ကိုရိုနာ သက်ရောက်ခံစားနေရသူများအတွက် ချီကာဂို ဘုရားကျောင်းမှ ခေါင်းလောင်းထိုးခြင်း

ကိုရိုနာ သက်ရောက်ခံစားနေရသူများအတွက် ချီကာဂို ဘုရားကျောင်းမှ ခေါင်းလောင်းထိုးခြင်း

ကိုရိုနာ သက်ရောက်ခံစားနေသူများအတွက် ချီကာဂို ဘုရားကျောင်းမှ ခေါင်းလောင်းထိုးခြင်း

ကိုဗစ် ၁၉ သက်ရောက်ခံစားနေရသူတွေ အတွက် ခံစားမှု စိုးရိမ်မှု ဝေဒနာများမှ သက်သာရာ ရစေဘို့ အတွက် ချီကာဂိုဏ်းချူပ်သာသနာ တခု လုံးရှိဘုရားကျောင်းများအား ၁ ရက်လျှင် ၅ ကြိမ်တိုင် တီးစေခဲ့ကြောင်း နှင့် ၄င်းတို့မှာ နံနက် ၉ နာရီတွင် တီးသည့် ခေါင်းလောင်းသံများသည် ကိုဗစ်ဝေဒနာသည်များအတွက်၊ မွန်းတည့် ၁၂ နာရီသည် ကျန်းမာရေး၀န်ထမ်းအားလုံးအတွက်၊ မွန်းလွဲ ၃ နာရီ သည် ရှေ့တန်းတိုက်စစ်မှူးများ နှင့် အရေးပါသည့် ၀န်ထမ်းများအတွက်၊ ညနေ ၆ နာရီ ခေါင်းလောင်းသည် တိုင်းပြည် အားလုံးတို့၏ ခေါင်းဆောင်များအတွက် နှင့် ည ၉နာရီ ခေါင်းလောင်း ကတော့ ကိုဗစ် ကြောင့် သေဆုံးသွားကြသူတို့၏ ၀ိညာဉ်များအတွက်ဖြစ်ကြောင်း

အမေရိကားရှိသူအားလုံး အိမ်တွင်းနေရပြီး အပြင်မထွက်ရ အမိန့်ရှိနေတဲ့ အတွက် ဘာသာ၀င်များကို နှစ်သိမ့်မှုပေးဘို့ ချီကာဂို သာသနာမှ ကြိုးစားပေးတာဖြစ်ကြောင်း

အိမ်မှာနေနေကြရတဲ့ ကက်သလစ်ဘာသာ၀င်များအတွက် တိုက်ရိုက် live stream မစ္ဆားတွေ လွှင့်ပေးနေတယ်။ အားလုံး အတူတကွ ဖြစ်စေဘို့ ကျွန်ုပ်တို့ လုပ်နိုင်တာ တတ်နိုင်တာလေးတွေ ကို လုပ်ပေးနေတာဖြစ်ပါတယ်လို့ ကာဒီနယ် ကူပစ်ချ်က ဗာတီကန်ရေဒီယို ပြောကြားခဲ့ပါသည်။

ချီကာဂိုသည်လည်း အမေရိကားမှာ ကိုဗစ် အမြင့်ဆုံး သက်ရောက်ခံစား သည့်နယ်မြေ ဖြစ်ကာ ၁၅၀၀ ကူးစက်ခံရပြီး ၁၆ ဉီး သေဆုံးခဲ့ပြီးဖြစ်ကြောင်းကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်

 

Photo Credit: AFP or licensors

https://bit.ly/2QVvMQ5

 

 

Add new comment

3 + 0 =