော်စင်များစာရင်းထွက်ပေါ်လာ

ကိုးဗစ်ဖြင့်ပျံလွန်သွားခဲ့ကြသော ကက်သလစ်ဘုန်းတော်ကြီးများနှင့်သူတော်စင်များစာရင်းထွက်ပေါ်လာ

ကိုးဗစ်ဖြင့်ပျံလွန်သွားခဲ့ကြသော ကက်သလစ်ဘုန်းတော်ကြီးများနှင့်သူတော်စင်များစာရင်းထွက်ပေါ်လာ

            ကိုးဗစ်ကူးစက်ခံရပြီး ပျံလွန်သွားခဲ့ကြသောကက်သလစ်ဘုန်းတော်ကြီးများကြောင့် ဘုန်းတော်ကြီးများမလုံ လောက်မှုအခက်အခဲမားတွေ့ကြုံလာနိုင်သည်ဟုစာနယ်ဇင်းများ၌ရေးသားသုံးသပ်နေကြသည်။ အဘယ်ကြောင့်ဆို သော် ကိုးဗစ်ကပ်ရောဂါဆိုးကြီးစတင်မွှေနှောက်သည့်အချိန်မှစ၍ စာနယ်ဇင်းသမားများက ကိုးဗစ်ကူးစက်ခံရ၍ ပျံလွန် သွားကြသောဘုန်းတော်ကြီးများနှင့်သူတော်စင်တို့၏စာရင်းကို မှတ်တမ်းပြုစုထားသည်။ ယခုဖော်ပြမည့် ကိုးဗစ်ဖြင့်ပျံ လွန်သွားသော ကမ္ဘာ့နိုင်ငံအချို့မှကက်သလစ်ဘုန်းတော်ကြီးတို့၏စာရင်းဖြစ်ပါသည်။ စစ်တမ်းအရ ပိုးကူးစက်ခံရပြီးပျံ လွန်သွားသောဘုန်းတော်ကြီးတိုင်းသည် သက်ကြီးရွယ်အိုများမဟုတ်။ သို့သော် သက်ကြီးရွယ်အိုဦးရေပိုများပါသည်။ ပျံ လွန်သွားခဲ့ကြသော ဘုန်းတော်ကြီးများ၊ သူတော်စင်အများပိုင်းသည် ရှေ့တန်း၌ကိုးဗစ်ပိုးကူးလူနာတို့နှင့်အနီးကပ်ပြုစု ‌စောင့်ရှောက်ခဲ့ကြသူများဖြစ်ကြသည်။  

အိန္ဒိယနိုင်ငံ

            အိန္ဒိယနိုင်ငံ၏ (၂၀၂၁) နွေဦးအစသည် ကိုးဗစ်ပိုးကူးစက်လူနာများစွာကိုတိုးလာစေခဲ့သည်။ ထို့အတူအသေအ ပျောက်လည်းအလွန်များခဲ့သည်။ ဧပြီတစ်လတည်း၌ တစ်ရက်လျှင် ကက်သလစ်ဘုန်းတော်ကြီးနှင့်သူတော်စင်များပျံမျှ နှစ်ပါးနှုန်းနှင့်ပျံလွန်ခဲ့ကြောင်း၊ အမှန်မှာ ကက်သလစ်ဘာသာ၀င်သည် ဟိန္ဒူအများစုကြား၌လူနည်းစုသာဖြစ်သည်။ နိုင် ငံ့လူဦးရေ (၁.၃၈) ဘီလျှံရှိသည့်အနက် ကက်သလစ်ဘာသာ၀င်သည် သန်း (၂၀) သာရှိသည်။ ရာသီဥတုဆိုးရွားသော ဒေသများ၌သေနှုန်းပိုမိုမြင့်တက်ခဲ့သည်။ ယခုနှစ်စပိုင်း၌ ကာကွယ်ဆေးများထိုးနှံမှုများပြုလုပ်ခဲ့သော်လည်း ပိုးကူးစက် မှုအလွန်မက်စောက်ထိုးတက်ခဲ့သည်။ ဧပြီလလယ်မှစ၍ ကိုးဗစ်ပိုးဖြင့်ပျံလွန်သောကက်သလစ်ဘုန်းတော်ကြီးများနှင့်သီ လရှင်စုစုပေါင်း (၅၀၀) ခန့်ရှိပြီဟုခန့်မှန်းရပါသည်။    

