ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်နှင့် အဆုံးသတ်နိုင်ရန် ဆုတောင်းရာ နေ့ရက်များအဖြစ် ဆရာတော်ကြီး မာကုတင်ဝင်းမှ ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခြင်း။၊

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်နှင့် အဆုံးသတ်နိုင်ရန် ဆုတောင်းရာ နေရက်များအဖြစ် ဆရာတော်ကြီး မာကုတင်ဝင်းမှ ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခြင်း။၊

 

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်နှင့် အဆုံးသတ်နိုင်ရန် ဆုတောင်းရာ နေရက်များအဖြစ် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းမှ ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခြင်း။၊

 

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်းသည် မတ်လ (၁၆) ရက်နေ့က  ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်နှင့် အဆုံးသတ်နိုင်ရန် ဆုတောင်းရာနေ့ရက်များသတ်မှတ်၍ မန္တလေးကက်သလစ်သာသနာအတွင်းရှိ ရဟန်း သီလရှင်များနှင့်တကွ ဘာသာတူများအားလုံး လုပ်ဆောင်ကြရန် ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

ဆရာတော်ကြီးမှ  ယခုအချိန်တွင် ကမ္ဘာနှင့်အဝှမ်း၌ ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် Covid 19 အခြေအနေကို အားလုံးသိရှိကြပြီးဖြစ်သည့်အလျှောက်

၁။ ထိုကပ်ရောဂါဆိုကြီးပြန့်ပွားနေမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ။

၂။ ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရသော လူနားများနှင့် သူတို့ မိသားစုများအတွက်။

၃။ ထိုလူနာများကို ပြုစုနေကြသော ကျန်းမာ‌ရေးဝန်ထမ်းများအတွက် ။

၄။ ကုသနိုင်သော ဆေးဝါးများ အလျင်အမြန် ရှာဖွေတွေ့ရှိနိုင်ရန်အတွက် ရည်စူး၍ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်း၌ မတ်လ (၂၀၊၂၇)ရက်၊ သောကြာနေ့များနှင့် ပါစကားပွဲအတွင်း သောကြာနေ့ကြီးတွင် ကရုစူးလမ်း ( ကားတိုင်လမ်း လှည့်ခြင်း ) နှင့် ထိုအစီအစဉ်အပြီး၌ အာဝေမာရီယား (၁၀) ကြိမ် အတူရွက်ဆိုပူဇော်ပေးကြရန် တိုက်တွန်း လမ်းညွှန်ထားပါသည်။

ဝါတွင်း သောကြာနေ့များ၌လည်း ဝါရှောင်အသားရှောင်၍လည်း ပူဇော်ပေးကြရန် လမ်းညွှန်ထားပါသည်။

ဆက်လက်၍လည်း မေလတစ်လလုံး လုဒယ်မယ်တော်ဂူရှေ့၌ ဘာသာဝင်များ စိပ်ပုတီး (၂၀) ၊ မယ်တော်လစ်တာမနီ ၊ သနားခြင်းမယ်တော် ၊ မက်မောရာရေမေတ္တာ အတူရွက်ဆို ပူဇော်ပေးကြရန်လည်း လမ်းညွှန်ထားပါသည်။

 

Add new comment

1 + 2 =