ကိုရိုနာဗိုင်းရပ်စ် Covid-19 ကို ကာကွယ်ရန် ပုပ်ဖရန်၏ ဗုဒ္ဓဟူးနှင့် တနင်္ဂနွေ အစီအစဉ်ကို ပုံမှန်အတိုင်းမဟုတ်ပဲ အင်တာနက် Livestream ဖြင့်သာ ကျင်းပမည်

ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး၏ အပတ်စဉ် ဗုဒ္ဓဟူးနေ့လူထုပရိတ်နှင့်တွေ့ဆုံ ဘုရားစကားပို့ချခြင်း နှင့် တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း အစီအစဉ်များဖြစ်တဲ့ မတ်လ ၈ရက်နဲ့ မတ်လ ၁၁ အစီအစဉ်များ ကို အခါတိုင်းကဲ့သို့မဟုတ်ပဲ တမန်တော်ကြီးနန်းဆောင်ရှိ စာကြည့်တိုက်မှပဲ အရှင်သူမြတ်ပုပ်ဖရန်စစ်က အင်တာနက်မှ တိုက်ရိုက်ပါ၀င်ကြည့်ရှုနိုင်သည့် Livestream ပုံစံဖြင့်သာ ဟောကြားမှုများကို ထုတ်လွှင့်သွားမှာဖြစ်​​ကြောင်းကို ဗာတီကန် သတင်းတိုက်မှ မတ်လ ၇ ရက် စနေနေ့က ကြေငြာလိုက်ပါတယ်။
အခုလို အစီအစဉ်ပြောင်းလဲ ရခြင်းသည် လတ်တလော စိုးရိမ်ဖွယ်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို လူအစုအ ဝေးမပြုလုပ်ခြင်းအားဖြင့် သက်သာစေရန်ဟုဆိုပါသည်။
ပုပ်ဖရန်စစ်၏ ဗာတီကန် နားနေဆောင် Santa Marta မှာနေ့စဉ် ဟောကြားနေသည့် မစ္ဆားတရားတော်ကို လည်း မည်သူမျှ ပါ၀င်တက်ရောက်ခြင်း မပြုတော့ပဲ မတ်လ ၁၅ ရက်နေ့အထိ အရှင်သူမြတ် တစ်ပါးတည်းသာ ဟောကြားသွားမှာဖြစ်ပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

http://bit.ly/2xlZ0kf

Add new comment

2 + 8 =