ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် အီတလီရှိ ကက်သလစ်အသင်းတော်နှင့် နိုင်ငံတော် အတူတကွကြိုးပမ်းခြင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် အီတလီရှိ ကက်သလစ်အသင်းတော်နှင့် နိုင်ငံတော် အတူတကွကြိုးပမ်းခြင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် အီတလီရှိ ကက်သလစ်အသင်းတော်နှင့် နိုင်ငံတော် အတူတကွကြိုးပမ်းခြင်း

နိုင်ငံအာဏာပိုင်များနှင့်အတူ အီတလီကက်သလစ်အသင်းတော်ဟာ Covid 19 အားကာကွယ်ရန်အတွက် အတူညှိနှိုင်း ကာ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဗာတီကန် မှ ပြုလုပ်ဆောင်ရွက်လျှက်ရှိတဲ့တချို့သော အစီအစဉ်များဟာ အီတလီနိုင်ငံအာဏာပိုင်တို့၏ ပူးပေါင်းလုပ်ဆောင်မှုများဖြစ်ကြောင်း ကို ဗာတီကန်သတင်းတိုက်၏ ဒါရိုက်တာ မာတေးအိုဘရူးနီက တနင်္ဂနွေနေ့မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အထက်ပါအစီအစဉ်များထဲတွင် ဗာတီကန် ပြတိုက်ယာယီ ပိတ်ထားခြင်းလည်းပါ၀င်ကာ ဧပြီလ ၃ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း၊
အီတလီ တနိုင်ငံလုံးမှာ ဧပြီ ၃ရက်နေ့အထိ ဘာသာရေး နိုင်ငံရေးဆိုင်ရာ လူအစုအ ဝေးပြုလုပ်ခြင်းများ ရပ်ဆိုင်းထားမည့် အကြောင်းကို အီတလီ ကက်သလစ်ဆရာတော်ကြီးများက အစိုးရ၏ ထုတ်ပြန်ချက်နှင့်လျှော်ညီစွာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဘုရားဖူးများတိတ်တဆိတ်၀င်ရောက်ဆုတောင်းနိုင်ရန်အတွက် ရောမမြို့တွင်း ဘုရားကျောင်းများကိုတော့ ဖွင့်ထားပေးအုံးမှာ ဖြစ်ကြောင်းကို ဗာတီကန်သတင်းအရသိရှိ ရပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

http://bit.ly/3aGPdDx

 

Add new comment

8 + 5 =