ကိုရီးယားနိုင်ငံမှ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးများမှ စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများအတွက် ဆုတောင်းပေးခြင်း

(15.3.2021)
၂၀၂၁ ခုနှစ် မတ်လ(၁၅) ရက်နေ့ ၊ နေ့လည်ပိုင်းက တောင်ကိုရီးယားကက်သလစ် သာသနာမှ ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် မြန်မာသံရုံးအနီး ၌ မစ္ဆားပူဇော်ခြင်း (ဆုတောင်းခြင်း) အမှုကို ပြုလုပ်ခဲ့ကြပါသည်။
တောင်ကိုရီးယား အမျိုးသားပြုပြင်ပြောင်းလဲရေးအဖွဲ့ ဥက္ကဌ ဘုန်းတော်ကြီး Kim Young-sik က မိန့်ကြားရာတွင် ‘’ ဘုရားသခင်ပေးသနားတော်မူခဲ့သော ငြိမ်းချမ်းခြင်းကို မြန်မာနိုင်ငံမှ ဖမ်းဆီးထိန်းသိမ်းခံရသူများ ၊ ဒီမိုကရေစီအရေးအတွက် သွေးမြေကျခဲ့ရသောသူများအတွက် ဆုတောင်းပေးခြင်းဖြစ်တယ် ။ မကြာခင်ကာလမှာ ဝမ်းမြောက်ပျော်ရွှင်ဖွယ်အသီးအပွင့်များကို ပြန်လည်ရရှိတော့မှာ ‘’ ဖြစ်ကြောင်းမြွတ်ကြားတော်မူခဲ့ပါသည် ။
ဆက်လက်၍ ဘုန်းတော်ကြီးက ဆုတောင်းရာ၌ ‘’ အို … ဘုရားသခင် ၊ စစ်အာဏာသိမ်းယူမှုကြောင့် ဒုက္ခရောက်နေကြရသော သူများအား အမြန်ဆုံးကြည့်ရှု့တော်မူပါ။ အကြမ်းဖက်မှု ၊ ဖိနှိပ်မှုများကို အနိုင်ယူတော်မူ၍ ကျဆင်းနေသော မျက်ရည်များကို ချုပ်ငြိမ်းစေတော်မူပါ။ စစ်မှန်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းမှုကို အမြန်ရရှိစေတော်မူပါ ‘’ ဟု ကိုရီယား ဘုန်းတော်ကြီး Fr.Kim Young-sik က ဆုတောင်းပေးခဲ့ပါသည်။
မစ္ဆာတရားတော်ြမတ်အတွင်း၌ ဘုန်းတော်ကြီး Fr.Park Joo-Hwan က မိန့်ကြားတော်မူရာတွင် ‘’ ကျွန်ုပ်အနေနှင့် မြန်မာစစ်သားများတို့ ပြည်သူများအား သေနတ်ဖြင့် ပစ်မသတ်ရန် တောင်းပန်ပါတယ်။ အမိန့်ရတိုင်း ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ကို ကြားနာနိုင်ပါစေ။မသတ်မိပါစေနဲ့ ဘုရားရှင်က ဘယ်အကြမ်းဖက်မှုကိုမှ ခွင့်ပြုတော်မမူပါဘူး။ ကျွန်ုပ် မြန်မာနိုင်ငံအတွင်းမှရှိသော နိုင်ငံသားများ၏ကိုယ်စား တောင်းပန်ပါတယ် ။ တော်ကြပါတော့။ ရပ်တန့်ကြပါတော့ ‘’ ဟု မြွတ်ကြားခဲ့ပါသည်။
News : Pinky (RVA)
ဘာသာပြန် : William Zaw Naing Oo (RVA)
Credit to Photos
Source : http://omn.kr/1sfp3

ဆက်လက်၍ ဘုန်းတော်ကြီးက ဆုတောင်းရာ၌ ‘’ အို … ဘုရားသခင် ၊ စစ်အာဏာသိမ်းယူမှုကြောင့် ဒုက္ခရောက်နေကြရသော သူများအား အမြန်ဆုံးကြည့်ရှု့တော်မူပါ။ အကြမ်းဖက်မှု ၊ ဖိနှိပ်မှုများကို အနိုင်ယူတော်မူ၍ ကျဆင်းနေသော မျက်ရည်များကို ချုပ်ငြိမ်းစေတော်မူပါ။ စစ်မှန်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းမှုကို အမြန်ရရှိစေတော်မူပါ ‘’ ဟု ကိုရီယား ဘုန်းတော်ကြီး Fr.Kim Young-sik က ဆုတောင်းပေးခဲ့ပါသည်။
မစ္ဆာတရားတော်ြမတ်အတွင်း၌ ဘုန်းတော်ကြီး Fr.Park Joo-Hwan က မိန့်ကြားတော်မူရာတွင် ‘’ ကျွန်ုပ်အနေနှင့် မြန်မာစစ်သားများတို့ ပြည်သူများအား သေနတ်ဖြင့် ပစ်မသတ်ရန် တောင်းပန်ပါတယ်။ အမိန့်ရတိုင်း ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ကို ကြားနာနိုင်ပါစေ။မသတ်မိပါစေနဲ့ ဘုရားရှင်က ဘယ်အကြမ်းဖက်မှုကိုမှ ခွင့်ပြုတော်မမူပါဘူး။ ကျွန်ုပ် မြန်မာနိုင်ငံအတွင်းမှရှိသော နိုင်ငံသားများ၏ကိုယ်စား တောင်းပန်ပါတယ် ။ တော်ကြပါတော့။ ရပ်တန့်ကြပါတော့ ‘’ ဟု မြွတ်ကြားခဲ့ပါသည်။

Add new comment