ကိုရိုနာဗိုင်းရပ်စ် အခက်အခဲကြား ဗာတီကန်မှ ဆင်းရဲသားများအတွက် နေစရာ စားစရာ ဆက်လက်ကူညီနေခြင်း

ကိုရိုနာဗိုင်းရပ်စ် အခက်အခဲကြား ဗာတီကန်မှ ဆင်းရဲသားများအတွက် နေစရာ စားစရာ ဆက်လက်ကူညီနေခြင်း

ကိုရိုနာဗိုင်းရပ်စ် အခက်အခဲကြား ဗာတီကန်မှ ဆင်းရဲသားများအတွက် နေစရာ စားစရာ ဆက်လက်ကူညီနေခြင်း

ကိုရိုနာကြောင့်ပိတ်ဆို့ ကန့်သတ်မှုများရှိသော်လည်း စိန့်ပီတာရင်ပြင်တဝိုက်ဖြစ်သလို နေကြရတဲ့ ဆင်းရဲနွမ်းပါးသူများအား ပုပ်ရဟန်းမင်းကြီးရုံးတော်ဗာတီကန်မှ အိပ်စရာ စားစရာ နှင့် ရေချိုးရန် နေရာတို့ ဆက်လက်စီစဉ်ကာ ကူညီပေးလျှက်ရှိနေပါတယ်။
သင်၏ အိမ်တံခါး ကိုလာခေါက်နေတဲ့ လာဇရူး ကို မသိကျိုးကျွံ မပြုလိုက်ပါနဲ့ လို့ ဆင်းရဲသား ဒုက္ခရောက်သူ အိုးအိမ်မဲ့များ ကို ဂရုပြရန် ကာဒီနယ် Cardinal Konrad Krajewski က တောင်းဆိုလိုက်တာပါ။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အကြား ဆင်းရဲသားများရဲ့ ညဉ်းတွားသံကိုကြားကာ ဗာတီကန်ကဆက်လက် ကူညီပေးနေပါတယ်။ ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ကြိုတင်ကာကွယ်ရေးတွေနဲ့ ခပ်လှမ်းလှမ်းကနေ ဝေငှစရာများကို ကျွန်တော်တို့ ဝေငှပေးကြပါတယ်။ အန္တရာယ်ရှိပေမယ့်လည်း ဒီလို နည်းအားဖြင့် ကျွန်တော်တို့ ဆက်လက်ကူညီပြီး သူတို့ အနီးမှာရှိနေ နိုင်ကြပါတယ်လို့ ပုပ်ရဟန်းမင်းကြီး၏ ဂရုဏာမေတ္တာလုပ်ငန်းများအား ကြီးကြပ်ပေးသူမှ ဆိုပါတယ်။
စီရင်စုတွေ နဲ့ ဘုရားကျောင်းတံခါးတ​​ွေကို လိုအပ်ရင် ခေါက်ကြဘို့ ကျွန်ုပ်ကတော့ ဆင်းရဲသားတွေကို အားပေးတယ် ဘာလို့လဲဆိုတော့ ခရစ်ယာန် ဆိုတာ တံခါးလာခေါက်သူရှိရင် ဖွင့်ပေးရမဲ့ တာ၀န်ရှိလို့ပါပဲဟု ကာဒီနယ် ကွန်ရတ် ကရာဂျူးစကီ က ကပြောကြားခဲ့ကြောင်း ဗာတီကန်သတင်းအရ သိရှိရပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

http://bit.ly/3b30KNS

 

Add new comment

2 + 0 =