ကိုလံဘီယာ မိသားစုတစ်စုသည် ပုပ်ရဟန်းမင်းကြီး၏ လူထုပရိတ်သတ်တွေ့ဆုံပွဲကို တက်ရောက်ခွင့်ရ၍ အံ့သြဝမ်းသာ

ကိုလံဘီယာ မိသားစုတစ်စုသည် ပုပ်ရဟန်းမင်းကြီး၏ လူထုပရိတ်သတ်တွေ့ဆုံပွဲကို တက်ရောက်ခွင့်ရ၍ အံ့သြဝမ်းသာ

ကိုလံဘီယာ မိသားစုတစ်စုသည် ပုပ်ရဟန်းမင်းကြီး၏ လူထုပရိတ်သတ်တွေ့ဆုံပွဲကို တက်ရောက်ခွင့်ရ၍ အံ့သြဝမ်းသာ

ဒီမိသားစုလေးဟာ ကိုလံဘီယာမှ ဥရောပသို့ ခရီးလည်ပတ် ခဲ့ပြီး အင်္ဂါနေ့တွင် ရောမမြို့သို့ ရောက်ရှိခဲ့ကြသော်လည်း ပုပ်ရဟန်းမင်းကြီး၏ လူထုပရိတ်သတ်တွေ့ဆုံပွဲကို တက်ရောက်ဖို့ အစီအစဥ်မရှိခဲ့ပေ။
တရက်မတိုင်မီတုန်းက လူထုပရိတ်သတ်တွေ့ဆုံပွဲဟာ ဗုဒ္ဓဟူးနေ့ဖြစ်တယ်လို့ သူတို့က ငါတို့ကို ပြောခဲ့တယ်။ ဒါနဲ့ပဲ ငါတို့ကပြန်ပြောခဲ့တယ်။ ငါတို့ဘာမှမသိခဲ့ပါလား၊ ဒါဆို ငါတို့သွားရမယ်။ ငါတို့မှာ လက်မှတ်လည်းမဝယ်ရသေးဘူး။ ဒါကြောင့် တန်းစီပြီး လက်မှတ်ဝယ်ဖို့စောင့်နေခဲ့တယ်။ လူထုပရိတ်သတ်တွေ့ဆုံပွဲမှာ ပုပ်ရဟန်းမင်းကြီး ပေါ်လာတော့ အရမ်းကို အံ့သြစရာကောင်းတဲ့ အတွေ့အကြုံတခု ဖြစ်သွားခဲ့တာပေါ့ ။ မတူညီတဲ့ ဘာသာစကားတွေနဲ့ ကျမ်းစာဖတ်တာကိုနားထောင်ခဲ့တယ်။အဲ့ဒါတွေက အံမခန်းပါပဲဟု FIORELLA FILOMENA ကပြောခဲ့တယ်။

Fiorella က မိသားစုထဲမှာမှ ပုပ်ရဟန်းမင်းကြီး၏ လက်ကို ကိုင်ခွင့်ရခဲ့သော မိသားစုဝင်ဖြစ်၍ သူမအတွေ့အကြုံကို ပြောပြခဲ့တယ်။ ကျွန်မ သူ့ကို လက်နဲ့ထိလိုက်မိတော့ အေးစက်ပြီး ချမ်းတုန်လာတယ်။ ဒါဟာ တကယ့်ကို မယုံနိုင်စရာ အတွေ့အကြုံတစ်ခုပါပဲ။ ကျွန်မ ဘာမှ မပြောခဲ့ပါဘူး။ မဖြစ်နိုင်ဘူးပေါ့နော။ ရင်တွေလည်းတုန်သွားတယ်။ ဒါ ပေမယ့် သူ့ကို အနီးကပ် မြင် ရတာ တန် ပါတယ် ။"ဟု မိသားစုဝင်ထဲက FIORELLA FILOMENAက ပြောပါတယ်။
သူတို့ကတော့ ဒါက ယုံကြည်မှုကို နည်းအသစ်တခုနဲ့ တွေ့ကြုံဖို့ သူမတူတဲ့အခွင့်အရေးတခုလို့ ပြောခဲ့ကြတယ်။

ဘာသာပြန် -RVA Myanmar

https://bit.ly/3FjBbqr

Add new comment

4 + 10 =