ကိုလံဘတ်စ် စစ်သည်​တော်များ၏မိခင်​စောင့်​ရောက်​ရေး​ဂေဟာတွင် ဥယျာဥ်များတည်​ဆောက်

ကိုလံဘတ်စ် စစ်သည်​တော်များ၏မိခင်​စောင့်​ရောက်​ရေး​ဂေဟာတွင် ဥယျာဥ်များတည်​ဆောက်

ကိုလံဘတ်စ် စစ်သည်​တော်များ၏မိခင်​စောင့်​ရောက်​ရေး​ဂေဟာတွင် ဥယျာဥ်များတည်​ဆောက်

ကိုလံဘတ်စ်စစ်သည်​တော်များဟူ​သော ရဟန်းများ ဖွင့်လှစ်ထားသည့် Albertaမြို့ရှိ မိခင်နှင့်က​လေး​စောင့်ရှောက်​ရေး​ဂေဟာတွင် ​ဂေဟာအ​နောက်ဘက်​မြေကွက်လပ်တွင် ပျိုးဥယျာဥ်များ ထည့်သွင်း​ဆောက်လုပ်ခဲ့​ကြောင်းသိရသည်။ "အယ်လီဇဘက်အိမ်"ဟု အမည်​ပေးထား​​သော ထို​ဂေဟာတွင် မ​မျှော်လင့်ဘဲ ကိုယ်ဝန်ရသွား​သော အမျိုးသမီးများ၊တစ်ကိုယ်တည်းမိခင်များနှင့် ခက်ခဲကျပ်တည်း​သောအ​ခြေအ​နေရှိ​သောမိခင်​လောင်းများ လာ​ရောက်ခိုလှုံကြသည်။

ထို​ဂေဟာတွင် မိခင်တစ်​ယောက်စီတိုင်းသည် လုံခြုံ​ကောင်းမွန်​သော ကိုယ်ပိုင်အခန်း၊အစားအစာနှင့်က​လေး​စောင့်​ရှောက်မှုများကို ရရှိကြသည်။ထို့ပြင် က​လေးငယ်များ၏ပညာသင်ကြား​ရေးအတွက် အကူအညီရကြပြီး မိတ်​ဆွေများနှင့် ​တွေ့ဆုံ​ခွင့်ကိုလည်း ရကြသည်။

ထို​ဂေဟာတွင် တာ၀န်ခံဖြစ်သူက ယခုတည်​ဆောက်​သော ဥယျာဥ်ခြံသည် သားအမိများအတွက် ​ဆော့ကစားစရာ​နေရာဖြစ်လာရုံမျှမက ​ဂေဟာအတွက် လတ်ဆတ်​သော အသီးအနှံများလည်း ရရှိလာမည်ဖြစ်​ကြောင်း၊ကိုဗစ်ကပ်​ရောဂါအတွင်း မိခင်များအတွက် လုံခြုံ​နွေး​ထွေး​သော​နေရာ​လေး ဖြစ်လာမည်ဟု ​ကက်သလစ်သတင်းဌာနသို့ ​ပြောကြားခဲ့သည်။

ထို​ဂေဟာကို ကရုဏာ​ရေးသီလရှင်အသင်းအဖွဲ့က စတင်ခဲ့ပြီး မထင်မှတ်ဘဲ ကိုယ်ဝန်​ဆောင်ရ​သော အမျိုးသမီးငယ်များ၊ စိတ်ဓါတ်ကျ​နေ​သော မိခင်​​လောင်းများအတွက်ရည်ရွယ်သည်။ယခုအချိန်တွင် ကိုလံဘတ်စ်များက ​ဒေါ်လာ​ထောင်​ပေါင်းများစွာ အကုန်အကျခံကာ ပြုပြင်ခဲ့ပြီး ယခုတိုင်ရပ်တည်​နေသည်။ "ကိုလံဘတ်စ် စစ်သည်​တော်များအ​နေဖြင့် ဆက်လက် ကူညီ​နေမည်ဖြစ်ပြီး ဤအမျိုးသမီးများအ​ပေါ် ယုံကြည်ခြင်းနှင့်တန်ဖိုးထားခြင်းကို ဤ​ဂေဟာက ထင်ဟပ်​စေမည်ဟု သူက ဆက်လက်​ပြောကြားသည်။

 

ဘာသာပြန် -Agnes Lawh Lun

Photo courtesy of : Eleonora_os / Shutterstock

https://bit.ly/33oKENI

Add new comment

8 + 2 =