ကိုးကွယ်မှုဘာသာတရားအချင်းချင်း စည်းလုံးစေရန် မေတ္တာရပ်ခံခြင်းကို ဗာတီကန်မှ ပူးပေါင်းပါဝင်

ကိုးကွယ်မှုဘာသာတရားအချင်းချင်း စည်းလုံးစေရန် မေတ္တာရပ်ခံခြင်းကို ဗာတီကန်မှ ပူးပေါင်းပါဝင်

ကိုးကွယ်မှုဘာသာတရားအချင်းချင်း စည်းလုံးစေရန် မေတ္တာရပ်ခံခြင်းကို ဗာတီကန်မှ ပူးပေါင်းပါဝင်

သြဂုတ်လ(၂၇)ရက်နေ့က ကိုးကွယ်မှုဘာသာတရားအချင်းချင်း နှီးနှောဖလှယ်ခြင်းကောင်စီနှင့် ကမ္ဘာ့အသင်းတော်များကောင်စီတို့မှ “ဘာသာတရားများကြား စည်းလုံးခြင်းအားဖြင့် ဒဏ်ရာများနှင့် ပြည့်နေသော ကမ္ဘာကြီးအား အစေခံခြင်း”ဟူသော စာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ဤကဲ့သို့ ပူးပေါင်းထုတ်ပြန်ခြင်းကို ၂၀၁၉ခုနှစ် မေလတွင်လည်း “ခရစ်ယာန်ရှုထောင့်မှ ကမ္ဘာ့ဘာသာတရားများကြား ငြိမ်းချမ်းရေးအတွက်ပညာပေးခြင်း”ခေါင်းစဉ်ဖြင့် ပထမအကြိမ် ထုတ်ပြန်ခဲ့ဖူးသည်။ ဤစာစောင်သည် စာမျက်နှာ(၂၄)မျက်နှာပါရှိပြီး ခရစ်ယာန်များအတွက် ကိုးကွယ်မှု ဘာသာတရားများကြား စည်းလုံးခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ရာအချက်ဖြစ်သော ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး မတူကွဲပြားမှုများကို ဘုရားရှင်၏ လက်ဆောင်များအဖြစ် ရှုမြင်ပြီး အပြန်အလှန်ဆွေးနွေးရန်အတွက် အခြေနေများကို ဖန်တီးရန် ခရစ်ယာန်များအား တိုက်တွန်းထားသည်။

ဤစာစောင်၏ “COVID-19အတွင်းနှင့် COVID-19အလွန် တွင် ပြန်လည်သုံးသပ်ရန်နှင့် လုပ်ဆောင်ရန်အတွက် ခရစ်ယာန်တစ်ဦး၏ခေါ်တော်မူခြင်း” ခေါင်းစဉ်ငယ်အောက်တွင် “အသင်းတော်များထဲရှိ ခရစ်ယာန်များအား ကိုးကွယ်မှုဘာသာတရားအချင်းချင်း စည်းလုံးခြင်း၏ အခြေခံအချက်နှင့် ကမ္ဘာအနှံ့ဖြစ်ပွားနေသော COVID-19 ရောဂါသာမက အခြားသော ကပ်ဘေးများဖြင့် ပြည့်နေသော ကမ္ဘာကြီးအား အစေခံစေသောလှုံ့ဆော်ချက်ကို ကမ်းလှမ်းရန်” ပါရှိသည်။

စာစောင်၏နိဂုံးကို “ခရစ်ယာန်များအတွက် ဘာသာတရားများကြား စည်းလုံးခြင်းသည် ခရစ်တော်ဘုရားရှင်၏ ပညတ်တော်ဖြစ်သော နီးစပ်သူများကိုချစ်ရန်နှင့် ဘုရားရှင်၏အလိုတော်ဖြစ်သော ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အခြားသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် နည်းလမ်းဖြစ်သည်”ဟူသော တိုက်တွန်းချက်ဖြင့် အဆုံးသတ်ထားသည်။

 

ဘာသာပြန်- Bro.Patrick Aye Shine Aung

https://bit.ly/3b7XrX1

Photo courtesy of : Daniel Ibáñez/CNA

Add new comment

1 + 3 =