ကိုရိုနာဗိုင်းရပ်စ် အချိန်ကာလ၌ ရောမမြို့မှ အိုးအိမ်မဲ့သူများ ဗာတီကန်အနီးဘခိုလှုံနေရာ တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် အချိန်ကာလ၌ ရောမမြို့မှ အိုးအိမ်မဲ့သူများ ဗာတီကန်အနီးဘခိုလှုံနေရာ တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် အချိန်ကာလ၌ ရောမမြို့မှ အိုးအိမ်မဲ့သူများ ဗာတီကန်အနီးခိုလှုံရာနေရာ တွေ့ရှိ

ဗာတီကန်အတွင်းက စိန့်ပီတာရင်ပြင်တော်အနီးတဝိုက်မှာ အိုးအိမ်မဲ့သူများဟာ ​နေ့ရောညပါ ခိုလှုံလျှက်ရှိကြပါတယ်။ ဘုရားဖုးခရီးသွားတွေ နေ့ဒဓူဝ ဖြတ်လျှောက်သွားနေပေမယ့် ၄င်းတို့တော့ ရှိနေစမြဲပါ။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း အစိုးရက အိမ်မှာနေကြဘို့တိုက်တွန်းက ပိတ်ဆို့မှုတွေပြုတဲ့အခါ ၄င်းတို့ အနေနဲ့ အိမ်ပြန်စရာမရှိဖြစ်ကြပါတယ်။

ရောမမြို့မှာ အိုးအိမ်မဲ့သူ ၈၀၀၀ ခန့်ရှိကြောင်းကို ရောမမြို့အခြေစိုက် ကက်သလစ်ဂရုဏာရေး ဆက်ကပ်အဖွဲ့ ရဲ့ ဒါရိုက်တာ Massimiliano က ဆိုပါတယ်။ ကံအကြောင်းမလှစွာပဲ ဘယ်သူမှ သူတို့အတွက် မစဉ်းစားပေးကြဘူး။ သူတို့တွေဟာ ဗိုင်းရပ်စ်ကြောင့်မဟုတ်ပဲ ပယ်ထားခံရတဲ့ ဒုက္ခနဲ့ ခံစားချက်တွေရှိနေကြမယ်လို့လဲ အထက်ပါ ဒါရိုက်တာက ဆိုပါတယ်။

လူ ၈၀၀၀ ထဲကမှ ၃၀၀၀ လောက်ဟာ မြို့ထဲမှာနေစရာမရှိတော့ ဘူတာတွေ နဲ့ စိန့်ပီတာရင်ပြင်ပြင်လိုနေရာတွေမှာ ခိုလှုံကြရကြောင်း

ကိုရိုနာကပ်ဘေးမှာ ရေချိုးဘို့တောင် ခက်ခဲနေတဲ့ ဒီလမ်းဘေးက အိုးအိမ်မဲ့များအတွက်က အတော်လေး အဆင်မပြေဖြစ်ကြောင်း

ဗိုင်းရပ်စ် ပြဿနာနဲ့ စိုးရိမ်စရာတွေရှိပေမယ့် ဗာတီကန်တဝိုက်က ဆင်းရဲသားများကတော့ အချိန်နဲ့ နာမည်စရင်းနဲ့ ၀င်ထွက်နေနိုင်ကြပြီး ရဲများက ကဘပ်မတ်ပေးကြောင်း စိန့်အက်ဂျီးဒီယို၊ ဂရုဏာ အသင်းရောမား တို့မှ ဉီးစီးကာ အချိန်ဇယားအလိုက် စားစရာများဝေငှပေးနေကြောင်း

ပုပ်ရဟန်းမင်းကြီး၏ ဂရုဏာရေး ဘဏ္ဍာ အားဖြင့် ဗာတီကန်မှလည်း ၄င်းတို့အတွက် ရေချိုးရန်နေရာများဆက်လက်စီစဉ်ထားပေးလျှက်ရှိကြောင်းကို CNA သတင်းအရ သိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA

Photo Credit: Andreas Solaro/AFP via Getty Images

https://bit.ly/3bx64Jw

 

Add new comment

8 + 4 =