ကိုလန်းဗက်(စ်)သူရဲကောင်းများမှ လီဗနွန်ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာနှစ်သိန်းခွဲလှူဒါန်း

ကိုလန်းဗက်(စ်)သူရဲကောင်းများမှ လီဗနွန်ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာနှစ်သိန်းခွဲလှူဒါန်း

ကိုလန်းဗက်(စ်)သူရဲကောင်းများမှ လီဗနွန်ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာနှစ်သိန်းခွဲလှူဒါန်း

သြဂုတ်လ(၄)ရက်နေ့က Beirurtမြို့၏ ဆိပ်ကမ်းတွင် လူပေါင်း(၃၀၀၀၀၀)နီးပါး ခေတ္တအိမ်ယာမဲ့ ဖြစ်ခဲ့ရကာ၊ လူပေါင်း(၆၀၀၀) ဒဏ်ရာရရှိခဲ့ရပြီး အနည်းဆုံး (၁၇၈)ယောက် သေဆုံးခဲ့ရသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုအား ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန် လီဗနွန်နိုင်ငံအား ကိုလန်ဗက်(စ်) သူရဲကောင်းများမှ  ဒေါ်လာနှစ်သိန်းခွဲကို St. Maron of Brooklyn သာသနာကို ဦးဆောင်နေသော ဆရာတော်ဘုရား Gregory Mansourမှတစ်ဆင့်  ပေးပို့ခဲ့သည်။  

ဆရာတော်ဘုရား Mansourမှ ယခုကဲ့သို့ လှူဒါန်းခြင်းသည် သူရဲကောင်းများ၏ အထူးကျင့်စဉ်ဖြစ်သော “ဆင်းရဲသားများအား အစေခံခြင်း၊ ကလေးများအား ပြုစုပျိုးထောင်ခြင်း၊ ခရစ်တော်၏ အစေခံခြင်းသတင်းစကားကို သိရှိစေခြင်းနှင့် လီဗနွန်ရှိ အားကျိုးမာန်တက်ကြိုးစားနေသော သာသနာတော်အား သူတို့လိုအပ်နေချိန်တွင် စိတ်ကောင်းနှလုံးကောင်းရှိသူများသည် သူတို့နှင့်အတူရှိနေကြောင်း သိရှိစေခြင်း”တို့၏ အမှတ်အသားဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူရဲကောင်းအဖွဲ့၏ အကြီးအကဲဖြစ်သော ကားလ် အန်ဒါဆင် (Carl Anderson)မှလည်း “လီဗနွန်ဘေးဒုက္ခသည် တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုနှင့် ဆုတောင်းမေတ္တာတို့ဖြင့် ထိုက်တန်သော အလွန်ဝမ်းနည်းစရာကောင်းသည့် အဖြစ်အပျက်ဖြစ်ကာ ယခုဖြစ်ရပ်သည် ထိုနေရာတွင်ရှိသော ခရစ်ယာန်အဖွဲ့အစည်းအတွက်သာမက အရှေ့အလယ်ပိုင်းအနှံ့ရှိ ခရစ်ယာန်ဘာသာတရား တည်ရှိမှုအတွက် အခက်အခဲဖြစ်ကြောင်း” ပြောဆိုခဲ့သည်။ 

ဤကဲ့သို့ သူရဲကောင်းများ၏ လှူဒါန်းခြင်းသည် “ဖခင်ကောင်းပီသစွာဖြင့် အထူးဒုက္ခရောက်နေသူများနှင့် အနီးကပ်ရှိနေခြင်း”ကို ဆုတောင်းမေတ္တာအားဖြင့်သာမက ယူရို နှစ်သိန်းခွဲ (အမေရိကန်ဒေါ်လာ ၂၉၅,၄၈၈) လှူဒါန်းခြင်းဖြင့် ဖော်ပြခဲ့သော ရဟန်းမင်းကြီးအရှင်သူမြတ်၏ နောက်ဆက်တွဲဖြစ်သည်။

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

Photo courtesy of AFP

https://bit.ly/2QDOo6B

Add new comment

7 + 5 =