ကိုးဗစ်ကပ်ရောဂါအလွန်၌ ကမ္ဘာကြီးကမျှော်လင့်စောင့် စားနေမည့် ရဟန်း

ကိုးဗစ်ကပ်ရောဂါအလွန်၌ ကမ္ဘာကြီးကမျှော်လင့်စောင့် စားနေမည့် ရဟန်း

ကိုးဗစ်ကပ်ရောဂါအလွန်၌ ကမ္ဘာကြီးကမျှော်လင့်စောင့် စားနေမည့် ရဟန်း

ကိုးဗစ်ကပ်ရောဂါဆိုးသည် လူမူရေး၊ စီးပွားရေး၊ နိုင်ငံရေးကိုသာမဟုတ်၊ ဘာသာရေးနယ် ပယ်ကိုလည်း အပြောင်းအလဲ များစွာဖြစ်ပေါ်စေခဲ့သည်။

လိုအပ်ချိန်၌ အနီးကပ်ရှိနေပေးခဲ့၍ ဘာသာတူများ မိမိတို့၏ဘာသာရေးခေါင်း ဆောင်များ အားပိုယုံ ကြည်အားကိုးလာသကဲ့သို့ မိမိတို့ ၏လုံခြုံရေးကိုသာအဓိကထားသောကြောင့် ဘာသာတူများနှင့်အနေဝေးကာ ဘာသာတူများ လည်း ဘာသာရေးနှင့်ဘာသာရေးခေါင်းဆောင်တို့၏ ကူရာကယ်ရာမဲ့ဖြစ်ခဲ့ရသည်များကြောင့် ဘာသာရေးခေါင်းဆောင်များအပေါ်အယုံကြည်နည်းလာခြင်း၊ အား ကိုးလိုမှုမရှိတော့ဘဲ အချင်း ချင်းကြားအနေစိမ်းလာသည်များ၊ ခံစားချက်များရှိလာခဲ့ကြသည်။ ဤသို့သော ပိုမိုနီးစပ်သွားခြင်းနှင့်ကွာဟသွားခြင်း၏အလွန်၌ ကမ္ဘာကြီးကမျှော်လင့်စောင့်စားနေမည့် ဘာသာရေးခေါင်းဆောင် မျိုးကိုရဟန်းမင်းကြီးကမိန့်ကြားလိုက်ပါသည်။

ဂိုဏ်းချုပ်ဆရာတော် Jorge Patron Wong သည် မက်ဆီကိုနိုင်ငံမှဖြစ်သည်။ သူသည်ကမ္ဘာပေါ်ရှိ ကက်သလစ်ရဟန်း တော်များအား ပုံဖော်ထုဆစ်ရသော အဖွဲ့အစည်းကြီး၏တာ၀န်ခံဖြစ်သည်။ သူသည် မတ်လ (၂၉) ရက်နေ့က ရဟန်းမင်းကြီးနှင့် ကိုယ် တိုင်တွေ့ဆုံခွင့်ရခဲ့သည်။ ထိုနေ့သည် ရဟန်းမင်းကြီးဖရန်စစ် ၏ မက်ဆီကိုသို့တမန်တော်ခရီးကြွ ရောက်သည့် (၅) နှစ် မြောက်နှစ် ပတ်လည်နေ့လည်းဖြစ်သည်။ ဆရာတော်က ‘ထိုတွေ့ဆုံခြင်းသည် ကမ္ဘာတစ်ဝှမ်းမှ ရဟန်းတော်များကို ရဟန်းမင်း ကြီးက ဖခင်မေတ္တာပြသသော တွေ့ဆုံခြင်းဖြစ်သည်’ ဟုမှတ်ချက်ပြုထားသည်။ အဘယ် ကြောင့်ဆိုသော် ရဟန်းမင်း ကြီးဖရန်စစ် က ယခုကြုံ တွေ့နေရသော ကူးစက်ရောဂါကပ်ဆိုးအလွန်၌ လူမူအသိုင်းအ၀ိုင်း ကိုပုံမှန်အတိုင်းပြန်လည်တည်ဆောက်ရာ၌ ကမ္ဘာကြီးက အ ဘယ်သို့သောရဟန်းကို လိုလားတောင့်တနေမည်ကိုမိန့်ကြား ခဲ့သည်။

