Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကိုရိုနာ ကာကွယ် ရန် ကြီးမားတဲ့ လူအုပ်စုဖွဲ့ခြင်းမရှိပေမဲ့ ဘုရားကျောင်းများကိုတော့ ဖွင့်ထားပေးခြင်း
[Unicode]ကိုရိုနာ ကာကွယ် ရန် ကြီးမားတဲ့ လူအုပ်စုဖွဲ့ခြင်းမရှိပေမဲ့ ဘုရားကျောင်းများကိုတော့ ဖွင့်ထားပေးခြင်း
စိန့်ပီတာ ဘာဆီးလီးကား အပါအ၀င် ရောမမြို့နဲ့ အနီးတဝိုက်ဘုရားကျောင်းများဟာ Covid 19 ဗိုင်းရပ်စ်ကို ကာကွယ်ဘို့ ကြီးမားတဲ့ လူအုပ်စုဖွဲ့ခြင်း သို့မဟုတ် လူထူထပ်မှုကို ရှောင်ပေမဲ့ လည်း ပုံမှန်ဘုရား၀တ်ပြုခြင်းများတော့ ဆက်လက်ကျင်းပနေဆဲဖြစ်တယ်လို့ ဗာတီကန်သတင်းထောက် Francesca Merlo က ဗာတီကန်သတင်းဌာန ကိုသတင်းပေးပို့ထားပါတယ်။
စိန့်ပီတာ ဘာဆီးလီးကားကျောင်းတော်ကြီးသည်လည်း ကမ္ဘာလှည့်ခရီးသွားများအဝင်ကို ပိတ်ထားပြီး ပုံမှန် ဘုရား၀တ်ပြုခြင်းတော့ရှိနေကြောင်း၊ ပုပ်ရဟန်းမင်းကြီး မစ္ဆားတရားကို Live လွှင့်သလို အရှင်သူမြတ်ဆီမှ စံနမူနာကောင်း ကိုယူကာ ကာဒီနယ် အန်ဂျေလိုက ဘာဆီးလီးကားကျောင်းတော်ကြီးအတွင်းမှ စိတ်ပုတီးစိတ်ခြင်းနဲ့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းကို တိုက်ရိုက် livestream ဖြင့် ထုတ်လွှင့်ပေးနေကြောင်း
အီတလီနှင့် ဗာတီကန်မှ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ ပြုကြသလို တဖက်မှာလည်း စိန့်အဲ့ဂျီးဒီယို လူဝတ်ကြောင်အဖွဲ့အစည်းကလည်း အရဲစွန့်ကာ လှုပ်ရှားမှုအသစ်အနေဖြင့် သက်ကြီးရွယ်အို ၃၀၀၀ အား ကူညီပေးနေပါတယ်။စေတနာ့ ဝန်ထမ်းများဟာ တစ်ဉီးထဲနေကြတဲ့ သက်ကြီးရွယ်အိုများရဲ့ လိုအပ်ချက်တွေကို စောင့်ကြည့်ပြီး ဈေးဝယ်ပေးတာတို့မှာ ကူညီပေးကြခြင်းအား ဖြင့် သက်ကြီးဝါကြီးများ ဗိုင်းရပ်စ်ပိုးအလွယ်တကူ ကူးစက်ခံရခြင်းမှ ကာကွယ်ကြခြင်းဖြစ်ကြောင်း မိသားစုနှင့် အဝေးနေကြတဲ့ သက်ကြီးများ ဗီဒီယိုခေါ်ကာ စကားပြောနိုင်ကြရန် ကူညီပေးကြခြင်းဖြင့်လည်း နှစ်သိမ့်မှုနှင့်အတူ ပံ့ပိုးမှုပေးနိုင်သည် ဆိုခြင်းကို ဗာတီကန်သတင်းအရ သိရှိရပါသည်။
အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်
Add new comment