ကိုးဗစ်ကာကွယ်ဆေးကိုလူတိုင်းအတွက်ဖြစ်စေရန် Caritas ဖိလစ်ပိုင်ကတောင်းဆို

ကိုးဗစ်ကာကွယ်ဆေးကိုလူတိုင်းအတွက်ဖြစ်စေရန် Caritas ဖိလစ်ပိုင်ကတောင်းဆို

ပုပ်ရဟန်းမင်းကြီး ၏မေ တ္တာရပ်ခံချက်ဖြစ်သော ‘ကိုးဗစ်ကာကွယ်ဆေးကိုလူတိုင်းအတွက်ဖြစ်စေရေး’ ကို Caritas ဖိလစ်ပိုင်နိုင်ငံ၏ တာ၀န်ခံ ဆရာတော် Jose Collin Bagaforo ကထပ်မံတောင်းဆိုလိုက်ပါသည်။

အဘယ်ကြောင့်ဆို‌သော် ဖိလစ်ပိုင်သမ္မတနှင့်ကိုဗစ်ကာ ကွယ်ဆေးဆိုင်ရာလုံခြုံရေးအဖွဲ့၏အငြင်းပွားစရာမည်သည့်စံသတ်မှတ်ချက်မျှမရှိသော ကြောင့်ထုတ်ဖော်တောင်းဆိုရခြင်းဖြစ်သည်။

(အငြင်းပွားစရာအကြောင်း)

ဆရာတော်က ‘သမ္မတနှင့်ကိုဗစ်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့အနေဖြင့် ကာကွယ်ဆေးသည်အလှူရှင်များမှလျှူဒါန်း သည်ဟုဆိုသော်လည်း ဆေး ၀ါးကိုအဆင့်ဆင့်ပုံမှန်ထုတ် လုပ်မူဆိုင်ရာဥပဒေများကိုချိုးဖောက်ခွင့်ပြုခြင်းသည် အစိုးရအ နေဖြင့်တာ၀န်မဲ့လွန်း၊ ဆင်ခြင်တုံတရားနည်းလွန်းရာရောက်ကြောင်း၊ လုပ်ပိုင် ခွင့်မရှိသည်ကိုလုပ်နေကြောင်း၊ စားသောက် ကုန်နှင့်ဆေး၀ါးစစ်ဆေးရေးအဖွဲ့ FDA အနေဖြင့်ကာကွယ် ဆေးကိုတင်သွင်းခွင့်ပြုထားပြီဖြစ်သော်လည်း ယခုချိန်ထိဖြန့် ဖြူးခြင်းမရှိသေးပေ။

ပြီးခဲ့သောတနင်္လာနေ့က စား သောက်ကုန်နှင့်ဆေး၀ါးစီစစ်ရေးအဖွဲ့က တရား၀င်ခွင့်ပြုထားခြင်းမရှိ သောကိုဗစ်ကာကွယ်ဆေးကိုမသုံးစွဲကြရန်၊ အဘယ်ကြောင့်ဆိုသော်အာမခံချက်လည်းမရှိသကဲ့သို့ လုံခြုံမူ၊ ထိရောက်မူလည်း မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော်ဆေး၏အာနိသင်ကိုစမ်းသပ်စစ်ဆေးထားခြင်းမပြုထားကြောင်းကြေငြာခဲ့သည်။

(သမ်မတ၏ကတိစကား)

အစောပိုင်းက သမ္မတသည် ဖိလစ်ပိုင်ပြည်သူ သန်း (၁၁၃) ကို ကိုဗစ်ကာကွယ်ဆေးအခမဲ့ပံ့ပိုးပေးသွားမည်ဟုပြော ကြားခဲ့သည်။ Caritas ဖိလစ်ပိုင်ကလည်း (၂၀၂၀) အစောပိုင်းကကိုဗစ်ကာကွယ်ဆေးလူတိုင်းအားဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ကမ္ဘာ့အဖွဲ့စည်းများနှင့်ပူးပေါင်းခဲ့သည်။ သို့သော်နိုင်ငံတော်၏ဘဏ္ဍာရေးဌာနကမူသမ္မတပြောကြားခဲ့သည့်အ တိုင်းအခမဲ့ပံ့ပိုးပေးမည်ဆိုပါကနိုင်ငံသုံးငွေပီဆို (၇၃.၃) ဘီလျံအထိသုံးစွဲမည်ဖြစ် ကြောင်းပြောကြားလာသည်။

(လူတိုင်းအတွက်ကိုးဗစ်ကာကွယ်ဆေး)

မတူညီသောအခြေအနေအရပ်ရပ်၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က နိုင်ငံအသီးသီး ၏ အစိုးများနှင့်ကမ္ဘာ့အဖွဲ့အစည်းများ အားကိုဗစ်ကာကွယ်

