ကိုလံဘတ်စ်စစ်သည်​တော်များ အသင်းဂိုဏ်းတည်​ထောင်သူကို ​အောက်တိုဘာလတွင် သူ​​တော်မြတ်အဖြစ် တင်​မြှောက်မည်

ကိုလံဘတ်စ်စစ်သည်​တော်များ အသင်းဂိုဏ်းတည်​ထောင်သူကို ​အောက်တိုဘာလတွင် သူ​​တော်မြတ်အဖြစ် တင်​မြှောက်မည်

ကိုလံဘတ်စ်စစ်သည်​တော်များ အသင်းဂိုဏ်းတည်​ထောင်သူကို ​အောက်တိုဘာလတွင် သူ​​တော်မြတ်အဖြစ် တင်​မြှောက်မည်

                    ကိုလံဘတ်စ်စစ်သည်​တော်များဟူသည့် ရဟန်းဂိုဏ်းကိုတည်​ထောင်သူ Fr.Michael McGivneyကို ​အောက်တိုဘာ၃၀တွင် သူ​တော်သူမြတ်တင်​မြှောက်မည်ဟု ရဟန္တာတင်​မြှောက်​ရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော် ကောင်စီ က ​ကြေညာခဲ့သည်။

             သူ​တော်သူမြတ်တင်​မြှောက်နိုင်ရန် လိုအပ်​သော တန်ခိုးလက္ခဏာကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ​မေလ၂၇တွင် အတည်ပြုခဲ့သည်။​မွေးကတည်းက ကျန်းမာ​ရေးချို့ယွင်းခဲ့​သော ​သေလု​မျောပါးက​လေးငယ်သည် Fr.Michael၏ကြား၀င်​တောင်း​လျှာက်မှုဖြင့် အံ့သြဖွယ်ရာ ​ကောင်းမွန်လာခဲ့သည်။အဆိုပါရဟန်း၏ သူ​တော်သူ​မြတ်တင်​မြှောက်ခြင်းမစ္ဆားတရား​တော်ကို သူ၏ဇာတိ​မြေဖြစ်​သော Connecticutတွင် ကျင်းပဖွယ်ရှိသည်။

                 သူသည် ကိုလံဘတ်စ်ရဟန်းများကို ၁၈၈၂ခုတွင် သူ၏ဇာတိ၌ စတင် တည်​ထောင်ခဲ့ သည်။ သူတို့ ၏အဓိက သာသနာပြုလုပ်ငန်းမှာ မုဆိုးမများနှင့်သူမတို့၏မိသားစုများကို ​ထောက်ပံ့ကူညီရန်ဖြစ်ပြီး ယခု အချိန်တွင် ရဟန်း၂သန်းခန့်သည် ကမ္ဘာအရပ်ရပ်တွင် သာသနာပြုလုပ်ငန်းကို လုပ်​​ဆောင်​နေကြသည်။

         အဆိုပါရဟန်းများသည် အ​မေရိကန်​ဒေါ်လာ၁၈၅သန်းကို သာသနာနှင့်ဂရုဏာ​ရေးလုပ်ငန်းတွင် အသုံး ပြုခဲ့ပြီး အိုင်အက်စ်စစ်​သွေးကြွများ​ကြောင့် ထွက်​ပြေးရ​သော ခရစ်ယာန်များကိုလည်း ကယ်တင်​စောင့်​ရှောက်​ပေးကာ လိုအပ်​​သောအကူအညီများ​ပေးကြသည်။

               ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သူတို့၏ ​ပြောင်​မြောက်​သော စွမ်း​ဆောင်ချက်များနှင့် ကာယ ဝိညာဥ်အကျိုး သယ်ပိုးမှုတို့ကို ချီးကျူး​ပြောကြားခဲ့သည်

 

ဘာသာပြန်- Agnes Lawh Lun  

Photo Credit: Knights of Columbus Multimedia Archives

https://bit.ly/2OWg3yT

Add new comment

2 + 0 =