ကိုရိုနာ ကူးစက်ရောဂါ ပြန့်ပွားသည့် အချိန်တွင် အကျဉ်းထောင်၊ ဒုက္ခသည် စခန်းများ အတွက် စိုးရိမ် ပူပန်ကာစစ်ပွဲများ ရပ်စဲရန် တောင်းဆိုလိုက်သည့် ပုပ်ဖရန်စစ်

ကိုရိုနာ ကူးစက်ရောဂါ ပြန့်ပွားသည့် အချိန်တွင် အကျဉ်းထောင်၊ ဒုက္ခသည် စခန်းများ အတွက် စိုးရိမ် ပူပန်ကာစစ်ပွဲများ ရပ်စဲရန် တောင်းဆိုလိုက်သည့် ပုပ်ဖရန်စစ်

ကိုရိုနာ ကူးစက်ရောဂါ ပြန့်ပွားသည့် အချိန်တွင် အကျဉ်းထောင်၊ ဒုက္ခသည် စခန်းများ အတွက် စိုးရိမ် ပူပန်ကာစစ်ပွဲများ ရပ်စဲရန် တောင်းဆိုလိုက်သည့် ပုပ်ဖရန်စစ်

ကိုဗစ်-၁၉ ကိုရိုနာ ဗိုင်းရပ်သည် နယ်စည်းမခြား ကူးစက်သဖြင့် ကမ္ဘာအဝှမ်း၌ လက်နက်ကိုင် တိုက်ပွဲများ ရပ်နားကြရန်ပုပ်ဖရန်စစ်က ဖိတ်ခေါ်လိုက်သည်။ ၂၉ မတ်လ ၂၀၂၀ ခုနှစ်

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရသော ကမ္ဘာအဝှမ်း၌ ကုသကာကွယ်ရေး အတွက် လူထု အပေါ် အာရုံစိုက်နိုင်ရန် အလို့ငှာ လက်နက်ကိုင် တိုက်ပွဲများ ရပ်တန့်ရန် တနင်္ဂနွေနေ့ မတ်လ ၂၉ ရက်တွင် ပုပ်ဖရန်စစ်သည် တိုက်တွန်းတောင်းဆိုလိုက်သည်။ “လက်ရှိ ကိုရိုနာ ဗိုင်းရပ်ပြဿနာသည် နိုင်ငံနယ်စပ် မခွဲခြားပဲ ဖြစ်ပွားနေသည်၊”ဟု မတ်လ ၂၉ ရက်၊ အိန်ဂျယ်လုစ် မေတ္တာဆိုချိန်၌ ထုတ်ဖော်ပြောကြားလိုက်သည်။

မတ်လ ၂၃ ရက်နေ့က ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အန်တိုနီရို ဂူတာရပ်စ်က ကိုရိုနာ ကူးစက်ရောဂါအား တုံ့ပြန်သည့် “တိုက်ပွဲ” တွင် လူ့အသက်များစွာအား ကယ်တင်ဖို့ အာရုံစိုက်ရန် အလို့ငှာ” “ကမ္ဘာအဝှမ်း လက်နက်ကိုင် တိုက်ပွဲများ ချက်ချင်း ရပ်တန့်ကြရန်”ဖိတ်ခေါ်မှု အပေါ် ပုပ်ဖရန်စစ်သည် တုံ့ပြန်ဆောင်ရွက်သည့် အနေနှင့် နိုင်ငံအများအား တိုက်တွန်းခဲ့ပါသည်။

“စစ်ပွဲ ရန်လိုမှု ပုံစံများ အားလုံးကို ရပ်တန့်ပစ်ဖို့၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ အတွက် နည်းလမ်းများ ဖန်တီးရန် အားပေးလုပ်ဆောင်ဖို့၊ သံတမန်ရေးရာ ဆွေးနွေးမှု စကားဝိုင်းများအား လမ်းဖွင့်ပေးဖို့၊ အလွန်တရာ ထိလွယ်ရှလွယ် အခြေအနေ ရှိကြသူ အပေါင်းအား အထူးပြု အာရုံစိုက်ဖို့ ကမ္ဘာသူ ကမ္ဘာသား အားလုံးကို ကျွန်ုပ် ဖိတ်ခေါ်ပါသည်၊”ဟု ပုပ်ဖရန်စစ်က ပြောကြားခဲ့သည်။

“စစ်ပွဲများ အဆုံးသတ်ရန် တိုက်ပွဲများ ဖြစ်နေခြင်းသည် အဖြေမဟုတ်၊” “ငြိမ်းချမ်းရေး အတွက် ဒိုင်ယာလော့ပြု ဆွေးနွေးခြင်းနှင့် အပြုသဘောဆောင်သော လေ့လာမှုများမှ တဆင့် မုန်းတီးမှုနှင့် မတူခြားနားမှုများအား ကျော်လွှားရန် အရေးကြီးသည်၊” ဟု ပုပ်ဖရန်စစ်က ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ယနေ့အချိန်အခါတွင် နိုင်ငံပေါင်း ၁၈၀ ကျော်သို့ ပြန့်နှံ့နေပြီ ဖြစ်ပေသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် ကမ္ဘာအဝှမ်း လက်နက်ကိုင် တိုက်ပွဲများ ရပ်စဲခြင်းသည် “အသက်ကယ်မည့် အထောက်အပံ့များ အတွက် နည်းလမ်းများ ဖန်တီးရန် ပံ့ပိုးပေးလိမ့်မည်” ဖြစ်ပြီး “ကိုဗစ်-၁၉ ပိုးဒဏ်အား ခံရနိုင်သည့် ထိရှလွယ်ဆုံး သူများ အကြား မျှော်လင့်ချက် ပေးနိုင်ပါသည်။”

