ကိုရိုနာဗိုင်းရပ်စ် ခံစားရသူများအတွက် ပုပ်ဖရန်စစ်ဆုတောင်းမေတ္တာပို့သ

ကိုရိုနာဗိုင်းရပ်စ် ခံစားရသူများအတွက် ပုပ်ဖရန်စစ်ဆုတောင်းမေတ္တာပို့သ

ကိုရိုနာဗိုင်းရပ်စ် ခံစားရသူများအတွက် ပုပ်ဖရန်စစ်ဆုတောင်းမေတ္တာပို့သ

 

လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်နိုင်တင်း Covid-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ခံစားနေရသူများအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ  အထူးဆုတောင်းပေးလိုက်ပါတယ်။

အီတလီ နိုင်ငံ့အကြီးအကဲများ၏ တောင်းဆိုမှုကြောင့် ပုံမှန်ပ​ြုလုပ်နေကြ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းကို အရှင်သူမြတ်သည် စိန့်ပီတာရင်ပြင်တော် အပေါ်စင်္ကြန်မှ မဟုတ်ပဲ တမန်တော်ကြီးနန်းဆောင်ရှိစာကြည့်တိုက်မှနေ၍သာ တိုက်ရိုက်ကြည့်ရှအစီအစဉ် livestreaming ဖြင့်ထုတ်လွှင့် ခဲ့ပါသည်။ 

၄င်း၏ တပတ်တာ နှစ်ပတ်လည် ဥပုသ်စောင့်ခြင်းတွင် ဗိုင်းရပ်စ် သက်ရောက်ခံစားရသူများ အတွက် အထူးဆုတောင်းပေးကြောင်းအရှင်သူမြတ်က မြွက်ကြားခဲ့ပါသည်။

တရုတ်ပြည် ဝူဟန်မှ စတင်ခဲ့သည့် ဗိုင်းရပ်စ် သည် ယခုအခါ ကမ္ဘာအနှံ့အပြား ပျံ့ပွားလျက်ရှိကာ လူ ၁၀၀၀၀၀ ကျော် ဝေဒနာသက်ရောက်ခံစားရပြီး ၃၅၀၀ ကျော် သေဆုံးပြီးဖြစ်ကြောင်း၊ သေဆုံးသူအများသည်လည်း ယခင်မူလ ရောဂါအခံ ရှိထားသူများဖြစ်ကြောင်း

၂၀၂၀ ခုနှစျ ဇနျနဝါရီ ၃၀ ရကျနေ့ ကထဲက Covid-19 ကို အရေးပေါျ ကပျရောဂါ အနဖွေငျ့ ကမ်ဘာ့ကနြျးမာရေးအဖှဲ့ WHO က ထုတျပွနျကွငွောခဲ့ပါသညျ

တမန်တော်ကြီးနန်းဆောင် စာကြည့်တိုက်မှ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းအား ကမ္ဘာတဝှမ်းမှ ကက်သလစ်မီဒီယာများအားဖြင့်  Livestream အစီအစဉ်ကို စိန့်ပီတာရင်ပြင်တော်တွင်တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။

 

အာဗီအေမြန်မာဗာတီကန်သတင်း

#RVAMyanmarVaticanNews

By Sr Lucia Thandar Aung,SJA

     စစ္စတာရ်လူစီယားသန္တာအောင်

 

http://bit.ly/3cGPubG

Add new comment

3 + 4 =