ကိုရိုနာ ဗိုင်းရပ်စ် ပပျောက်ရပ်ဆိုင်းရေး အတွက် တစ်စိတ်တစ်ဝှမ်းတည်းဆုတောင်းကြရန် ဖိလစ်ပိုင်နိုင်ငံ မနီလာ လက်ထောက်ဆရာတော်ကြီးမှဖိတ်ခေါ်

ကိုရိုနာ ဗိုင်းရပ်စ် ပပျောက်ရပ်ဆိုင်းရေး အတွက် တစ်စိတ်တစ်ဝှမ်းတည်းဆုတောင်းကြရန် ဖိလစ်ပိုင်နိုင်ငံ မနီလာ လက်ထောက်ဆရာတော်ကြီးမှဖိတ်ခေါ်

ကိုရိုနာ ဗိုင်းရပ်စ် ပပျောက်ရပ်ဆိုင်းရေး အတွက် တစ်စိတ်တစ်ဝှမ်းတည်းဆုတောင်းကြရန် ဖိလစ်ပိုင်နိုင်ငံ မနီလာ လက်ထောက်ဆရာတော်ကြီးမှဖိတ်ခေါ်

ကိုရိုနာ ရောဂါကပ်ဆိုးကြီးဟာ ဆေးကုသခြင်းများ ကြောင့်သာပျောက်ကင်းသည် မဟုတ်ပဲ ချစ်ခြင်းမေတ္တာနှင့်ဂရုဏာထားသည့်အပြုအမူများ ဆုတောင်းမေတ္တာတို့ကြောင့် ရပ်ဆိုင်းလျော့ပါးလာပြီဟု ဖိလစ်ပိုင် နိုင်ငံ မနီလာ လက်ထောက်ဆရာတော်ကြီး ဘရိုဒရစ် ပါ့ဘီးလိုမှ ဖိလစ်ပိုင်ရှိ ကက်သလစ်ဘာသာဝင်များအား တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
၄င်း၏ နှိုးဆော်စကားထဲတွင် ဆရာတော်ကြီးက ဒီရောဂါ ဆိုးကို ကြားရုံနဲ့ ကြောက်လန့်တုန်လှုပ်နေကြမဲ့အစား မိမ်ကိုယ်ကိုယ် ဂရုစိုက်ခြင်းအားဖြင့်၄င်း၊ ပို၍ဆုတောင်းခြင်းအားဖြင့်၄င်း သတိရှိ ရှိနဲ့ ကျန်းမာရေး လိုက်စားခြင်း ကြိုတင်ကာကွယ်ခြင်းတို့ပြုဘို့လိုကြောင်း၊ ဒီလိုရောဂါပြန့်ပွားနေချိန်မှာ သတင်းမှန်ကို အချိန်နဲ့ တပြေးညီ ရရှိဘို့ လိုကြောင်း ဘာကြောင့်လဲဆိုတော့ သတင်းမှားများက လူတွေကို လန့်ဖြန့်တုန်လှုပ်စေသလို တဖက်မှာလည်း တဉီးတယောက် ကောင်းစားဘို့ ကြေနပ်စေဘို့ သတင်းမျိုးလည်းဖြစ်နိုင်ကြောင်း
၂၀၁၉ ဒီဇင်ဘာတွင် တရူတ်ပြည်ဝူဟန်၌ စတင်ခဲ့သည့် ဗိုင်းရပ်စ်သည် ယခုအခါ ၅၆၃ ဉီးသေဆုံးကာ ၂၈၀၁၈ ဉီး ကူးစက်ခံရကြောင်းနှင့် မွေးကင်းစ ကလေးငယ်လေး တဉီးမှာ မွေးဖွားပြီး နာရီ ၃၀ အကြာတွင် ဗိုင်းရပ်စ် ပိုး တွေ့ရှိခဲ့သည်ဟု တရုတ်ကျန်းမာရေး တာ၀န်ခံများက အတည်ပြုခဲ့ပါသည်။
ဘယ်နေရာ ဘယ်လိုအခြေအနေမျိုးမှာမဆို ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ ကျွန်ုပ်တို့ ဆုတောင်းနိုင်ကြတာကြောင့် ရက်ရောသော ဆူတောင်းခြင်းဖြင့် ပါဝင်ကူညီကြရန် အတွက် မနီလာ လက်ထောက်ဆရာတော်ကြီး မှ တိုက်တွန်း နှိုးဆော်ခဲ့ပါသည်။
ဗိုင်းရပ်စ် ပျံ့ပွားမှုကို ကာကွယ်ရန်နှင့်ရောဂါခံစားနေရသူများအတွက် Oratio Imperata ဟူသည့် ဆုတောင်းမေတ္တာ ကိုလဲ ဖိလစ်ပိုင် ကက်သလစ်သာသနာမှ မကြာသေးမှီက ထုတ်ပြန်ခဲ့ပါသည်။

By Sr.Lucia Thandar Aung,SJA
Source: VaticanNews

https://www.vaticannews.va/en/church/news/2020-02/coronavirus-philippine...

Add new comment

9 + 3 =