ကိုရိုနာ ဗိုင်းရစ် အန္တရာယ်ကြောင့် တရုတ်ပြည်ရှိ အချို့သော ဘုရားကျောင်းများ ပိတ်ထားခြင်း

ကိုရိုနာ ဗိုင်းရစ် အန္တရာယ်ကြောင့် တရုတ်ပြည်ရှိ အချို့သော ဘုရားကျောင်းများ ပိတ်ထားခြင်း

ကိုရိုနာ ဗိုင်းရစ် အန္တရာယ်ကြောင့် တရုတ်ပြည်ရှိ အချို့သော ဘုရားကျောင်းများ ပိတ်ထားခြင်း

 

ဝူဟန်မှ စတင်ခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး မှာ ဆက်လက် ပျံ့နှံ့လျှက်ရှိသည့်အတွက် တစ်ချို့သော ဘုရားကျောင်းများဟာ ဘုရား၀တ်တက်ခြင်း အစီအစဉ် မပြုလုပ်တော့ပဲ ဒီတပတ်မှာတော့ ရပ်ဆိုင်းကာ ပိတ်ထားခဲ့ပါတယ်။

ဗိုင်းရပ်စ် ဖြစ်ပွားရာ နေရာဖြစ်တဲ့ Hubei မှာရှိတဲ့ ဘုရားကျောင်းများကတော့ ပြီးခဲ့တဲ့ တနွင်္ဂနွေနေ့က ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ဝူဟန်မြို့ ပင်လယ်စာ စျေးကနေ စတင်ဖြစ်ပွားခဲ့တယ်လို့ မှတ်ယူထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ လူ ၉၀၀၀ ကျော်ကို ထိခိုက်စေခဲ့ပြီး ဖြစ်ကာ တရုတ်ပြည်မှာတော့ လူ ၂၀၀ ကျော် သေဆုံးပြီးဖြစ်ပါတယ်။

တရုတ်ပြည်အပြင်​သြစတေးလျ၊ ရရှား၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်၊ စင်ကာပူ၊ ထိုင်၀မ်၊ တောင်ကိုးရီးယား နဲ့ အမေရိက တိုက် တို့မှာတွေ့ရတယ်လို့ဆိုပါတယ်။

ဇန်န၀ါရီလ ၂၆ ရက်နေ့ အန်ဂျေလူးမေတ္တာရွတ်ဆို ရာမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က လည်း ကိုရိုနာ ဗိုင်းရပ်စ် သက်ရောက်ခံစားနေရသူများအတွက် အထူးဆုတောင်း မေတ္တာပို့သပေးခဲ့ပါတယ်။

By Sr.Lucia Thandar Aung, SJA

Credit: Catholic News Agency

Credit Photo: Shutterstock

Add new comment

1 + 3 =