ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားလာနေခြင်းကြောင့် ဆုတောင်းကြပါရန် အင်ဒိုနီးရှားကက်သလစ်သာသနာမှ ဘာသာ၀င်များအား တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားလာနေခြင်းကြောင့် ဆုတောင်းကြပါရန် အင်ဒိုနီးရှားကက်သလစ်သာသနာမှ ဘာသာ၀င်များအား တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားလာနေခြင်းကြောင့် ဆုတောင်းကြပါရန် အင်ဒိုနီးရှားကက်သလစ်သာသနာမှ ဘာသာ၀င်များအား တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ဘေးဒဏ်ကို ပြည်သူပြည်သားများ ခံနေကြရပြီဖြစ်တာမို့ သတိဝီရိယရှိကြရန်နှင့်ဆုတောင်းကြရန် Cardinal Ignatius Suharyo မှ အင်ဒိုနီးရှားကက်သလစ် ဘာသာဝင်များကို ဗီဒီယို သတင်းစကားနဲ့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

ကိုဗစ် ၁၉ ဟု အမည်ရသည့် ကိုရိုနာ ကပ်ရောဂါ ပျံ့နှံ့နေသည့်အတွက် နိုင်ငံတော်၏ ကြိုးပမ်းမှုများကိုလိုက်နာကြရန်နှင့် အခုလို ခက်ခဲတဲ့ကာလ အချိန်အခါဟာ သနားကြင်နာခြင်း၊ ညီရင်းအကို စိတ်ဓာတ်ထားပြီး ယုံကြည်ခြင်းကို ခိုင်မာစေသည့် အချိန်ဖြစ်ကြောင်း ကာဒီနယ်က ဆိုပါတယ်။

ကာဒီနယ်သည် အင်ဒိုနီးရှား ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် CBCI ၏ ဉက္ကဌ ဖြစ်ပြီး ၃ မိနစ်စာ ဗီဒီယို ဖြင့် ကျန်းမာရေး၀န်ထမ်းများအားကျေးဇူးစကားဆိုရင်း ဘာသာ၀င်များကို နှိုးဆော်သတိပေးထားတာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ လူပေါင်း ၁၅၉၂ ဉီးကို ရောဂါပိုးစစ်ဆေးခဲ့ပြီးဖြစ်ကာ ဒီထဲမှာတော့ ၂၂၇ ဉီး ကူးစက်ခံရကာ ၂၅ ဉီးသေဆုံးခဲ့ပါတယ်။ ဒီထက်ပိုတဲ့စမ်းသပ်ချက်တွေပြုလုပ်သွားမယ်လို့လည်း အင်ဒိုနီးရှားသမ္မတ Joko Widodo က ဆိုပါတယ်။

ကမ္ဘာတဝှမ်း အဆင့်အနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂၃၂၅၃၇ ဉီးရှိပြီး ၉၇၁၈ ဉီး သေဆုံးပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ ပြင်ပမှာတော့ အီတလီနိုင်ငံဟာ အထိ အနာဆုံးဖြစ်ကာ အီတလီ တနိုင်ငံထဲမှာပဲ ၄၁၀၃၅ ဉီး ကူးစက်ခံရပြီး ၃၄၀၅ ဉီး သေဆုံးပြီးဖြစ်တာမို့ ဗိုင်းရပ်စ် မပျံ့ပွားစေဘို့ နိုင်ငံအဆင့် ကန့်သတ် ပိတ်ဆို့မှုတွေပြုလုပ်ထားသည်ဆိုခြင်းကို ဗာတီကန်သတင်းအရသိရှိရပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/33ElLMf

Add new comment

1 + 0 =