ကိုလံဘီယာလော့ဒ်ဒေါင်းကာလကိုစတင်လျော့ချ

ကိုလံဘီယာလော့ဒ်ဒေါင်းကာလကိုစတင်လျော့ချ

ကိုလံဘီယာလော့ဒ်ဒေါင်းကာလကိုစတင်လျော့ချ

ကိုလံဘီယာသမ္မတ Ivan Duque ကလာမည့်လဆန်း၌ ကွာရန်တင်းထားရှိမူကိုရုတ်သိမ်းရန် ကြေငြာလိုက်သည်။

ကိုလံဘီယာအနေဖြင့်ဒုတိယအခြေအနေကိုတစ်ဖြေးဖြေးချင်းအစပြုတော့မည်ဖြစ် ကြောင်း၊ ထို့ကြောင့်သီးသန့်စောင့်ကြည့်လူနာများထားရှိသည့်အစီအစဉ်ကိုရုတ်သိမ်းပြီး၊ နိုင်ငံသားများ တစ်ဦးစီအသိသတိဖြင့်သွားလာနေ ထိုင်ကြရန်၊ မိမိတို့ခရိုင်၊ မြို့ နယ်များ၏ အခြေအနေကို ဒေသအာဏာ ပိုင်များကလို အပ်သသည့်အတိုင်းစီမံကိုင် တွယ်မည်ဖြစ်ကြောင်း၊ ဤသို့ဖြင့်ပုံမှန်လှုပ်ရှားမူကိုတစ်ဖြေး ဖြေး ခြင်းပြန်လည်အသက်သွင်းရမည်ဖြစ်ကြောင်း၊ သို့ သော်ကျန်းမာရေးဆိုင်ရာဆောင်ရွက်ချက်များကိုမူလျော့ ချမည်မဟုတ်ကြောင်း၊ ပြည်တွင်းလေကြောင်းလိုင်းများကိုလည်းပြန်လည်ပြေးဆွဲခွင့်ပြုတော့မည်ဖြစ် ကြောင်း၊ သို့သော်ဆိုးရွားစွာဖြစ်ပွားခဲ့သောဒေသများကိုမူဆက် လက်ရပ်တန့်ထားပြီးစောင့်ကြည်နေရဦးမည်ဖြစ်ကြောင်း၊

ယခုကဲ့သို့ပြုလုပ်ခြင်းသည် အတင့်ရဲလွန်းသကဲ့သို့စွန့်စားမူလည်းအလွန်မြင့်မားလွန်း ကြောင်း၊ လက်ရှိ၌ ကိုလံဘီယာနိုင်ငံ၌ရောဂါကူးစက်ခံရသူ (၅၄၀၀၀၀) ဦးရှိခဲ့ပြီး၊ (၁၇၀၀၀) ဦးခန့်ရောဂါ ကြောင့်သေဆုံးခဲ့ကြောင်း၊ လာတင်းအမေရိကားသည် ရောဂါထိန်းချုပ်နိုင်မူမရှိသေးသောဒေသအဖြစ်ဆက်လက်ရှိနေသေးသည်။ ဤသို့ဖြစ်နေသော်လည်း ထိန်း ထိန်းသိမ်းသိမ်းဖြင့်ကိုင်တွယ်ထိန်းညှိရင်း တစ်ဖက်မှလည်းစီးပွား ရေးကိုပြန်လည်စတင်လည် ပတ်နိုင်ရန် ပြုလုပ်ရပေဦးမည်ဖြစ်ကြောင်းရှင်းပြခဲ့သည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of AFP or Licensors

https://bit.ly/32uG6mS

Add new comment

5 + 1 =