ဆေးကိုလူတိုင်းထိုးနှံနိုင်ရေးမေတ္တာရပ်ခံထားသည်။ ဘု ရားသခင်၏သားတော်ဘုရားသည် နိုင်ငံအ သီးသီး၏ ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၏စိတ်ကိုပြုပြင်ပြောင်းလဲ၍ ကိုးဗစ်ကာကွယ်ဆေးကိုလူတိုင်းထိုးနှံ နိုင်ပြီး၊ တစ်ကမ္ဘာလုံး၏ ကျန်းမာရေးအတွက်ရှေ့ရူ၍ အပြည်ပြည်ဆိုင်ရာအဆင့်လက်တွဲလုပ်ဆောင်လိုစိတ်များမွေးဖွား လာစေရန်ဆု တောင်းပါကြောင်းဖြင့် ခရစ္စ မတ်နေ့၌ကမ္ဘာသို့မိန့်ကြားသောမိန့်ခွန်း၌ထည့်သွင်းထားသည်။

ပုပ်ရဟန်းမင်းကြီး ၏ လုပ် ဖော်ဆောင်ဖက်များကလည်းပုပ်ရဟန်းမင်းကြီး ၏တိုက် တွန်းချက်ကိုပြန်လည်ကိုးကားတိုက်တွန်းမူများပြုလုပ်ခဲ့ကြသည်။

Caritas ဖိလစ်ပိုင်၏အထွေ ထွေအတွင်းရေးမှူးဖြစ်သောဖာသာရ် Antonio Labiao ကလည်း သက်ဆိုင်ရာအာ ဏာပိုင်များအား ‘ကိုးဗစ်ကာကွယ်ဆေးအမြန်ဆုံးရရှိနိုင်ရန်အတွက် လုပ်ထုံး လုပ် နည်းများကိုအမြန်ဆုံးချမှတ်လုပ် ဆောင်ရန်၊ ကာကွယ် ဆေးကိုပထမဦးစားပေးထိုးနှံကြမည်ကိုသဘောတူသကဲ့သို့ နိုင်ငံသားများ အားလည်းထိုးနှံပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအခြေအနေအရ အလွန်ဆိုးရွားနေသောလက်ရှိအခြေအနေမျိုး၌ တစ်ကိုယ် ကောင်းစိတ်များကိုတွန်းလှန်နိုင်ရမည်’ ဟုပြောကြားခဲ့သည်။

(အမေ့ခံ၊ အပယ်ခံလူသားအုပ်စု)

ဆရာတော် Bagaforo က Caritas ဖိလစ်ပိုင်အနေဖြင့်အစိုးရကြုံတွေ့နေရသောလေးလံခက်ခဲသည့်၀န်ထုပ်ကို ပေါ့ပါးစေရေး ကူညီရန်အသင့် ရှိနေပါကြောင်း၊ အထူးသဖြင့်အမေ့ခံ၊ အပယ်ခံလူ့အဖွဲ့ အ စည်းများအားကူညီရန်အသင့် ရှိ ကြောင်း၊ မတ်လမှစ၍ Caritas ဖိလစ်ပိုင်အနေဖြင့်ဒေသငွေကြေးပီဆို (၁) ဘီလျံကျော်ကိုပြည်တွင်းမိတ်ဖက်အဖွဲ့များ ၊ အပြည်ပြည်ဆိုင်ရာ Caritas လက်တွဲ၍သုံးစွဲလုပ် ဆောင်နေခဲ့ကြောင်း၊ ဤသို့လက်တွဲလုပ်ဆောင်ရသည့်ဦးတည်ချက် ကား အကူအညီမဲ့ပြီး၊ ဦးစားပေးမခံရသည့်ဖိလစ်ပိုင်လူ့အဖွဲ့အစည်းမှလူ တန်းစားများအားလည်းထိ ရောက်စွာကူညီပေး ရန်ဖြစ်ကြောင်း၊ အစိုးရတို့၏လုပ် ဆောင်ချက်များနှင့်အခြေ အနေ၏လိုအပ်ချက်များကိုသတိကြီးစွာဖြင့်စောင့်ကြည့်နေ မည်ဖြစ်ပါသည်။ သို့မှသာမှန်ကန်စွာ၊ ထိရောက်စွာဖိလစ်ပိုင်နိုင်ငံသားတို့၏ဂုဏ် သိက္ခာကိုကာကွယ်ပေးနိုင်ပြီး၊ နိုင်ငံရေး သမားတို့၏အမြတ်ထွက်မည့်လုပ်ကွက်များကိုလည်းဟန့်တားနိုင်မည်ဖြစ် ကြောင်းပြောကြားခဲ့သည်။ ကျန်းမာရေး၀န် ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ကြာသပတေးနေ့အထိ ကိုဗစ်ကူးစက်လူနာသစ်စုစုပေါင်း (၁၅၄၁) ဦးရှိ ကြောင်း၊ (၂၀၂၀) နှစ်ဆုံးသည်အထိ လူနာပေါင်း (၄၇၄၀၀၀) ရှိခဲ့ကြောင်း၊ (၁၄) ဦးမှာလော လောလတ်လတ်သေဆုံး ထားကြောင်းနှင့်ထို့ကြောင့် ကိုးဗစ်ကြောင့်သေဆုံးသူများမှာ (၉၂၄၄) ဦးရှိပြီးဖြစ်သည်။

အာဏာပိုင်များအနေဖြင့်ခရစ္စ မတ်ပွဲတော်အားလပ်ရက်ကာ လအပြီး၌ပိုးကူးစက်မူမြင့်တက်လာမည်ကိုလည်းစိုးရိမ်နေကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : AFP or Licensors

https://bit.ly/3biq2uT

Add new comment

8 + 8 =