ဒုက္ခသည် စခန်းများနှင့် ကျန်းမာရေး မကောင်းသူများသည် ဒုက္ခရောက်နိုင်သည့် အခြေအနေတွင် ရှိကြောင်း ပုပ်ဖရန်စစ်က ထောက်ပြခဲ့ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်ကလည်း ယေမင်နိုင်ငံတွင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေမှု အဆုံးတိုက်ရန် တောင်းဆိုလိုက်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကြံပေးများသည် ပဋိပက္ခများ ပြည့်နှက်နေသော ယီမင်နိုင်ငံသည် ကိုဗစ်-၁၉ ကိုရိုနာ ရောဂါ ရုတ်ချည်း ဖြစ်ပွားမှုများစွာ ရှိလာမည်ကို အထူး စိုးရိမ်ပူပန်နေကြသည်။

ယီမင်နိုင်ငံတွင် ဆော်ဒီ ဦးဆောင်သည့် တပ်ဖွဲ့နှင့် အီရန် မဟာမိတ် Houthi လှုပ်ရှားရေး တပ်ဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေကြသော်လည်း ကုလသမဂ္ဂ၏ တောင်းဆိုတိုက်တွန်းမှုကြောင့် မတ်လ ၂၅ ရက်တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။

“ကိုရိုနာ ရောဂါ ထိန်းချုပ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပူးတွဲ ဆောင်ရွက်ခြင်းကြောင့် ကျွန်ုပ်တို့ အချင်းချင်း မိသားစုဝင်များ ကဲ့သို့ ညီအစ်ကို မောင်နှမစိတ် အားကောင်းရန် ဦးတည်စေပါသည်၊”ဟု ပုပ်ဖရန်စစ်က ဆိုခဲ့သည်။

ကိုရိုနာ အရေး ကိုင်တွယ်စဉ် ဆင်းရဲသားများနှင့် ထိရှလွယ်သူများအား အထူး ဂရုစိုက်ပေးရန် ပုပ်ဖရန်စစ်က တိုက်တွန်း တောင်းဆိုခဲ့ပါသည်။

“လူ့အခွင့်အရေး ကော်မရှင်၏ တရားဝင် ထုတ်ပြန်သည့် အစီရင်ခံစာများ အရ ယခုကဲ့သို့ ကူးစက်ရောဂါ ဖြစ်ပွားချိန်တွင် လူပြည့်ကြပ်နေသော အကျဉ်းထောင်များသည် စိုးရိမ်စရာ ကောင်းလှသည်၊”ဟု ပုပ်ဖရန်စစ်က ပြောခဲ့ပါသည်။ ကိုဗစ်-၁၉ ကိုရိုနာကြောင့် လူပြည့်ကြပ်နေသော အကျဉ်းထောင်များနှင့် ယာယီ ထိန်းသိမ်းရေး အကျဉ်းစခန်းများသည် စိုးရိမ်စဖွယ်ကောင်းလှသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်၏ အကြီးအကဲဖြစ်သူ Michelle Bachelet က မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“နိုင်ငံအများစုတွင် ထိန်းသိမ်းရေး အကျဉ်းစခန်းများသည် လူများ ပြည့်ကြပ်နေတတ်ပြီး ၎င်းတို့၏ အခြေအနေသည် ဆိုးဝါး အန္တရာယ်ရှိပါသည်။ ထိုအကျဉ်းသားများသည် မသန့်ရှင်းသော ထောင်တွင်း အခြေအနေများ၊ မလုံလောက်သော သို့မဟုတ် အလျဉ်းမရှိသော ကျန်းမာရေး ဝန်ဆောင်မှုတို့၌ နေထိုင်နေရပါသည်။ ထိုသို့သော အကျဉ်းထောင်များတွင် လူချဲနေရန် Social Distancing မှာ မဖြစ်နိုင်ပါ၊” “ရောဂါကူးစက်ပြန့်ပွားမှု နှင့် အတူ သေဆုံးမှုလည်း မြင့်တက်လာသည် ဖြစ်ရာ ကမ္ဘာအဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများ ပြည့်နှက်နေသဖြင့် နိုင်ငံအစိုးရများသည် အကျဉ်းသားများနှင့် အကျဉ်းထောင်စောင့် ဝန်ထမ်းများ အကြား ရောဂါဖြစ်ပွားမှုကို ချက်ချင်း ကာကွယ်တားဆီးရန်”ဟု Bachelet က တိုက်တွန်းထားပါသည်။

နိုင်ငံရေး အကျဉ်းသားများကိုလည်း ပြန်လည် လွှတ်ပေးရေးနှင့် အကျဉ်းထောင်များတွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ ပေးရေးတို့ကိုလည်း လူ့အခွင့်အရေး ကုလ ကော်မရှင်နာ ဖြစ်သူ Bachelet က တောင်းဆိုလိုက်သည်။

“လက်ရှိအချိန်တွင် တစုတဝေးတည်း နေထိုင်ရန် အတင်းအကြပ်ပြုခံရသူများ၏ ထိလွယ်ရှလွယ် အခြေအနေ အတွက် အထူး စိုးရိမ်ပူပန်ပါကြောင်း” “အနာဂတ်တွင် ဖြစ်လာမည့် ဘေး အပေါ် စိုးရိမ်သတိထားရန်၊ ရောဂါပြန့်ပွားနေမှုအား အလေးအနက် သတိထားရန် အာဏာပိုင်များအား ကျွန်ုပ်တောင်းဆိုပါသည်”ဟု ပုပ်ဖရန်စစ်က ပြောကြားခဲ့သည်။

Lawrence Jangma Mung Song

https://bit.ly/2JCzVEm

Add new comment

1 + 0 =