ကိုရိုနာဗိုင်းရပ်စ် ခံစားနေရသူများအတွက် ပုပ်ဖရန်စစ်ဆုတောင်းပေးခြင်း

ကိုရိုနာဗိုင်းရပ်စ် ခံစားနေရသူများအတွက် ပုပ်ဖရန်စစ်ဆုတောင်းပေးခြင်း

တရုတ်ပြည်မှ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ကျရောက်ကာ ခုခံနေကြရသည့် ဒုက္ခသည်များအတွက်ဆုတောင်းပေးကြဘို့  ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က Pope Paul VI ခန်းမဆောင် အတွင်း ဗုဒ္ဓဟူးနေ့ အထူးဧည့်သည်တော်များနှင့် တွေ့ဆုံရာမှာ မေတ္တာတောင်းခံရင်း ပျောက်ကင်းနိုင်မယ့်နည်းလမ်းတွေ အမြန်ဆုံး တွေ့ရှိကြပါစေလို့မေတ္တာပို့ခဲ့ပ့တယ်။ 

တရုတ်ပြည်မကြီးတွင် ရောဂါကပ်ဘေးဒဏ်ခံရသူ ၄၄၀၀၀ ကျော်ဖြစ်ပြီး နိုင်ငံ ၂၀ ကျော်မှာ ကူးစက်နေကြောင်း 

၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ဟု တရားဝင်အမည်တွင်ပြီး တရုတ်ပြည်တွင် လူပေါင်း ၁၁၀၀ သေဆုံးခဲ့ကြောင်း

တရုတ်ပြည်တွင် ဖေဖော်ဝါရီလကုန် အထိ စာသင်ကျောင်းများလည်း ပိတ်ထားပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း ပုပ်ဖရန်စစ်က အန်ဂျေလူးမေတ္တာရွတ်ဆိုရာမှာ ဒုက္ခဝေဒနာ ခံစားရသူများနဲ့ ၄င်းတို့မိသားစု ဝင်များအတွက် ဆုတောင်းပေးခဲ့ပြီးနောက်မှာ ဗာတီကန်မှ နှာခေါင်းအုပ် အခုရေ ၆၀၀၀၀၀ ကို ရောဂါပို၍ဖြစ်ပွားသည့် နေရာများဖြစ်သော တရုတ်ပြည် ဟူဘိန်၊ ဂျဲ့ဂျဲန် နှင့် ဖူ့ဂျဲန်ဒေသများသို့ အကူအညီ ပို့ဆောင်ပေးခဲ့ပါသည်။ တရုတ်ပြည် ပြင်ပတွင်တော့ ထိုင်း ၊ သြစတေးလျ၊ အမေရိက နဲ့ ပြင်သစ်နိုင်ငံတို့မှာ ရောဂါတွေ့ရှိထားကာ ကမ္ဘာတဝှမ်းမှ ကျန်းမာရေး တာ၀န်ခံများကလည်း ဒီရောဂါ ကပ်ဘေးမှ ကာကွယ်ရန်အတွက် ကြိုးစားဆောင်ရွက်နေကြပါသည်။ 

 

ဗာတီကန်သတင်း

By Sr Lucia Thandar Aung,SJA

 

https://www.vaticannews.va/en/pope/news/2020-02/pope-prayers-general-audience-china-coronavirus.html

 

https://www.vaticannews.va/en/pope/news/2020-01/pope-francis-angelus-prayer-victims-coronavirus-china.html

 

 

Add new comment

12 + 3 =