ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူများ၏ ပြာအိုးများထားရန် မက်ဒရစ် ဂိုဏ်းချုပ်သာသနာမှ ကျောက်တိုင်တည်ပေး

ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူများ၏ ပြာအိုးများထားရန် မက်ဒရစ် ဂိုဏ်းချုပ်သာသနာမှ ကျောက်တိုင်တည်ပေး

ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူများ၏ ပြာအိုးများထားရန် မက်ဒရစ် ဂိုဏ်းချုပ်သာသနာမှ ကျောက်တိုင်တည်ပေး

စပိန်နိုင်ငံ ၏ မြို့တော် မက်ဒရစ်သည် ကိုဗစ် ၁၉ ဒဏ်အဆိုးဝါးဆုံး ခံရသည့် မြို့တော်များထဲတွင် ပါဝင်တဲ့မြို့တမြို့ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကြောင့် ချစ်ခင်ရသူများသေဆုံးအပြီး ငွေကြေးကုန်ကျခံ၍ မြှုပ်နှံရန် မတတ်နိုင်သူများအတွက် ရည်ရွယ်ကာ ဂိုဏ်းချူပ်ဆရာတော်ကြီးမှ နေရာ တခုစီစဉ်ပေးလိုက်ပါတယ်။

ရဟန်းတော်များလိုပါပဲ ဂိုဏ်းချုပ်ဆရာတော်ဟာလည်း ဘာသာသူများရဲ့ လတ်တလော လိုအပ်ချက်ကို တုန့်ပြန်ရပါတယ်။ လိုအပ်ချက်ကိုဆရာတော်ကြီးက သိတာမို့ မိသားစု ဝင်များသေဆုံးပြီး မြှုပ်နှံဘို့ အခက်အခဲဖြစ်သူများရဲ့ ပြာအိုးများထဲ့ရန်  သေဆုံးသူ ၁၉၀၀ ခန့် အတွက် အောက်မေ့ဖွယ် ကျောက်တိုင်တစ်ခု ကို ဂိုဏ်းချုပ်ဆရာတော်ကြီးက ထူထောင်ပေးလိုက်တာပါလို့ San Justo သင်းချိုင်း၏ ဘုရားကျောင်းတာဝန်ခံ ဘုန်းတော်ကြီး က ဆိုပါတယ်။

အောက်မေ့ဖွယ် ကျောက်တိုင်ဟာ ဆဋ္ဌဂံ ပုံသဏ္ဍာန်ဆောက်လုပ်ထားပြီး ၇ ပေ ခွဲ ​မြင့်​ကာ စကျင်ကျောက် ဖြင့် ပြုလုပ်ထားပြီး ပေါင်းမိုးလေးလဲ တပ်ဆင်မှာဖြစ်ကြောင်း

ပေါင်းမိုးလေးဟာ ဘုရားစင် သို့မဟုတ် အခေါင်းပုံစံလေး နဲ့ပြုလုပ်မှာမို့ အရိပ်ပုံထင်နေမဲ့ ဗိမာန်ပုံစံလေး ကို ရှင်းရှင်းလေး မြင်တွေ့နိုင်ကြောင်း

အောက်မေ့ဖွယ် ကျောက်တိုင်ဗိမာန်လေး ကို Cardinal Carlos Osoro က ကောင်းကြီးပေးခဲ့ကြောင်းနှင့်အသုံးပြုရန် အသင့်ဖြစ်နေကြောင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နာကျင်မှုများ ပြဿနာများအလယ်မှာ ဘာသာသူများနှင့်ထပ်တူရှိကြောင်းနီးကပ်လျှက် ရှိကြောင်းကို မက်ဒရစ်ကက်သလစ် ဂိုဏ်းချုပ်သာသနာက စံနမူနာ ပြသနိုင်ခဲ့သည်ဆိုခြင်းကို Rome Reports သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of : Youtube/Rome Report video

https://bit.ly/2ZHe7jV
 

Add new comment

1 + 1 =