Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကိုရိုဗိုင်းရပ်စ် ဖြစ်ပွားစဉ်အတွင်း တချိန်က ရဟန်းဖြစ်သင်ကျောင်းအဖြစ် အသုံးပြူခဲ့သောနေရာအား ဂျာမာန် ကာဒီနယ်မှ အိုးအိမ်မဲ့သူများအတွက် အစားအစာဝေရန်နေရာအဖြစ်အသုံးပြုစေခြင်း
ကိုရိုဗိုင်းရပ်စ် ဖြစ်ပွားစဉ်အတွင်း တချိန်က ရဟန်းဖြစ်သင်ကျောင်းအဖြစ် အသုံးပြူခဲ့သောနေရာအား ဂျာမာန် ကာဒီနယ်မှ အိုးအိမ်မဲ့သူများအတွက် အစားအစာဝေရန်နေရာအဖြစ်အသုံးပြုစေခြင်း
ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေစဉ်အတွင်း အိုးအိမ်မဲ့များအား ကျွေးမွေးရန် ဂျာမနီနိုင်ငံ Cologne ဂိုဏ်းချူပ်ဆရာတော် ကာဒီနယ်ကြီး Cardinal Rainer Maria Woelki သည် သာသနာ၏ ရဟန်းဖြစ်သင်ကျောင်းမှ ရဟန်းလောင်း များကို အိမ်ပြန်စေခဲ့ပြီး ထိုရဟန်းဖြစ်သင်ကျောင်းကို အိုးအိမ်မဲ့များအတွက် အစားအသောက်ပေးဝေရာနေရာအဖြစ် မတ်လ ၂၉ ရက်နေ့က ပြောင်းလဲကြေငြာခဲ့ပါသည်။
သီးသန့် စားပွဲ အလုံး ၂၀ ပါသည့် စားသောက်ဆောင်နှင့် ရေချိုးခန်းများ သန့်စင်ခန်းများလည်း ပါ၀င်ကာ လူ ၁၀၀ မှ ၁၅၀ ၀င်ဆန့် အသုံးပြုနိုင်ကြောင်း အထက်ပါလုပ်ဆောင်ချက်ကို နိုင်ငံတော်အာဏာပိုင်များ ဆေးဘက်ဆိုင်ရာများတို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း
အိုးအိမ်မဲ့သူများသည် ယခုကာလတွင် ရောဂါပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရန် အခက်အခဲရှိကြောင်း နှင့် သူတပါးထံ အကူအညီ တောင်းခံရန်လည်း မလွယ်ကူသည့် အချိန်ဖြစ်ကြောင်း အထက်ပါ အစားအသောက်ပေးဝေရာဌာန အဖြစ်ပြောင်းလဲထားသော အခြေခံရဟန်းဖြစ်သင်ကျောင်းတွင် လက်ရှိဆက်ကပ်ပါ၀င်နေကြသော ပုဂ္ဂိုလ်များမှာ သာသနာ၏ လူငယ်စင်တာမှ လူငယ်များနှင့် စေတနာ့၀န်ထမ်းများဖြစ်ကြပြီး ဂျာမနီနိုင်ငံ ကိုလုမ်း၊ ဘွန်း နဲ့ ဆန့်သြဂုတ်စတင်းမှ ဓမ္မသဂြိုလ်ဘာသာရပ် သင်ကြားနေကြသော ကျောင်းသားများဖြစ်ကြကြောင်းလူငယ်များနဲ့ စေတနာ့၀န်ထမ်းများရဲ့လုပ်ဆောင်မှုတွေကိုတွေ့ရသည်မှာ အားရစရာကောင်းကြောင်းကိုလည်း ကာဒီနယ်ကြီးမှ ပြောကြားခဲ့ကြောင်း National Catholic Register သတင်းအရ သိရှိရပါသည်။
By William ZNO,RVA
Add new comment