ရဟန်းမင်းကြီးက ကမ္ဘာကြီးကြုံတွေ့နေရသော ပြဿနာများ၊ လူမူအဖွဲ့အစည်း၏ ပဋိ ပက္ခများ၊ အကြမ်းဖက်မူများ၊ လူမူ ရေးနှင့်စီးပွားရေးတန်း တူညီမျှမူမရှိခြင်း၊ ခွဲခြားခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ အသိုင်းအ၀ိုင်းကြား၊ အထူး သဖြင့် လူငယ်များကြား မျှော် လင့်ချက်မဲ့နေသည့်အခြေ အနေများကို ဘုရားသခင်သကဲ့သို့ သိမ်မွေ့ခြင်းဖြင့်ကြည့်ရူရန်၊ ရဟန်းတော်များအား ၄င်းတို့၏ ကိုယ်ရည်ကိုယ်သွေးများအား ကိုးဗစ်ကပ်ရောဂါကြောင့် အေးစက် စက်ဖြစ်သွားသော လူမူဆက် ဆံရေး ပြန်လည်တည်ဆောက်ရန် အတွက်အသုံးပြုကြရန်၊ ကျွန်ုပ်တို့သိုးထိန်းများသည် လူရိုသေ၊ ရှင်ရိုသေသော အပြုသဘော ဆောင်သည့်ဆက်ဆံရေးကို လူသား များကြား၊ အဖွဲ့အစည်းများကြား၊ ယဉ်ကျေးမူများကြား၌ ပြန် လည်တည်ဆောက်ရန် ခေါ်တော်မူခြင်းခံရကြောင်း၊ ဤသို့ပြုလုပ်ရန် မှာ ၄င်းတို့အားလုံးကို ဘုရားသခင်နှင့်ကျေအေးစေရမည်။ ထို့နောက်တရားမျှတခြင်းကိုပြန်လည်ရှိလာအောင် ကျွန်ုပ်တို့အား ထုတ် ကြိုးစားရမည်။ ရဟန်းတို့သည် မိမိတို့ရှိနေသော ၀န်းကျင်၌သော်လည်းကောင်း၊ သာသနာတော်ကြီးအတွင်း ၌သော်လည်းကောင်း ချစ်ခင်ရင်းနှီးမူနှင့်စည်းလုံးခြင်းကိုဖော်ဆောင်ရမည့်တာ၀န်ရှိသည်။

ရဟန်းမင်းကြီး၏တိုက်တွန်းချက်ကို ဆရာတော်သည် သူခံစားရသည့်အတိုင်း ပြန်လည်ပြောပြသည်မှာ ‘သိမ်မွေ့ နူး ညံ့ သောရဟန်းတော်သည် ဒုက္ခဝေဒနာခံစားနေရသောသူများ၊ သူတစ်ပါးနှင့်လည်း ကောင်း၊ မိသားစုအတွင်း၌ လည်းကောင်း၊ လူမူ အ၀ိုင်းအ၀န်း၌လည်းကောင်း၊ မည်သည့်နေရာ၌မဆို ချစ်ခင်ရင်းနှီးမူကိုတည်ဆောက်သူဖြစ်သည်’ ဟု ဆိုပါသည်။

ရဟန်းမင်း ကြီးသည် မက်ဆီကိုနိုင်ငံမှ ရဟန်းနှင့်ရဟန်း လောင်းကိုရင်များနှင့်တွေ့ဆုံ ၍ ဩ၀ါဒချွေခဲ့သော်လည်းကမ္ဘာတစ်ဝှမ်းမှအနာဂါတ် ကက်သလစ်ရဟန်းတော်များကိုလည်းတိုက်တည်မိန့်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆရာတော် သည်ခံစားခဲ့ရသည်။

ရဟန်းမင်းကြီးက ဆက်လက် ၍ ကမ္ဘာ့ဘဏ်အား ‘တစ်စိတ်တစ်၀မ်းတည်းရှိခြင်းဟုဆိုရာ၌ ပြတ်တောင်းပြတ် တောင်းမလုံ မလောက်ကူညီခြင်းကိုဆိုလိုခြင်းမဟုတ်။ ရဟန်းမင်းကြီးသည် ကိုးဗစ်ကပ်ရောဂါဆိုးကြီးကိုကုစား၍ တစ် ကမ္ဘာလုံးအတိုင်းအတာ ဖြင့်ပြန်လည်ထူထောင်ရန်၊ ဤသို့ပြုလုပ်ရာ၌ ပိုမိုဆင်းရဲပြီး၊ တိုးတက်ဖွံ့ဖြိုးမူနှေးကွေးသောနိုင် ငံများအား ကမ္ဘာ့စျေးကွက်သို့ထိုး ‌ဖောက်ရောက်ရှိနိုင်အောင် အခွင့် အလမ်းများဖန်တီးပေးရန်၊ စီး ပွားရေး၊ ငွေကြေးနှင့်လူ မူရေးကဏ္ဍများ၌ အမှန်တကယ်ဆက်ကပ် လုပ်ဆောင်သည်ဆိုရာ၌ လုပ်ဖြစ်နေရုံ၊ ပေးဖြစ်နေရုံ၊ ကူညီနေရုံမျှမဟုတ်။ အ စဉ်တစ်စိုက်တွေးတောပြီး၊ ပူးပေါင်းလုပ်ဆောင်ပေးရ မည်ဖြစ်ကြောင်းဖြင့် (၂၀၂၁) ခုနှစ်၊ ကမ္ဘာ့ဘဏ်နှင့်ကမ္ဘာ့ရံပုံငွေအဖွဲ့ ၏ နွေဦးအစည်းအ ဝေး၌ရဟန်းမင်းကြီးမိန့်ကြားခဲ့သည်။

ယခုနှစ်၏ အဓိကဆွေးနွေးတင်ပြခဲ့ကြသောအကြောင်း အရာမှာ ‘ကြွေးမြီကိစ္စနှင့်စီးပွားရေးပြန်လည်ထူမတ်ဦးမော့လာနိုင်ရေး’ များ ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: DW

https://bit.ly/3uM6ll

Add new comment

8 + 4 =