အီတလီနှင့်ဘရာဇီးနိုင်ငံ  

                အီတလီနိုင်ငံသည် ရောဂါဖြစ်စ၌  အလွန်ပြင်းထန်ခက်ခဲခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ အီတလီသာသနာပိုင်ဘုန်းတော်ကြီး (၂၉၂) ပါးခန့်သည် မတ်လ (၂၀၂၀) မှသည် (၂၀၂၁) မတ်လ အတွင်းပျံလွန်ခဲ့သည်ဟုခန့်မှန်းရသည်။ ဤပျံလွန်ခဲ့သော ဘုန်းတော်ကြီးဦးရေသည် တစ်နိုင်ငံလုံးအတိုင်းတာနှင့်ရဟန်းသိ က္ခာခံယူခဲ့ကြသော ရဟန်းသစ်တို့၏ဦးရေနှင့်အတူတူလောက်နီးပါးကျနေသည်။ အဘယ်ကြောင်းဆိုသော် ထိုအတောအတွင်းရဟန်းသိက္ခာခံယူသောရဟန်းသစ်များ မှာ (၂၉၉) ပါးရှိသာသည်။  

            ဘရာဇီးလ်နိုင်ငံသည်လည်း ကိုးဗစ်ပိုးအလွန်ဆိုး၀ါစွာခံခဲ့ရသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကက်သလစ်နိုင်ငံဖြစ်သည့်အား လျှော်စွာ ကက်သလစ်ဘုန်းတော်ကြီးများစွာကိုကူးစက်စေခဲ့သည်။ မှတ်တမ်းအရ ဘုန်းတော်ကြီး (၁၄၀၀၀) ပါး ကူးစက်ခံခဲ့ရပြီး၊ (၆၅) ပါးပျံလွန်ခဲ့သည်။ ၄င်းတို့အနက် ဆရာတော် (၃) ပါး၊ ကာဒီနယ်တစ်ပါးတို့လည်းပါ၀င်သည်။

အမေရိကန်ပြည်ထောင်စု

            အမေရိကန်နိုင်ငံသည်လည်း ကူးစက်မှုမြင့်မားသောနိုင်ငံစာရင်းတွင်ပါသည်။ သို့သော်တိကျသောမှတ်တမ်းများမရနိုင် ခဲ့ပေ။ မတ်လ (၂၀၂၀) မှစ၍ ပိုးကူးလူနာပေါင်း (၆၀၀၀၀၀) ဦးရှိခဲ့သည်။ ဘုန်းတော်ကြီးများ၊ သီလရှင်များ၏ပျံလွန်သည့်ဦး‌ရေ အတိအကျမသိရသော်လည်း တစ်ရာဂဏန်းမပြည့်သော်လည်း ပျံလွန်ခဲ့သည့်ဦးရေမှာမနည်းလှပေ။ ဘုန်းတော်ကြီးများ၊ သီလ ရှင်များ၌ကူးစက်ခံရပုံမှာ အဖွဲ့အစည်းနှင့်နေထိုင်သောကြောင့်ဖြစ်သည်။ သို့သော် ပျံလွန်သွားသော သီလရှင်အများပိုင်းမှာ သက် ကြီးရွယ်အိုများဖြစ်ကြသည်။ ဥပမာပြရလျှင် ဖရန်စစ္စကင်သီလရှင်အသင်းတစ်ခုတည်း၌ သီလရှင် (၂၁) ပါးပျံလွန်ခဲ့သည်။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3zxy380

Add new comment

3 + 5 =