ကိုရိုနာဗိုင်းရပ်စ် ကြောင့်ကန့်သတ်ချက်များ မေလမှာ ဖြေလျော့ရန် ဗာတီကန်ပြင်ဆင်

ကိုရိုနာဗိုင်းရပ်စ် ကြောင့်ကန့်သတ်ချက်များ မေလမှာ ဖြေလျော့ရန် ဗာတီကန်ပြင်ဆင်

ကိုရိုနာဗိုင်းရပ်စ် ကြောင့်ကန့်သတ်ချက်များ မေလမှာ ဖြေလျော့ရန် ဗာတီကန်ပြင်ဆင်

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးပြဿနာကြောင့် အီတလီ တနိုင်လုံးမှာ ကန့်သတ်ပိတ်ဆို့မှုများရှိထားရာကနေ ဗာတီကန်ဟာ တ​ဖြေးဖြေးခြင်း ပြန်ဖွင့်ပေးဘို့ ဗုဒ္ဓဟူးနေ့က ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယဲ့ထရို ပယ်ရိုလင်းက ဗာတီကန်တွင်း ရုံးတော်အသီးသီးမှ တာ၀န်ခံများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ယင်းကဲ့သို့ တဖြေးဖြေးခြင်း ပြန်လည်ခွင့်ပြုချက်တွေ ၀င်ခွင့်တွေပေးသွားပြီး ပုံမှန်လည်ပတ်ခြင်းတွေ ကို မေလမှာ စတင်နိုင်ဘို့ အကြံပြုသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြတာပါ။

အီတလီတနိုင်ငံလုံး Lockdown ချထားခြင်းဟာဆိုရင် မေလ ၄ ရက်မှာ နောက်ဆုံးလို့ သတ်မှတ်ထုတ်ပြန်ထားပြီး တနိုင်ငံလုံးအဆင့် Quarantine ၀င်တာ ၅၅ ရက် ရှိမှာဖြစ်ပါတယ်။

မြို့တော်၀န် Guideppe Conte က ကိုဗစ်ကြောင့် ပိတ်ဆို့ထားတဲ့ စီးပွားရေးနဲ့ အခြားလည်ပတ်မှုတွေအားလုံးကို နည်းနည်းခြင်းပြန်ဖွင့် ပေး မည့်အကြောင်းကို ဧပြီ ၂၁ ရက်နေ့က ကြေငြာခဲ့ပြီးဖြစ်ပါတယ်။

တစ်လကျော်ကြာ Lockdown အပီးမှာတော့ အီတလီဟာ လူဉီးရေ ၁၀၀၀၀၀ ကျော် ဖျားနာနေပြီး၊ ကူးစက်လူနာ ၁၈၃၉၅၇ ရှိတယ်လို့ အီတလီ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ဗာတီကန်ဟာ ကိုဗစ် ပြန့်ပွားမှုမရှိအောင်ကာကွယ်ရေးမှာ အီတလီအာဏာပိုင်များနှင့် အမြဲပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းကို ဗာတီကန်သတင်းတိုက်ရဲ့ ဒါရိုက်တာ မာတေးယို ဘရူးနီက ထပ်ခါထပ်ခါပြော​ကြားခဲ့ကြောင်း

ယခုချိန်ထိတော့ စိန့်ပီတာဘာဆီးလီးကား၊ ဗာတီကန် ပြတိုက်ကြီး နဲ့ တခြားသော ရုံးများဟာ ဆက်လက် ပိတ်ထားလျှက်ရှိကြောင်းကို CNA News အရ သိရှိရပါတယ်။

By Sr Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo credit: Hannah Brockhaus/CNA

https://bit.ly/2VP47C8

Add new comment

2 + 14 =