ကိုရိုနာဗိုင်းရပ်စ် အကြား အမျိုးသမီးသူတော်စင်များ ရှေ့ဆုံးမှ ပါ၀င်

ကိုရိုနာဗိုင်းရပ်စ် အကြား အမျိုးသမီးသူတော်စင်များ ရှေ့ဆုံးမှ ပါ၀င်

ကိုရိုနာဗိုင်းရပ်စ် အကြား အမျိုးသမီးသူတော်စင်များ ရှေ့ဆုံးမှ ပါ၀င်

ကိုဗစ် ၁၉ကာလမှာ မိမိတို့ အသက်အန္တရာယ်ရှိသည်ကို သိငြားသော်လည်း အမျိုးသမီးသူတော်စင်များဟာ တတ်နိုင်သမျှ ကြိုးစားကာ ဆက်ကပ်နေကြပါတယ်။
ကမ္ဘာတဝှမ်း ပျံ့နှံ့နေတဲ့ ကိုရိုနာ ကပ်ရောဂါကိုပင် မမှုနိုင်၊ အသက်ကိုပဓာန မထားပဲ သူတော်စင်များက ပေးဆပ်ကြတာပါ။
၄င်းတို့သည် သူနာပြုဟုတ်မဟုတ်သည် မသိ၊ ကျောင်းတွင်းသာနေတဲ့ ရသေ့ သီလရှင်များဖြစ်ခြင်လည်းဖြစ်မည်၊ ၄င်းတို့ အသင်းဂိုဏ်း၏ အထူးသာသနာ့လုပ်ငန်း သို့ Charism မှာ ဆင်းရဲသားများနှင့် ရောဂါဝေဒနာ ရှိသူများကို ကြည့်ရှုရသည်ဟု ပါသည်မပါသည်မသိ၊ ၄င်းတို့မှာ အမြဲရှိနေတဲ့ အစွမ်းထက်တဲ့ လက်နှက် ၂ ခု ကတော့ ဆုတောင်းခြင်းနှင့် ချစ်ခြင်းမေတ္တာပင်ဖြစ်ကြောင်း

ကမ္ဘာတဝှမ်းရှိ ထောင်ပေါင်းများစွာသော သူတော်စင် အသင်းများဟာ မရေတွက်နိုင်တဲ့ ဆေးရုံဂျူတီတာ၀န်အကူးအပြောင်း အချိန်တွေ၊ လူနာတွေ ကို ဂရုစိုက်ပြုစုခြင်းတွေ၊ အလိုအပ်ဆုံးသူများအတွက် မားမားမတ်မတ်ရပ်တည်ပေးခြင်းတွေ၊ အခြေခံလိုအပ်တဲ့ သတင်းအချက်အလက်ပေးတာတွေ၊ ဆုတောင်းမေတ္တာမျှ ဝေ အားပေးတာတွေနဲ့ လက်တလောပြဿနာ အခက်အခဲများအပေါ်ရှုထောင့် အမျိုးမျိုးကနေ တုန့်ပြန်နေကြကြောင်း
အီတလီမှာ ဗိုင်းရပ်စ် စတင်ပျံ့နှံ့ကထဲက Daughters of St.Camillus သီလရှင် အသင်းဂိုဏ်းဟာ ကြိုးပမ်းဆက်ကပ်နေကြောင်း
၄င်းအသင်းဂိုဏ်းမှ သီလရှင်များဟာ အီတလီ နိုင်ငံရဲ့ အဓိက ဆေးရုံကြီး ၅ ခု ဖြစ်တဲ့ Rome,Trento, Treviso, Brescia နဲ့ Cremona မှာ အစေခံ ဆက်ကပ်လျှက်ရှိကြောင်းနဲ့ နောက်ဆုံး က ဆေးရုံ ၃ ခုဟာ ကိုဗစ် အဓိက ဖြစ်တဲ့ နေရာတွေဖြစ်ကြောင်း
၄င်းတို့ အသင်းဂိုဏ်းတွင် သစ္စာ ၃ ပါးမဟုတ်ပဲ သစ္စာ၄ ပါးဆိုရကြောင်းနှင့် စတုတ္ထသစ္စာမှာ လိုအပ်ရင် မိမိအသက်ကိုပါပေးရမည့် လူနာများကို ကြည့်ရှုခြင်းပါ၀င်သည်ဟု အသင်းဂိုဏ်း၏ အတွင်းရေမူး Sr.Lancy Ezhupara မှ Vatican Radio နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
သီလရှင်များဟာ နေ့စဉ် ကိုဗစ် လူနာများစွာနဲ့ ထိတွေ့ ပြုစုပေးလျှက်ရှိနေကြောင်း ဗာတီကန် သတင်းအရ သိရှိရပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo credit: AFP or licensors

https://bit.ly/2Uhykdv

Add new comment

8 + 4 =